Main menu

အရောင်းသွက်သည့်တောင်ပို့မှို

Powered by Drupal

   မန္တလေးစျေးကွက်အတွင်းသို့ ၂၀၂၅ ခုနှစ် မေလနောက်ဆုံးပတ်အတွင်း  ပြင်ဦးလွင်ဒေသ ထွက်တောင်ပို့မှိုများ ဝင်ရောက်မှုများပြားပြီးအရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။ မန္တလေး စျေးကွက်အတွင်း မိုးရာသီချိန်တွင် ရရှိသည့် ပြင်ဦးလွင်ဒေသထွက်တောင်ပို့မှိုများမှာ အခြားမှိုများ ထက်ပိုမိုအရောင်းသွက်လျက်ရှိပြီး၊စျေးကွက်အတွင်း ငွေနှင်းမှုံမှို၊ကောက်ရိုးမှို၊အပ်မှို၊မှိုကြက်တောင်၊ ရှီတာကီမှို၊ ဝါးမှိုများလည်း တွေ့ရှိရကြောင်း သိရပါတယ်။ စျေးကွက်အတွင်း   သဘာဝအတိုင်းထွက် သည့်မှိုနှင့် စိုက်ပျိုးသည့်မှိုနှစ်မျိုးတို့ တွေ့ရှိရပါတယ်။   ၂၀၂၅  ခုနှစ်မေလနောက်ဆုံး  ပတ်အတွင်း မန္တလေးစျေးကွက်တွင်  မှိုအမျိုးအစားအလိုက်ဖြစ်ပေါ်ခဲ့သည့် တစ်ပိဿာပေါက်စျေးများမှာ  တောင် ပို့မှိုလက္ကားစျေး ၃၀၀၀ဝိ/-နှင့် ၃၅၀၀ဝိ/-၊လက်လီစျေး ၄၀၀၀ဝိ/-၊  ငွေနှင်းမှုံမှို လက္ကားစျေး ၇၀၀ဝိ/- စျေး၊လက်လီစျေး ၈၀၀ဝိ/-နှင့် ၈၅၀ဝိ/-၊ ကောက်ရိုးမှိုတစ်ပိဿာလျှင် လက္ကားစျေး ၇၀၀ဝိ/-လက်လီ စျေး ၈၀၀ဝိ/- နှင့် ၉၀၀ဝ/- ၊ အပ်မှိုထုတ်(အထုတ်သေး ၁၀ ခုပါ)လက္ကားစျေး ၃၀၀၀ဝိ/- နှင့်လက်လီ စျေးအထုတ်(သေး)တစ်ထုတ်လျှင်  ၃၅၀ဝိ/- စျေး တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါတယ်။  

DOCA(မန္တလေး)