Main menu

စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများ

Powered by Drupal

ထောက်ပံ့ငွေခံစားခွင့်ရမည့်လစာကန့်သတ်ထားမှုအားပယ်ဖျက်ခဲ့

            ဟောင်ကောင်ဒေသ၌ ဒေသအစိုးရမှ အလုပ်အကိုင်အတွက် ပံ့ပိုးကူညီသည့် အစီအစဉ်ကြောင့် အလုပ်သမားများအတွက် အကျိုးအမြတ်ရရှိစေနိုင်ပြီး အလုပ်အကိုင်(၁.၇)သန်းမြင့်တက်စေနိုင်ကြောင်း၊ လုပ်ခလစာထောက်ပံ့ငွေပေးသည့်အစီအစဉ်အားပိုမိုအားကောင်းအောင်ပြင်ဆင်ပြီးနောက် ထောက်ပံ့ငွေ ခံစားခွင့်ရမည့် လစာကန့်သတ်ထားမှုအား ပယ်ဖျက်ခဲ့သည်ဟု ဧပြီလဆန်းထုတ် The Standard သတင်းစာ၌ဖော်ပြခဲ့ရာသတင်း၌ဟောင်ကောင်ဒေသအုပ်ချုပ်ရေးမှူးချုပ်က ဟောင်ကောင်ဒေသတွင်းရှိ စီးပွားရေးလုပ်ငန်းကဏ္ဍများစွာနှင့် ဆွေးနွေးတိုင်ပင်ပြီးနောက် ဒေသအာဏာပိုင်များအနေဖြင့် လိုအပ် သည့်ပြောင်းလဲသတ်မှတ်မှု(၆)ခုပြုလုပ်ပြီး ပံ့ပို့ပေးသွားမည်ဖြစ်သည်ဟု အဆိုပါသီတင်းပတ်သတင်းစာ ရှင်းလင်းပွဲတွင်ပြောကြားခဲ့ကြောင်း၊ အဆိုပါအစီအစဉ်အား ၂၀၂၀ ပြည့်နှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး အလုပ်သမားတစ်ဉီးအတွက် တစ်လလျှင်ဟောင်ကောင် ဒေါ်လာ(၈၀၀၀)ကို မေလမှဇူလိုင်လအထိ (၃)လစာရရှိမည်ဖြစ်သည်ဟု ရေးသားဖော်ပြထားကြောင်း၊ ဒေသအစိုးရ၏ ယခင်သတ်မှတ်သည့် အစီ အစဉ်မှာ လစာဝင်ငွေနည်းပါးသည့်အလုပ်သမားများအား ပိုမိုပံ့ပိုးကူညီနိုင်ရန် ဟောင်ကောင်ဒေါ်လာ (၃၀၀၀၀)အထက်လစဉ်ရရှိသည့် လစာဝင်ငွေမြင့်မားသူများအားထောက်ပံ့ငွေခံစားခွင့်မပြုဘဲ ကန့်သတ် ထားခဲ့သော်လည်း ယခုအခါလစာဝင်ငွေကန့်သတ် ခဲ့မှုအားပယ်ဖျက်ခဲ့ကြောင်း၊‌ ဟောင်ကောင်ဒေသ အုပ်ချုပ်ရေးမှူးချုပ်ကပြောကြားရာတွင် အလုပ်ရှင်များအနေဖြင့်၂၀၂၁ ခုနှစ်၊ စတုတ္ထသုံးလပတ်မှစာရင်း များဖြင့် ထောက်ပံ့ငွေတောင်းခံနိုင်ပြီး အသေးစားနှင့်အလတ်စားလုပ်ငန်းများအတွက် အဓိကပံ့ပိုးပေး ခြင်းဖြစ်ရာ အလုပ်သမား(၁၀၀၀)ဉီးရှိသောလုပ်ငန်းများလျှောက်ထားနိုင်မည်ဖြစ်ကြောင်း၊ နောက်ဆုံးအခြေ အနေပြောင်းလဲသတ်မှတ်ခဲ့မှုအရ အလုပ်ရှင်များအနေဖြင့် ထောက်ပံ့ငွေအား လစာ၏ထက်ဝက်နှုန်းဖြင့် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း၊ နောက်ဆုံးပြင်ဆင်ထားသည့်ထောက်ပံ့ငွေအစီအစဉ်ဖြင့် အကျိုးအမြတ် ရရှိမည့် အလုပ်သမားအရေအတွက်မှာ ယခင်က (၁.၃)သန်း ခန့်မှန်းထားရာမှ ယခု (၁.၇၄)သန်းသို့ မြင့် တက်သွားနိုင်သည်ဟုခန့်မှန်းထားပြီး ဒေသအစိုးရကုန်ကျစရိတ်အနေဖြင့် ယခင်က ၃၁ ဘီလီယံ ခန့်မှန်း ထားရာမှ ၃၉ အထိ ကုန်ကျနိုင်သည်ဟုခန့်မှန်းထားကြောင်းသိရှိရပါသည်။

