Main menu

ပုစွန်ဆိတ်ထုတ်လုပ်သည့် ရေလုပ်ငန်းများ စွမ်းဆောင်ရည် မြင့်တင်နိုင်ရန်အတွက် ပူးပေါင်းမှုများ ဆောင်ရွက်နေသည့် အင်ဒိုနီးရှား နှင့် ဗီယက်နမ်

Powered by Drupal
၂၀၂၅ ခုနှစ်တွင် အင်ဒိုနီးရှားနှင့် ဗီယက်နမ် တို့သည် ပထမဆုံးအကြိမ်အဖြစ် Indo-Viet Aquaculture Alliance ဟုခေါ်သော ရေမွှားဖမ်းလုပ်ငန်းပူးပေါင်းကွန်ယက် ကို တည်ထောင်ခဲ့ကြကြောင်း သိရှိရပါတယ်။ အဆိုပါ ပူးပေါင်းမှုကွန်ယက်သည် ရောဂါကင်းစင်စွာဖြင့် ပုစွန်ဆိတ်မွေးမြူနိုင်ရန် စနစ် တကျ ရေအရင်းအမြစ်၊ အစာ၊ အပတ်ပတ်လည်သန့်ရှင်းမှုများ စီမံခန့်ခွဲခြင်း၊ ဗီယက်နမ်၏ လုပ်ငန်း သက်တမ်းကြီးသော shrimp farming နည်းပညာများကို အင်ဒိုနီးရှားသို့ ပြောင်းလဲပေးခြင်း နှင့်သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုနည်းသော မွေးမြူနည်းများကို လေ့ကျင့်ပေးနိုင်ရန် ရည်ရွယ်၍ ကွန်ယက်အား တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။ ထိုအဖွဲ့သည် EU နှင့် Japan တို့မှ သတ်မှတ်ထားသော စ့ချိန်စံညွှန်းများအား ပြည့်မီအောင် ဆောင်ရွက်နိုင်သည့်အတွက် EU နှင့် Japan ဈေးကွက်များထံသို့ တင်ပို့နိုင်သည်အထိ ရေမွှားထုတ်ကုန်အသစ်များ ဖန်တီးနိုင်ခဲ့ကြောင်း နိုင်ငံတကာ သတင်းများအရ သိရှိရပါသည်။ DOCA(ဧရာဝတီ)