Main menu

ယခင်အပတ်ထက် အဝင်များပြီး ဈေးနှုန်းအနည်းငယ်မြင့်တက်လာသည့် ‌ရွှေဘိုနှမ်းနက်

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ၊ ဒုတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့၊ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ဆက်သွယ်မေးမြန်းမှုအရ  နှမ်းဖြူနှင့်နှမ်းနက်များမှာ နိုဝင်ဘာလ၊ တတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ဝင်ရောက်ခဲ့ကြောင်း၊ ဒီဇင်ဘာလ၊ ဒုတိယပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ နှမ်းဖြူတစ်တင်းလျှင် (၁၀၀၀၀ဝိ/-) ကျပ်ပေါက်ဈေးရှိပြီး ဒီဇင်ဘာလ ဒုတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၆၀၀၀)တင်း/ (၁၄၇)တန်ဖြစ်ကြောင်း၊  နှမ်းနက်တစ်တင်းလျှင် (၁၁၅၀၀ဝိ/-) ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၁၅၀၀၀) တင်း/(၃၆၇)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ နှမ်းဖြူတစ်တင်းလျှင် (၁၀၀၅၀ဝိ/-)ကျပ်နှင့် နှမ်းနက်တစ်တင်းလျှင် (၁၁၂၀၀ဝိ/-) ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုဒီဇင်ဘာလ ဒုတိယပတ်၌ ယခင်ဒီဇင်ဘာလ ပထမပတ်အောက် နှမ်းဖြူတစ်တင်းလျှင် (၅၀ဝိ/-)ကျပ်ဈေးနှုန်းလျော့နည်းခဲ့ပြီး ယခင်အပတ်ထက် နှမ်းနက်တစ်တင်းလျှင် (၃၀၀ဝိ/-) ကျပ်ဈေးနှုန်းပိုရရှိခဲ့ကြောင်း၊  ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်နှစ် ကာလတူတွင် နှမ်း(နက်)တစ်မျိုးတည်းသာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်တင်းလျှင် (၈၃၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် နှမ်း(နက်)တစ်တင်းလျှင် (၃၂၀၀ဝိ/-)ကျပ်ဈေးနှုန်းပိုရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)