Main menu

မိတ္ထီလာခရိုင်၏ ဝါဈေးကွက်

Powered by Drupal

    မိတ္ထီလာဈေးကွက်တွင် ဝါနှင့်ဝါဂွမ်းဈေးများငြိမ်နေပါသည်။ လက်ကျန်နည်းလာသော ဝါ၊ ဂွမ်းများကို မိတ္ထီလာခရိုင်အတွင်း ယခင်နှစ်တွင် ထုတ်လုပ်နိုင်စွမ်းများခဲ့သော်လည်း ယခုနှစ် ရာသီဥတုအခြေအနေအရ အထွက်နှုန်းလျော့ကျလာခဲ့ပါသည်။ဝါဈေးနှုန်းကို ယခင်အပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ တောင်သူရောင်းဈေး (၃၀၀၀) ကျပ်ရှိကြောင်းသိရသည်။ ဂွမ်းဈေးမှာ မိတ္ထီလာမြို့ပေါ်ရှိ ဝါစက်တချို့မှ ကြိတ်ခွဲရရှိသောဂွမ်းကို အဓိကအားဖြင့် နိုင်ငံပိုင်စက်ရုံများသို့တင်သွင်းပြီး ၎င်းမှကျန်ရှိသော ဂွမ်းကို မန္တလေးမြို့ရှိ ချည်မျှင် စက်များသို့ ရောင်းချကြပါသည်၊၊ ချည်မျှင်ဈေးနှုန်းအနေဖြင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဈေးငြိမ်နေရာ တစ်ပိဿာလျှင် (၈၀၀၀) ကျပ်ခန့်ရှိကြောင်းသိရသည်။ ဝါဈေးနှုန်းအနေဖြင့် အနိမ့်အမြင့်နှင့် အတက်/အကျပေါ်မူတည်ခြင်းမရှိဘဲ ဒေသတွင်းတောင်သူများမှာ မိရိုးဖလာအရလည်းကောင်း၊ ရာသီဥတုအခြေအနေအရလည်းကောင်း စိုက်ပျိုးသွားမည်ဖြစ်ပါသည်။ ထို့အတူ ပွဲစား၊ ကုန်သည်များမှာလည်း ဒေသထွက်ကုန်ပေါ်မူတည်၍ ရောင်းဝယ်ကြပါသည်။ တောင်သူများနှင့် ဈေးကွက်၊ ဈေးနှုန်းအပေါ်မူတည်ခြင်းမရှိဘဲ ဒေသရာသီဥတုနှင့်ကိုက်ညီခြင်းကြောင့် နှစ်စဉ်စိုက်ပျိုးသွားမည်ဟု တောင်သူများထံမှသိရှိရပါသည်။

DOCA(မန္တလေး)