Main menu

ချောင်းဆုံမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(သက္ကော)၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

          မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် တာဝန်ခံဦးပြည့်ဖြိုးဝေဦးစီး၍  ဝန်ထမ်းများသည် ပညာရေးဝန်ကြီးဌာန၊ ချောင်းဆုံမြို့နယ်၊ ပညာရေးမှူးတို့၏ချိတ်ဆက်ဆောင်ရွက်မှုဖြင့်  ၂၀၂၂ခုနှစ်၊ ဩဂုတ် ၁၂ရက်နေ့၊ နံနက်(၁၁:၀၀)နာရီ အချိန်တွင် ချောင်းဆုံမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(သက္ကော)၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပကြောင်း သိရပါသည်။

          အဆိုပါဟောပြောပွဲ၌ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဌေးက အဖွင့်အမှာစကားပြောကြားခြင်း၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ၊ ဦးစီးမှူး ဒေါ်မိုးမိုးက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် လုပ်ငန်း ဆောင်ရွက်ချက်တို့အား ပြောကြားခြင်း၊ ဒုတိယဦးစီးမှူး ဒေါ်ခင်ကြည်က စားသုံးသူကာကွယ်ရေးဥပဒေ၊ ကမ္ဘာ့စားသုံးသူအခွင့် အရေးများနေ့အကြောင်း၊ စားသုံးသူနှင့်စားသုံးသူအခွင့်အရေး(၈)ချက်၊ တာဝန်(၄) ချက်၊ စားသုံးသူ နစ်နာလျင် တိုင်ကြားနိုင်သည့်နေရာနှင့် တိုင်ကြားနိုင်သူများ၊ ကုန်စည်ပေါ်မှာ ကုန်အညွှန်း အမှတ်အသားပြည်စုံမှစားသုံးသူများစိတ်ချယုံကြည်စားသုံးကြ၊ ကုန်အညွှန်း အမှတ်သား ဖော်ပြချက်ကိုစားသုံးသူက သေချာဖတ်ရှု့ပြီးမှ ရွေးချယ်ဝယ်ယူ စားသောက်ကြရန် စသည့်တို့ကို ဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းသား/သူများနှင့် မေးမြန်းခြင်း ပြန်လည်ဖြေဆိုခြင်းဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ဟောပြောပွဲ တက်ရောက်သူ ဆရာမများ၊ ကျောင်းသား/သူ(၁၀၀)ဦးကို  စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

(ညြလု