Main menu

မကွေးမြို့ပေါ်ရှိ အိမ်သုံးဆေးဝါးများ၏ စျေးနှုန်းအခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ပေါ်ရှိဆေးဆိုင်များတွင် ဆောင်းရာသီကာလဖြစ်၍ နှာစေးချောင်းဆိုးများ၊ ဖျားနာမှုများဖြစ်ပွားလျက်ရှိရာ ဖျားနာမှုများအတွက် အိမ်သုံးဆေးဝါးများကို အဓိကဝယ်ယူလျက်ရှိကြောင်း ဆေးနှင့်ဆေးပစ္စည်းရောင်းချသူများထံမှသိရှိရပါသည်။

  ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)အတွင်း မကွေးမြို့ပေါ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိ သောအိမ်သုံးဆေးဝါးများမှာ Paracetamol(၁၀)လုံးပါတစ်ကတ်လျှင် ကျပ်(၃၅၀)၊ Decolgen(၁၀) လုံးပါတစ်ကတ်လျှင် ကျပ်(၁၅၀၀)၊ Civit အလုံး(၁၀၀)ပါ တစ်ဘူးလျှင် ကျပ်(၂၀၀၀)၊ Biogesic (၁၀)လုံးပါ တစ်ကတ်လျှင် ကျပ်(၁၀၀၀)၊ Amoxicillin အလုံး(၁၀၀)ပါတစ်ဘူးလျှင် ကျပ်(၆၀၀၀)၊ Enervon-C (၄)လုံးပါတစ်ကတ်လျှင် ကျပ်(၁၅၀၀)၊ Burmeton အလုံး(၁၀၀)ပါတစ်ဘူးလျှင် ကျပ် (၁၆၀၀)၊ Cetrine (၁၀)လုံးပါတစ်ကတ်လျှင် ကျပ်(၂၀၀)၊ ဓာတ်ဆား MPF (၁)ထုပ်လျှင် ကျပ်(၃၅၀)၊ Oramin-G (၅)လုံးပါတစ်ကတ်လျှင် ကျပ်(၃၂၀၀)၊ Becozinc (၁၀)လုံးပါ တစ်ကတ်လျှင် ကျပ် (၄၃၅၀)၊ Vitahome (၁၀)လုံးပါတစ်ကတ်လျှင် ကျပ်(၁၈၀၀)၊ SaRa (၁၀)လုံးပါ တစ်ကတ်လျှင် ကျပ် (၁၁၅၀)၊ Vitacee (၁၅)လုံးပါတစ်ကတ်လျှင် ကျပ်(၄၃၅၀)၊ Flemex (၁၀)လုံးပါ တစ်ကတ်လျှင် ကျပ် (၃၈၀၀)၊ Solmux (၄)လုံးပါတစ်ကတ်လျှင် ကျပ်(၁၂၀၀)၊ Alexal (၁၀)လုံးပါတစ်ကတ်လျှင် ကျပ် (၂၁၀၀)၊ Mixagrip (၄)လုံးပါတစ်ကတ်လျှင် ကျပ်(၇၅၀)တို့စျေးနှုန်းတို့ဖြင့် အသီးသီးရောင်းချလျက်ရှိကြောင်း ဆေးဆိုင်များမှ လေ့လာသိရှိရပါသည်။

DOCA(မကွေး)