
ပူစီနံသည် မြန်မာနိူင်ငံတွင် စိုက်ပျိုးရလွယ်ကူပြီး ဆေးဖက်ဝင်၍ ဝင်ငွေရသော အပင်ဖြစ်ကြောင်း၊ အရွက်ကိုစားသုံးခြင်းဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်စေပြီး ခန္ဓာကိုယ် အဆီကျ၍ ကိုယ်အလေးချိန်လျော့ချနိုင်ကြောင်း သိရှိရသည်။ အစာမကြေဖြစ်ပါက ပူစီနံ (၅) ရွက်စားပေး ခြင်း ရေနွေးစိမ်သောက်ခြင်းဖြင့် ခံတွင်းကိုရှင်းစေပြီး အစာကို လည်းကြေစေ၍ အိပ်ပျော်စေပြီး အာရုံကြောအားကောင်းကြောင်း၊ ပူစီနံရွက်၏ ပူရှိန်သည့်ဓာတ် ကြောင့် ချွဲကျစေပြီး ချောင်းဆိုး သက်သာပျောက်ကင်းကြောင်း၊ လည်ချောင်းရှင်းပြီး အသက်ရှုလမ်းကြောင်း ကောင်းမွန်သော ကြောင့် ပန်းနာရင်ကျပ်လည်း သက်သာကြောင်းသိရှိရသည်။ အရွက်ကိုပုံမှန်စားသုံးခြင်းဖြင့် ပူစီနံရွက်တွင်ပါဝင်သော ပူရှိန်တဲ့ ဓာတ်သည် သွေးထဲက အဆီခဲတွေကိုဖယ်ရှားပေးနိုင်ပြီး အဝလွန် ခြင်း ကို ကာကွယ်ပေးကြောင်း၊ အသားအရေစိုပြေစေပြီး နေပူဒဏ်ခံနိုင်ကြောင်း သိရှိရ သည်။ အသက်အရွယ် ကြီးမားလာသည့် အတွက် စိတ်ဖိစီးမှုများခြင်းကြောင့် သတိမေ့ခြင်း ရောဂါများဖြစ်လာလျှင် ပူစီနံကိုစားသုံးပါက ကိုသက်သာစေကြောင်း၊ ကင်ဆာဆဲလ် တွေ သေစေနိုင်မှုကို ပူစီနံဓာတ်က ကူညီတိုက်ဖျက်ပေး ကြောင်းနှင့် ကိုယ်အလေးချိန်များနေသူတွေ အဝလွန်နေသူတွေကိုလည်း သွေးထဲက အဆီကို ဖယ်ရှားပေးသောကြောင့် ကိုယ်အလေးချိန်မှန်ပြီး ပိန်စေ၍ ပူစီနံရွက်ကို စားသုံးသင့် စာပေများမှ ဖတ်ရှု့သိရှိရသည်။ မြင်းခြံမြို့ ရှိ တလုပ်ကျေးရွာနှင့် တောပုကျေးရွာများတွင် ပူစီနံပင်များကို စီးပွားဖြစ် တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြောင်း၊ စိုက်ခင်းများမှ ထွက်ရှိသောပူစီနံရွက်များကို တောင်သူများကိုယ်တိုင် အေးမြသီတာဈေးတွင် လာရောက်ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင် နောက်ဆုံးပတ်တွင် ပူစီနံတစ်စီးလျှင်(၂၀၀)ကျပ်၊ တစ်ပိဿာလျှင်( ၁၁၀၀၀) ကျပ်ပေါက် ဈေးများ ဖြင့်ရောင်းချကြောင်း၊ ဆေးဖက်ဝင်သောကြောင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း တောင်သူ၏ ပြောပြချက်အရ သိရှိရသည်။
DOCA (မန္တလေး)