Main menu

ပွင့်လင်းရာသီဧရာရေထွက်ငါးပိ/ငါးခြောက်ဈေးကွက်

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီးအတွင်း ပင်လယ်ကမ်းခြေနှင့်နီးစပ်မှုရှိသော ငပုတောမြို့နယ်တွင် ပင်လယ်ရေထွက်ကုန်ပစ္စည်းများထွက်ရှိပြီး ဒေသတွင်းစားသုံးမှုနှင့် အခြားဒေသများသို့ လည်းတင်ပို့မှုရှိသလို ဧည့်ခရီးသွားအများစုမှာလည်း အပြန်လက်ဆောင်ပစ္စည်းတစ်ခုအနေဖြင့် လည်းဝယ်ယူလျက်ရှိကြောင်း ပုသိမ်မြို့မဈေးကြီးအတွင်းရှိ ဒေါ်တင်တင်ဝင်း ငါးပိ/ငါးခြောက် ရောင်းဝယ်ရေးဆိုင်မှ သိရသည်၊၊

       ပုသိမ်ဈေးကွက်အတွင်းရှိ ငါးပိ/ငါးခြောက်၊ ပုဇွန်ခြောက်များကို ငပုတောမြို့နယ် အတွင်းရှိ ဟိုင်းကြီး၊ ပြင်ခရိုင်၊ သက္ကသောင်၊ အစင်းချိုင် ဇီးဖြူဆိပ်ကျေးရွာများမှ အဓိကအများဆုံး ရောင်းချလျက်ရှိပြီး ငါးခြောက်၊ ပုဇွန်ခြောက်ဈေးကွက်မှာ မိုးရာသီတွင် အရောင်းအဝယ်မသွက် အရည်အသွေးမှာလည်း ပွင့်လင်းရာသီလောက်ကောင်းမွန်မှုမရှိဘဲ ပွင့်လင်းရာသီရောက်မှသာ အရည်အသွေးကောင်းမွန်သော ပုဇွန်ခြောက်၊ ငါးခြောက်အစုံလှိုင်လှိုင် ပေါ်သော ရာသီဖြစ်ကြောင်း ပုဇွန်ခြောက်ဈေးနှုန်းမှာ အကောင်အကြီးပေါ်မူတည်၍ တစ်ပိဿာလျှင် ကျပ် ၈၀၀၀၀ ဝန်းကျင်မှ ၆၅၀၀၀/၇၀၀၀၀ ဈေးအတွင်းနှင့် အကောင်အသေး/အလတ်ဈေးမှာတစ်ပိဿာလျှင် ကျပ် ၁၅၀၀၀ ဈေးမှ ၄၅၀၀၀ /၅၅၀၀၀ ဈေးအတွင်း ရောင်းဝယ်လျက်ရှိပြီး ငါးပိဈေးနှုန်းမှာ တစ်ပိဿာလျှင် ၂၇၀၀ ဈေးမှ ၃၅၀၀/၄၀၀၀ ဈေးအတွင်းနှင့် ၁၀၀၀၀ ကျော်အထိဈေးရှိပြီး အများစားသုံးမှုရှိ၍ ဈေးနှုန်းသင့်တင့်မှုရှိသော ငါးကုန်းညို တစ်ပိဿာလျှင် ကျပ် ၁၀၀၀၀ဈေး၊ ငါးဇင်လုံး တစ်ပိဿာကျပ် ၁၀၀၀၀ ဈေး၊ ငါးရောင်ခွဲပြားတစ်ပိဿာကျပ် ၁၆၀၀၀ ဈေး၊ ငါးမြီးတံသွယ် တစ်ပိဿာကျပ် ၁၂၀၀၀ ဈေး၊ ငါးပုတ်သင်ခွဲပြားတစ်ပိဿာကျပ် ၁၅၀၀၀ ဈေး၊ ငါးပုတ်သင်လုံး တစ်ပိဿာလျှင် ကျပ် ၁၀၀၀၀ဈေး၊ ငါးတံခွန်လုံးတစ်ပိဿာကျပ် ၁၅၀၀၀ ဈေးနှင့် အရောင်းအဝယ် သွက်လျက်ရှိကြောင်း ဈေးကွက်မှ သိရသည်၊၊

DOCA(ဧရာဝတီ)