Main menu

ငါးလုပ်ငန်းကဏ္ဍ မြှင့်တင်ရန် MAFF ကတိပြု

Powered by Drupal

ငါးဖမ်းလုပ်ငန်းကိုမြှင့်တင်ရန် အစိုးရအနေဖြင့် ကတိပြုထားပြီး ငါးမွေးမြူသူများကို အဆင့်အမျိုးမျိုးဖြင့် ပံ့ပိုးပေးနေကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်း ဝန်ကြီးဌာန (MAFF) အတွင်းရေးမှူး  Khun Savoeun က Siem Reap ရှိ ငါးမွေးမြူရေးခြံများသို့ သွားရောက်ကြည့်ရှုစဉ် ပြောကြားခဲ့သည်။ အဆိုပါ ခရီးစဉ်သည် ငါးမွေးမြူရေးသမားများနှင့် တိုက်ရိုက်တွေ့ဆုံရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ ကမ္ဘောဒီးယားကျေးလက်ဒေသရှိ ကလေး သူငယ်များနှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငါးလုပ်ငန်း၏အရေးကြီးမှု ကိုလည်း တာဝန်ရှိသူက အလေးပေးပြောကြားခဲ့သည်။ ငါးမွေးမြူသူများအား ပံ့ပိုးကူညီမှုအမျိုးမျိုးကို ပံ့ပိုးပေးရန် ကမ္ဘောဒီးယားနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများအား ညွှန်ကြားခဲ့သည်။ ငါးမွေးမြူသူများအား အကောင်းဆုံးရေအရည်အသွေး ထိန်းသိမ်းရန်၊ အစာကျွေးသည့် အချိန် ဇယား၊ အစာအရည်အသွေးကို စောင့်ကြည့်ရန်နှင့် သင့်လျော်သော အစာကျွေးသည့် လုပ်ဆောင် နိုင်စွမ်းကိုသေချာစေရန် တာဝန်ရှိသူများက တိုက်တွန်းထားသည်။ နိုင်ငံတော်၏ ရေထွက်ကုန် တင်ပို့မှုမှာ ၂၀၂၃ ခုနှစ်တွင် ၂,၉၀၂ တန်ရှိရာမှ ၂၀၂၃ ခုနှစ်တွင် လတ်ဆတ်သော ငါးထွက်ကုန် ၃,၄၂၄ တန်အထိ တိုးမြင့်လာခဲ့ပြီး၊ ပြုပြင်ပြီး ရေထွက်ကုန်တင်ပို့မှုမှာလည်း ၂၀၂၃ ခုနှစ်တွင် ၁၈၆ တန်အထိတိုးလာကာ ၂၀၂၂ ခုနှစ်တွင် ၄၁ တန်နှင့် နှိုင်းယှဉ်ပါက တိုးတက်လာကြောင်း MAFF ၏ထုတ်ပြန်ထားသော အချက်အလက်များအရသိရသည်။ ကမ္ဘောဒီးယားငါးတင်ပို့မှု အတွက် အဓိကစျေးကွက်များမှာ ထိုင်း၊ ဗီယက်နမ်နှင့် အခြားအာဆီယံနိုင်ငံများအပြင် တရုတ် နိုင်ငံတို့ ဖြစ်သည်။

Source: Khmer Times

DOCA(ရန်ကုန်)