
၂၀၂၅ခုနှစ် ပထမ ၃ လပတ်ကာလတွင် တရုတ်နိုင်ငံပြည်မကြီးရှိ Tesla ကုမ္ပဏီ၏ မော်တော်ကားရောင်းချမှုသည် ကားအစီးရေပေါင်း၁၃၇၂၀၀စီးရှိကြောင်း နှင့် ၎င်းရောင်း အားသည် ၂၀၂၄ခုနှစ် ပထမ သုံးလပတ်ကာလတွင် ကားအစီးရေပေါင်း ၁၃၂၈၀၀စီး ရောင်းရသောရောင်းအားထက် ပိုမိုမြင့်တက်ကြောင်းသိရပါသည်။
ယခုနှစ်ပထမ သုံးလပတ်ကာလတွင် Tesla Shanghai Gigafactory မှ မော်ဒယ် 3 ကားအစီးရေ ၁၇၂၀၀၀ စီးရောင်းချခဲ့ပြီး မော်ဒယ် Y ကားများကို အဆင့်မြင့်တင်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ခုနှစ် မတ်လ ဒေတာဖော်ပြချက်များ အရ Shanghai Gigafactory သည် ကာအစီးရေပေါင်း ၇၈၈၀၀ စီးထက်ကျော်လွန်၍ ပို့ဆောင်ခဲ့ပြီး ဖေဖော်ဝါရီလတွင် ကားအစီးရေပေါင်း ၃၀၆၈၈ စီးထုတ်လုပ် ပို့ဆောင်မှုမှ တစ်ဆင့် လစဥ်ရောင်းအား ၁၅၆ ရာခိုင်နှုန်း တိုးမြင့်ခဲ့ကြောင်း သိရပါသည်။
၂၀၂၅ ခုနှစ် ပထမ ၃လ ပတ်ကာလ အတွက် Tesla ကုမ္ပဏီ၏ ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှု နှင့် တင်ပို့မှု အစီရင်ခံစာအရ ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်သိုလှောင်မှု အသုံးပြုမှုသည် တစ်နှစ်ထက် တစ်နှစ် ၁၀.၄ ဂစ်ဂါဝပ်-နာရီ အထိရောက်ရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၁၅၇ ရာခိုင်နှုန်း တိုးမြင့်ခဲ့ကြောင်း သိရပါသည်။
Xinhua
DOCA(ရန်ကုန်)