Main menu

ရွှေဘိုမြို့တွင်ဖြစ်ပေါ်နေသော (ဥစိုက်)ကြက်သွန်နီဈေးနှုန်းဈေးကွက်နှင့် ရောင်းဝယ်မှု

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားသောက်ကုန်ဈေးနှုန်းများကို အပတ်စဉ်တင်ပြလျက်ရှိပါသည်။

     ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယပတ်တွင် ရွှေဘိုမြို့၊ စည်ပင်သာယာဈေးအတွင်းရှိ ပွဲရုံများ၌ ကြက်သွန်နီအဟောင်းများဝင်ရောက်မှုနည်းပါးနေပြီး  (ဥစိုက်) ကြက်သွန်နီအသစ် (မိတ်ပြန်)များမှာ  နိုဝင်ဘာလလယ်ပိုင်းမှစတင်၍ ဝင်ရောက်လျက်ရှိပြီး (ဥစိုက်) ကြက်သွန်နီအသစ်များမှာ မိမိတို့ဒေသတွင်း ကျေးရွာများမှစိုက်ပျိုးကြသော ကြက်သွန်နီအသစ်များအပြင် မုံရွာမြို့ပွဲရုံများမှ တစ်ဆင့် မှာယူ၍ရောင်းချနေရကြောင်း ကြက်သွန်နီရောင်းချသော ပွဲရုံတစ်ခုမှသိရှိရပါသည်။

      ရွှေဘိုမြို့သို့ (ဥစိုက်)ကြက်သွန်နီသစ်များမှာ  နေ့စဉ် ပိဿာ (၁၅၀၀မှ ၃၅၀၀) ကြားဝင်ရောက်လျက်ရှိပြီး လက်လီဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် (အကြီး)၃၂၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် (၂၈၀၀)ကျပ်နှင့် အသေးတစ်ပိဿာလျှင် (၁၈၀၀)ကျပ်ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိသည်။

    အရည်အသွေးအရ တာရှည်အထားမခံသောကြောင့် ဥစိုက်ကြက်သွန်နီမှာ စိုက်ပျိုးမှုနည်းပါးပြီး လှောင်လက်ပွဲရုံများက ဝယ်ယူမှုမရှိဘဲ နေ့စဉ် အသုံးများသည့်အစားအသောက် ချက်ပြုတ်ရောင်းချသော စားသောက်ဆိုင်များနှင့် စားသုံးသူအိမ်ရှင်မများက လက်လီဝယ်ယူလျက်ရှိကြပြီး ကြက်သွန်နီစိုက်ပျိုးမှုမရှိသော မိုးကုတ်၊ မြစ်ကြီးနား၊ ဝန်းသို စသည့်မြို့များသို့ အနည်းငယ်သာတင်ပို့ရောင်းချလျက်ရှိကြောင်း ရွှေဘိုမြို့ ၊ စည်ပင်သာယာဈေးအတွင်းရှိ ပွဲရုံတစ်ခုမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)