Main menu

RCEP သို့ ကမ္ဘောဒီးယား၏ ပို့ကုန်များသည် ဇန်နဝါရီမှ သြဂုတ်လအတွင်း ဒေါ်လာ ၆.၆ ဘီလီယံကျော်ရှိ

Powered by Drupal

       ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအတွင်း ဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) နိုင်ငံများသို့ ကုန်စည် ကန်ဒေါ်လာ ၆,၆၂၈ သန်းဖိုး တင်ပို့ခဲ့ပြီး ယမန်နှစ် အလားတူကာလက ကန်ဒေါ်လာ သန်း ၆,၀၅၀ ထက် ၁၀ ရာခိုင်နှုန်းနီးပါး တိုးလာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန(MoC) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ RCEP နိုင်ငံများသို့ ကမ္ဘောဒီးယားနိုင်ငံ၏ ပို့ကုန်သည် စုစုပေါင်း ပို့ကုန်၏ ၃၁.၈ ရာခိုင်နှုန်းဖြစ်ပြီး ယင်းကာလအတွင်း ကုန်ပစ္စည်းတင်ပို့မှုမှ ကန်ဒေါ်လာ သန်း ၂၀,၈၃၀ ရရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ကမ္ဘောဒီးယားနိုင်ငံသို့ RCEP နိုင်ငံများမှ ဒေါ်လာ ၁၉,၇၂၈ သန်း တန်ဖိုးရှိ ကုန်ပစ္စည်းများ တင်သွင်းခဲ့ပြီး ယမန်နှစ် အလားတူကာလက ကန်ဒေါ်လာ ၁၆,၈၆၉ သန်းမှ ၁၆.၉၅ ရာခိုင်နှုန်း တိုးလာခဲ့သည်။ အဆိုပါ ကိန်းဂဏန်းများအရ ကမ္ဘောဒီးယားနိုင်ငံသည် အခြားသော RCEP နိုင်ငံများနှင့် ကုန်သွယ်မှုသည် ကန်ဒေါ်လာ ၂၆,၃၇၅ သန်းအထိ ရှိလာကာ တစ်နှစ်ထက်တစ်နှစ် ၁၅ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က နိုင်ငံ၏ ကုန်သွယ်မှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် RCEP သဘောတူညီချက်သည် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ချီးကျူးခဲ့သည်။ ကမ္ဘောဒီးယား၏ အဓိကပို့ကုန်များမှာ အထည်ချုပ်လုပ်ငန်း၊ စက်ယန္တရားများ၊ လျှပ်စစ်ပစ္စည်းများ၊ ဖိနပ်ထုတ်ကုန်များ၊ သားရေပစ္စည်းများ၊ စပါး၊ ပရိဘောဂ၊ ရော်ဘာ၊ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ပုလဲများ၊ အရုပ်များနှင့် အထည်အလိပ်များဖြစ်သည်။ ကမ္ဘောဒီးယား၏ အဓိကသွင်းကုန်များမှာ အထည်ချုပ်လုပ်ငန်းအတွက် ကုန်ကြမ်း၊ ဆေးဝါးနှင့် ဖြည့်စွက်စာများ၊ လူသုံးကုန်များနှင့် အစားအသောက်နှင့် အဖျော်ယမကာများ ပါဝင်ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။

DOCA (ရန်ကုန်)