Main menu

ရေသန့်စက်ဝယ်ယူခြင်းနှင့်ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းဆောင်ရွက်ပေးမှု အခြေအနေ

Powered by Drupal
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် ကုမ္ပဏီတစ်ခုထံမှ ၁၀-၆-၂၀၂၄ ရက်နေ့တွင် ငွေကျပ် (၄၅)သိန်းဖြင့် ရေသန့်စက်ဝယ်ယူခဲ့ရာ (၆)လတစ်ကြိမ် ဝန်ဆောင်မှု အပြည့်ပေးရန် ကတိပြုထားသော်လည်း လာရောက်ပြုလုပ်ပေးမှုမရှိခြင်း၊ ရေသန့်စက်တပ်ဆင်ပြီး ရေအရည်အသွေး ပြည့်မီမှုမရှိခြင်း၊ ရေသန့်အရည်အသွေးအား စံသတ်မှတ်ချက်နှင့်အညီ ရယူလိုခြင်း၊ ဖိုက်ဘာရေစစ်အိုး ပေါက်သည်ကို လာရောက်ပြင်ဆင်ပေးမှုမရှိခြင်းတို့ကြောင့် စားသုံးသူရေးရာဦးစီးဌာန၏ Consumer Call Center သို့ ဆက်သွယ်တိုင်ကြားလာပါသည်။ ဖြေရှင်းဆောင်ရွက်ပေးမှုအခြေအနေ။ ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံးမှ တိုင်ကြားခံရသည့် ကုမ္ပဏီသို့ ဆက်သွယ်ခဲ့ရာ ၎င်းတို့ကုမ္ပဏီရုံးမှာ မန္တလေးတွင်မရှိဘဲ ရန်ကုန်မြို့တွင် ရှိကြောင်း၊ တိုင်ကြားသူထံသို့ ဝန်ထမ်းများစေလွှတ်ပြီး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့မှုအရ တိုင်ကြားသူထံသို့ ဆက်သွယ်ခဲ့ရာ ကုမ္ပဏီမှ ရေသန့်စက်အား လာရောက်ပြင်ဆင်ပေးလျက်ရှိကြောင်းနှင့် မူလဝယ်ယူစဥ်က ရေသန့်စက်မှာ အိုးအသေးဖြစ်၍ အိုးအကြီးဖြင့် လဲလှယ်လိုကြောင်း၊ ကုမ္ပဏီသို့ တောင်းဆိုခဲ့ရာ ကုမ္ပဏီဘက်မှ အိုးအကြီးဖြင့် လဲလှယ်မည်ဆိုပါက နောက်ထပ် ငွေကျပ် ၁,၅၂၅,၀၀၀/- ပေးရမည်ဖြစ်ကြောင်း နှစ်ဦးနှစ်ဖက် ညှိနှိုင်းသဘောတူညီမှုရရှိခဲ့ကြောင်း တိုင်ကြားသူ၏ တင်ပြမှုအရ သိရှိရပါသဖြင့် ၅-၆-၂၀၂၅ ရက်နေ့တွင် တိုင်ကြားသူမှ ရေသန့်စက် အိုးအကြီးလဲလှယ်ခဲ့ရာတွင် အဆင်ပြေပြီး ရေအရည်အသွေးမှာ ကောင်းမွန်သည့်အတွက် ထပ်မံပေးချေရမည့် ငွေကျပ် ၁,၅၂၅,၀၀၀/- အား ကုမ္ပဏီသို့ ပေးချေခဲ့ပြီးဖြစ်ကြောင်း တိုင်ကြားသူမှ တင်ပြလာပါ၍ တိုင်ကြားမှုအား ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။