Main menu

“ခရမ်းသီး(အလုံးသေး)စိုက်ပျိုးမှုနှင့်စျေးနှုန်းစျေးကွက်အခြေအနေ”

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများသည် စပါး၊ပဲ၊ပြောင်း၊ နှမ်း၊ငရုတ်စသည့် သီးနှံများစိုက်ပျိုးကြသည့်အပြင် ကုန်စိမ်းသီးနှံဖြစ်သော ခရမ်းသီး(အလုံးသေး) သီးနှံကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလာကြပါသည်။ ခရမ်းသီး(အလုံးသေး)ကို ရာသီမရွေး စိုက်ပျိုး နိုင်ပြီး ၄င်းမျိုးအား စိုက်ပျိုးမည်ဆိုလျှင် မျိုးစေ့ကိုပျိုးထောင်ပြီး တစ်လခွဲသားအရွယ်တွင် စိုက်ပျိုးရကြောင်း၊ (၂)လခွဲ (၃)လအချိန်တွင် အသီးများစတင်ခူးဆွတ်နိုင်ပြီး (၄)ရက်ခြားတစ်ကြိမ်ခူးဆွတ်ရ ကြောင်း ၊ စတင်ခူးဆွတ်သည်မှ တစ်ပတ်ထက် တစ်ပတ်အထွက်နှုန်းပိုလာကြောင်း ၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် စတင်ခူးဆွတ်ချိန်တွင် ပိဿာ(၄၀-၅၀)ခန့်ထွက်ရှိပြီး အထွက်နှုန်းအများဆုံး အချိန်တွင်ပိဿာ(၃၀၀-၄၀၀)အထိထွက်ရှိကြောင်း သိရှိရပါသည်။ တစ်ဧကကုန်ကျစရိတ်အနေဖြင့် ပျိုးထောင်ခြင်း၊မြေပြင်ခြင်း၊ သွင်းအားစု၊ စိုက်ပျိုးစရိတ်၊ လုပ်သားခ၊ စုစုပေါင်း(၇၅၀၀၀၀-၈၀၀၀၀၀) ကျပ်ဝန်းကျင်ခန့် ကုန်ကျကြောင်း၊ ခရမ်းသီး(အလုံးသေး)ကို အနည်းဆုံး(၅)လကျော်အထိ ခူးဆွတ်နိုင်ကြောင်း၊ နိုဝင်ဘာလဆန်းပိုင်းတွင် ခရမ်းသီး(အလုံးသေး)စျေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် (၉၀၀-၁၀၀၀)ကျပ်စျေးနှုန်းရှိခဲ့ပြီး ယခုအချိန်တွင် ခရမ်းသီး(အလုံးသေး) တစ်ပိဿာလျှင် (၄၀၀-၅၀၀)ကျပ်စျေးနှုန်းများဖြင့်ရောင်းချရကြောင်း၊ ကုန်စိမ်းသီးနှံဖြစ်သည့်အတွက် တစ်ပတ်နှင့်တစ်ပတ် စျေးနှုန်းမတူညီကြောင်း၊ ကုန်စိမ်းပွဲစားများမှ စိုက်ခင်းအထိ လာရောက်ဝယ်ယူသည့်အတွက် သယ်ယူစရိတ်သက်သာကြောင်း၊ ပွဲစားများမှ မန္တလေး၊နေပြည်တော်၊ရန်ကုန်စျေးကွက်များသို့ တင်ပို့ရောင်းချကြောင်းသိရှိရပါသည်။ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၅၀၀၀၀၀)ကျပ် ဝန်းကျင်ခန့်ရရှိသောကြောင့် တွက်ချေကိုက်သည့်သီးနှံဖြစ်ပါကြောင်း ခရမ်းသီး (အလုံးသေး) စိုက်ပျိုးသူ တောင်သူတစ်ဦး၏ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)