Main menu

စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများ

Powered by Drupal

ဂျုံထွက်ရှိနိုင်မှုအား အစိုးရက လျှော့ချခန့်မှန်း

          အိန္ဒိယနိုင်ငံ၌ ၂၀၂၁-၂၀၂၂ သီးနှံစိုက်ပျိုးနှစ် (ဇူလိုင်-ဇွန်လ)အတွင်း ဂျုံ စိုက်ပျိုးထုတ်လုပ်နိုင် မည့်ပမာဏအား မူလကတန်ချိန် ၁၁၁.၃၂ ရှိမည်ဟုခန့်မှန်းထားရာမှ ယခုနှစ်နွေရာသီကာလ၌ အပူလှိုင်း ကျရောက်မှုကြောင့် အဆိုပါပမာဏမှ ၅.၇% လျှော့ချလျှက် တန်ချိန် (၁၀၅)သန်းခန့်သာ ထွက်ရှိနိုင်ဖွယ်ရှိသည်ဟု အိန္ဒိယ စားသုံးသူ‌ရေးရာ၊စားနပ်ရိက္ခာနှင့် ပြည်သူ့ဖြန့်ဖြူးမှုရေးရာဝန်ကြီး ဌာနအတွင်းဝန်ကသတင်းစားရှင်းလင်းပွဲ၌ပြောကြားခဲ့ကြောင်း၊ပြည်နယ်အချို့၌ အစိုးရ၏အနိမ့်ဆုံး ထားရှိဝယ်ယူပေးမည့် အခြေခံရည်ညွှန်းဈေးနှုန်း(MSP)ထက် ဈေးကွက်ပေါက်ဈေး မြင့်မားလျှက်ရှိခြင်း၊ ပြည်နယ်အချို့၌ ဂျုံအထွက်ပမာဏလျော့ကျဖွယ်ရှိခြင်း၊တောင်သူများကလည်း ၎င်းတို့၏ထုတ်ကုန် များအား လက်ဝယ်သိုလှောင်ထားရှိသကဲ့သို့ ကုန်သည်များကလည်း ဈေးနှုန်းများ ဆက်လက်မြင့် တက်လာနိုင်ချေရှိသည်ကို မျှော်မှန်းလျှက်ရှိခြင်း စသည့်အခြေအနေများအရ ၂၀၂၂-၂၀၂၃ ခုနှစ် ဈေး ကွက်ရာသီကာလ(ဧပြီလမှ မတ်လအထိ) အတွင်း အရန်ရိက္ခာဂျုံဝယ်ယူမှုမှာ ယခင်နှစ်အောက် လျော့ကျလျှက် တန်ချိန်(၁၉.၅)သန်းခန့်သာ  ဝယ်ယူရရှိနိုင်မည်ဟု အစိုးရက ခန့်မှန်းထားကြောင်း၊ ဂျုံသီးနှံသည် ယခင်နှစ် စိုက်ပျိုးထွက်ရှိမှုအောက် လျော့နည်းသော်လည်း အစိုးရအနေဖြင့် ပြည်ပ တင်ပို့မှုကို ထိန်းချုပ်မှုပြုမည်မဟုတ်ဘဲ အစိုးရ၏ အခမဲ့စားနပ်ရိက္ခာပေးဝေရေးရာရှင်စနစ် အောက်တွင် ဂျုံအစား ဆန်တန်ချိန် ၂၂ သိန်းကို ပြည်နယ်များသို့ ဖြန့်းဖြူးပေးရန် ခွဲဝေလျာထားပြီးဖြစ်ကြောင်း၊ ယခုနှစ်၊ ဖေဖော်ဝါရီလအတွင်း  အိန္ဒိယအစိုးရက ထုတ်ပြန်ခဲ့သော သီးနှံထွက်ရှိနိုင်မှု ခန့်မှန်းချက်များ အပေါ်အခြေပြု၍ လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်လည်း ဂျုံတန်ချိန် ၁၂ သန်းထိ ပြည်ပတင်ပို့ နိုင်မည်ဟု ကုန်သည်များကမျှော်မှန်းခဲ့ကြကြောင်း၊ အပူလှိုင်းကျရောက်မှုကြောင့် ဂျုံသီးနှံစေ့များ ကျုံ့ဝင်ပျက်စီးမှုသည် ၂၀ % ရှိပြီး ထုတ်လုပ်မှုပမာဏသည် ၆၀ % လျော့ကျနိုင်မည်ဟုဖော်ပြထား ကြောင်း၊ နယူးဒေလီ မြို့အခြေစိုက် ကုန်သည်လုပ်ငန်းရှင်တစ်ဦးဖြစ်သူက  လက်ရှိအခြေအနေတွင်  အပြောင်းအလဲများစွာရှိသဖြင့် ဂျုံသီးနှံစိုက်ပျိုးထွက်ရှိနိုင်မှုမှာ မှန်းဆ၍ မရနိုင်သေးဘဲ  ကုန်သည်အချို့ကမူ ယခုထက်ပိုမို၍ ထိခိုက်ဖွယ်ရှိသည်ဟု ရှုမြင်လျက်ရှိကြောင်း သိရှိရပါသည်။