Consumption Vouchers များအား Octopus Application အသုံးပြုသူ(၁)သန်းမှ ရယူခဲ့

          ဟောင်ကောင်ဒေသ၌ ၂၀၂၂ ခုနှစ်အတွက် ပထမအဆင့် electronic consumption vouchers များအား ၂၀၂၂ ခုနှစ်၊ ဧပြီလ(၇)ရက်နေ့တွင် ဖြန့်ဝေပေးခဲ့ရာ ဟောင်ကောင်ဒေသခံ(၁)သန်းသည် Octopus  Application အသုံးပြု၍ ရယူခဲ့ကြောင်း ဟောင်ကောင်ဘဏ္ဍာရေးအတွင်းဝန်က ပြောကြား ခဲ့သည်ဟု The Standard သတင်းစာ၌ဖော်ပြခဲ့ရာ သတင်း၌ဟောင်ကောင်ဒေါ်လာ(၅၀၀၀)၊ တန်ဖိုး ရှိ electronic consumption vouchers  အား ဟောင်ကောင်ဒေသခံ(၆.၃)သန်းအတွက် ပထမအဆင့် အနေဖြင့် ဖြန့်ဝေပေးခဲ့ကြောင်း၊ Octopus card အသုံးပြုသူများအနေဖြင့် Octopus card  အသုံးပြုသူများအနေဖြင့် Octopus card  အများဆုံးအသုံးပြုနိုင်သည့် တန်ဖိုးကန့်သတ်ချက်ကြောင့် ပထမအကြိမ်တွင် ဟောင်ကောင် ဒေါ်လာ(၄၀၀၀)နှင့် ဒုတိယအကြိမ်တွင် ဟောင်ကောင်ဒေါ်လာ (၁၀၀၀) ဖြင့် အရစ်ကျ(၂)ကြိမ်ခွဲ၍ ရရှိ မည်ဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသခံများမှာ ယခင်နှစ်က အတွေ့အကြုံကြောင့် ယခုအခါ Octopus အသုံးပြုမှုပိုမိုကျွမ်းကျင်လာပြီဖြစ်ကြောင်း၊ အဆိုပါ consumption  vouchers ကြောင့် လက်လီရောင်းချမှု များ မြင့်တက်လာနိုင်ကြောင်း၊ ငယ်ရွယ်သူများက  လျှပ်စစ်ထုတ်ကုန်ပစ္စည်းများ၊ အသက်အရွယ် ကြီးသူ များက တရုတ်စားသောက်ဆိုင်များမှ Dim Sum များ၊ အိမ်ရှင်မများမှ စားသောက်ကုန်ပစ္စည်းများ ပိုမိုမှာယူဝယ်ယူလာကြကြောင်း၊ အချို့ဝယ်ယူသူများမှာလည်း ဈေးလျှော့ပေးသော ဈေးဝယ်စင်တာများကို နှိုင်းယှဉ်ရွေးချယ်ပြီး ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ဖြစ်ပွားပြီးချိန်တွင် သွားရောက်ဝယ်ယူရန် စီစဉ်လျှက်ရှိကြောင်း ဖော်ပြထားသည်ကို သိရှိရပါသည်။

(ရင်းမြစ်-ဟောင်ကောင်မြို့ စီးပွားရေးသံမှူး‌ ပေးပို့သည့်သတင်း)

