Main menu

ကန့်ဘလူမြို့နယ်အတွင်း ဒီဇင်ဘာလတွင် ပွဲရုံများ၌ အရောင်းအဝယ်ဖြစ်နေသော သီးနှံများ

Powered by Drupal

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီး မှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး လုပ်ငန်း များ ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ဟူသော မျော်မှန်းချက်နှင့်အညီ အသင်းအဖွဲ့များ အစုအဖွဲ့များ ဖွဲ့စည်း ပေးပြီး ပိုမိုအားကောင်းလာစေရေး ပူးပေါင်း ဆောင်ရွက်လျှက်ရှိပါသည်။ ပွဲရုံများ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုများကိုလည်း  တင်း/ တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ် တင်ပြလျှက်ရှိပါ သည်။

        ကန့်ဘလူပွဲရုံများအနေဖြင့် နိုဝင်ဘာလကုန်ပိုင်း နှင့် ဒီဇင်ဘာလ လဆန်းပိုင်းအထိ ဝင်ရောက် အရောင်းအဝယ် ဖြစ်နေသော သီးနှံအမျိုးအစား၏ ဒေသပေါက်တင်းဈေးနှုန်းများ၊ အဝင် /အထွက် တင်း/တန် များ၏ အရောင်းအဝယ် ဖြစ်မှုအခြေအနေများမှာ ပြောင်းဆံ(၈၅၅၀)တင်း/(၈၂၇.၇၆)တန် ဈေးနှုန်းမှာ (၁၀၅၀၀၀)ကျပ်၊ နှမ်းနက်(၈၂၅)တင်း/(၆၀.၆၆)တန် ဈေးနှုန်းမှာ(၈၅၀၀၀ မှ ၁၀၀၀၀၀)ကျပ် ဝန်ကျင် ပေါက်ဈေးရှိ၊ နှမ်းဖြူ(၇၅) တင်း/(၅.၅၂)တန် ဈေးနှုန်းမှာ(၈၅၀၀၀ မှ ၁၀၀၀၀၀)ကျပ် ဝန်းကျင် ပေါက်ဈေး ရှိပါသည်။ မတ်ပဲ(၁၅၀)တင်း/ (၁၃.၇၈)တန် ဈေးနှုန်းမှာ (၈၅၀၀၀)ကျပ်ပေါက်ဈေးရှိပါသည်။ ပဲတီစိမ်း (၁၅)တင်း (၁.၃၇)တန် ဈေးနှုန်းမှာ (၄၅၀၀၀)ကျပ် ပေါက်ဈေးရှိပါသည်။ ကုလားပဲ V2အမျိုးအစား (၁၂)တင်း/ (၁.၁၂)တန် ဈေးနှုန်းမှာ (၈၇၀၀၀)ကျပ်၊ ကုလားပဲ929အမျိုးအစား(၁၂)တင်း/(၁.၁၂)တန် ဈေးနှုန်းမှာ(၈၅၀၀၀)ကျပ်၊ ပဲလွန်းဖြူ (၆)တင်း/ (၀.၅၇) တန် ဈေးနှုန်းမှာ(၆၅၀၀၀) နေကြာ(၇)တင်း / (၀.၃၃)တန် ဈေးနှုန်းမှာ (၄၀၀၀၀)ကျပ် ယခုကာလတွင် ပြောင်းဆံ အဝင်/ အထွက် ပေါများဆုံးအချိန်ဖြစ်ပြီး ကန့်ဘလူမြို့နယ် နှင့် ကျွန်းလှမြို့နယ်အတွင်း စန္ဒယား၊ ကျောက်အိုင်၊ ငှက်ပျောတော၊ ရွာသစ်ကုန်း၊ တပေါင်၊ ဆည်ကြီး၊ ဂါးထာ၊ ၈မိုင်၊ လမ်းမှန်၊ တပဲ၊ ပေရင်း၊ မူးဂွ စသည့် ကျေးရွာများမှ အများဆုံးလာရောက် ရောင်းချကြပါသည်။ ယခုလတွင် ပဲတီစိမ်း၊ နှမ်းနက်၊ နှမ်းဖြူ ၊ နေကြား ၊ ပဲလွန်းဖြူတို့စတင်ဝင်ရောက်လာသည့်အချိန်ဖြစ်ပါသည်။  မိမိတို့ပွဲရုံမှ သီးနှံများကို မန်းလေးမြို့ ဇောတိကပွဲရုံသို့ တင်ပို့ ရောင်းချလျှက်ရှိကြောင်း ကန့်ဘလူမြို့ ပေါ်ရှိ  ပွဲရုံပိုင်ရှင်တစ်ဦးထံမှ သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)