(ရင်းမြစ်- နယူးဒေလီမြို့ စီးပွားရေးသံမှူး‌ ပေးပို့သည့်သတင်း)

မလေးရှားစားအုန်းဆီလက်ကျန်မြင့်တက်     

          မလေးရှားနိုင်ငံ၏ ဧပြီလကုန် စားအုန်းဆီလက်ကျန်ပမာဏသည် ဇန်နဝါရီလနောက်ပိုင်း အများဆုံးအဖြစ် မြင့်တက်နိုင်သည်ဟု  မေလ (၆)ရက် သောကြာနေ့ထုတ် Reuters သတင်းမီဒီယာ

စစ်တမ်းတွင် ခန့်မှန်းထားကြောင်း၊ ၎င်းမီဒီယာသည်  စိုက်ခင်းလုပ်ငန်းရှင်များ၊ ကုန်သည်များနှင့် လေ့လာဆန်းစစ်သူများကို မေးမြန်းထားသည့်စစ်တမ်းဖြစ်ကြောင်း၊ Malaysian Palm Oil Board (MPOB)က နောက်ဆုံးရကိန်းဂဏန်းအချက်အလက်များကို မေလ(၁၀)ရက်တွင်  ထုတ်ပြန်ပေးမည် ဖြစ်ပြီး ဧပြီလကုန် စားအုန်းဆီလက်ကျန်တန်ချိန်(၁.၅၅)သန်းရှိမည်ဟု စစ်တမ်းကခန့်မှန်းထားရာ  မတ်လလက်ကျန်ထက် ၅.၂ % ပိုများကြောင်း၊ မလေးရှားနိုင်ငံက အင်ဒိုနီးရှား၊ ပါပူးဝါနယူးဂီနီ၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ဘီနင် အစရှိသည့်နိုင်ငံများထံမှ စားအုန်းဆီတင်သွင်းကြောင်း၊ စားအုန်းဆီတင်သွင်းသည့် ပမာဏကို အများဆုံးမှအနည်းဆုံးသို့တန်းစီပါက မလေးရှားနိုင်ငံက နံပတ်(၉)ဝန်းကျင်ရှိပြီး တင်ပို့မှုတွင် ဒုတိယအများဆုံးဖြစ်ရာ အကယ်၍ အင်ဒိုနီးရှားနိုင်ငံက စားအုန်းဆီတင်ပို့မှုများ လုံးဝပိတ်ပင် ထားသည့်မူဝါဒ ဆက်လက်ကျင့်သုံးနေပါက  မလေးရှားက အင်ဒိုနီးရှား၏ အများဆုံးတင်ပို့သည့်နိုင်ငံ ပထမနေရာအားရရှိမည်ဖြစ်ကြောင်း၊ စားအုန်းဆီဈေးနှုန်းမြင့်တက်သဖြင့် အိန္ဒိယနှင့်ဥရောပတို့ ဝယ်လိုအား အားပျော့နေသကဲ့သို့  တရုတ်နိုင်ငံတွင် ကိုဗစ်၁၉ Lockdown ချထားမှုများကြောင့် ဝယ်လိုအား ယုတ်လျော့နေပြီး အဝယ်မလိုက်မှုကြောင့် မလေးရှား စားအုန်းဆီတင်ပို့မှုများ လျော့ကျနေကြောင်း သိရှိရပါသည်။

(ရင်းမြစ်- Myanmar Food Guide Page မှ ရရှိသည့်သတင်း)