ဩစတြေလျ ထောပတ်သီးများ ဂျပန်ဈေးကွက်သို့ ဝင်ရောက်နိုင်ရန်အစိုးရကကူညီပေးနေ

          ယခင်နှစ်က ထောပတ်သီးဈေးနှုန်းသည်(၁)ဒေါ်လာအောက် ကျဆင်းသွားခဲ့၍ ယခုနှစ် ထောပတ် သီး ဆွတ်ခူးရမည့်အချိန်တွင် ဈေးကွက်အသစ်များကိုရှာဖွေရန် ကြိုးပမ်းလျှက်ရှိကြောင်း၊ ဩစ တြေးလျ ထောပတ်သီး စိုက်ပျိုးသူများအသင်းသည် ပြည်နယ်အားလုံးရှိ ထောပတ်သီးစိုက်ပျိုး သူများအား  ဂျပန်‌ဈေးကွက်သို့ဝင်ရောက်နိုင်စေရန် တွန်းအားပေးဆောင်ရွက်လျှက်ရှိကြောင်း၊ပြီးခဲ့ သည့်ရာသီတွင် ထောပတ်သီးစိုက်ပျိုးသူများသည် ၄၀၀ ကီလိုဂရမ်ရှိသော ပုံးတစ်ပုံးအတွက်  ဒေါ်လာ ၃၀၀၀ ခန့်ရရှိခဲ့ပြီး မကြာသေးမီရာသီက အဆိုပါတူညီသောပမာဏအတွက် ဒေါ်လာ ၆၀၀ ခန့်သာ ရရှိ ခဲ့ကြောင်း၊ Avocado Australia ၏ အမှုဆောင်အရာရှိချုပ်က လွန်ခဲ့သည့် (၅)နှစ်အတွင်း စိုက်ပျိုးမှုအသစ်များစွာဖြင့် လုံခြုံစိတ်ချ ရသည့် ဈေးကွက်သစ်များရရှိရေးသည်အရေးကြီးသောအချိန် ဖြစ်ခဲ့ပြီး ၂၀၂၁ ခုနှစ်အတွင်း တစ်နိုင်ငံလုံး ထောပတ်သီးထုတ်လုပ်မှု တန်ချိန်(၉၀၀၀၀)ရှိခဲ့သဖြင့် ၂၀၂၆ ခုနှစ်တွင် နိုင်ငံတစ်ဝှမ်း ထောပတ်သီး ထုတ်လုပ်မှုမှာ တန်ချိန် ၁၇၀၀၀၀ အထိရောက်ရှိနိုင်ရန် မျှော်မှန်းထားကြောင်း၊ ဂျပန်နိုင်ငံတွင် ထောပတ်သီး စားသုံးမှုမြင့်တက်လာခဲ့သော်လည်း မက္ကဆီကိုနိုင်ငံကဲ့သို့ အခြားနိုင်ငံများမှ တင်သွင်းမှုအပေါ် မှီခိုရလျှက် ရှိရာ ဩစတြေးလျ စိုက်ပျိုးသူများသည် ဂျပန်ဝယ်လက်များအတွက် ပရီမီယံထုတ်ကုန်တစ်ခုကိုတင်ပြရန် အခွင့်အရေးရှိနေခြင်းဖြစ်ကြောင်း၊ သို့သော် ဂျပန်ဈေးကွက်မှာ အရှိန်အဟုန်ဖြင့် ကြီးထွားလာခြင်းမရှိသည့် အတွက် ဈေးကွက်ဝေစုရရှိထားရေးက အဓိကဖြစ်ပြီး ယခင်နှစ်က ဂျပန်နိုင်ငံသို့ ဩစတြေးလျ ထောပတ်သီး တင်ပို့မှုမှာ တန်ချိန် (၈၀၀၀)သို့ စံချိန်တင် ရောက်ရှိခဲ့ကြောင်း၊ ဩစတြေးလျအစိုးရသည် ဂျပန်နိုင်ငံနှင့် ဇီဝလုံခြုံရေးဆိုင်ရာ ပြန်လည်ပြင်ဆင်မှုများကိုဆွေးနွေးလျှက်ရှိပြီး လက်ရှိတွင် ဂျပန်နိုင်ငံဈေးကွက်သို့ ကွင်းစလန်း သစ်သီးပိုး(Fruit Fly) ကင်းစင်သည့် အနောက်ဩတြေးလျ၊ တက်စမေးနီးယား၊ Riverland တို့ က ဝင်ခွင့်ရရှိလျှက်ရှိရာ ဩစတြေးလျ စိုက်ပျိုးသူများသည် ထောပတ်သီးများကို နှစ်ဝက်ခန့်သာ ထိ ရောက်စွာ ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း၊ စိုက်ပျိုးရေးဝန်ကြီးက စိုက်ပျိုးရေးသီးနှံအများအပြားအတွက်  ကန့်သတ်ချက်များကို ပြန်လည်သုံးသပ်ရန် ဂျပန်အစိုးရနှင့်ဆွေးနွေးမှုများ စတင်ခဲ့သည်ဟုပြောကြားခဲ့ကြောင်း သိရှိရပါသည်။

(ရင်းမြစ်-ကင်ဘာရာမြို့ စီးပွားရေးသံမှူး‌ ပေးပို့သည့်သတင်း)