Main menu

အေးခဲအသားမျိုးစုံ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

             ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့ နံနက် နံနက် (၀၉:၃၀) မှ (၁၀:၃၀) နာရီအချိန်ထိ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာစသည့် ပူးပေါင်းအဖွဲ့များဖြင့် ကျိုင်းတုံမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော အေးခဲအသားရောင်းဆိုင်များအား ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် မြို့မဈေးအတွင်း ရောင်းချနေသော အေးခဲအသားများကို သက်ဆိုင်ရာဌာန၏ သတ်မှတ်ချက်များနှင့်အညီ ရေခဲသေတ္တာ၊ ရေခဲပုံးများဖြင့် စနစ်တကျ ထားသိုရောင်းချကြရန်၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်ရှိသော အေးခဲအသားများကိုသာ ရောင်းချကြရန်နှင့် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းမရှိပါက စားသုံးသူကာကွယ်ရေးဥပဒ၊ ၂၀၁၉ ခုနှစ် အခန်း (၁၀) ပါပြဌာန်းချက်ဖြင့် အရေးယူခြင်းခံရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များကို သိရှိလိုက်နာဆောင်ရွက်ကြရန် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ရှမ်း)