Main menu

တောင်ငူမြို့တွင် ကြက်ဥဈေးနှုန်းများတည်ငြိမ်နေပြီး ဘဲဥဈေးနှုန်းအနည်းငယ်တက်

Powered by Drupal

     တောင်ငူမြို့တွင် ဥစားကြက်မွေးမြူရေးခြံများ၊ ဘဲမွေးမြူရေးခြံများမှ ကြက်ဥ၊ ဘဲဥများရောင်းရသကဲ့သို့ တောင်ကြီး၊ ပြင်ဦးလွင်ဒေသများမှလည်း ကြက်ဥများဝင်ရောက်လျက်ရှိပါသည်။ ကြက်ဥမှာ တစ်လုံးလျှင် အသေး ၂၄၀ကျပ်၊ အလတ် ၂၆၀ကျပ်နှင့် အကြီး ၂၈၀ကျပ်ဖြင့် ယခင်လဝက်ခန့်အတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။

      ဘဲဥမှာ ယခင်နိုဝင်ဘာလ လဝက်ခန့်တွင် တစ်လုံးလျှင် အသေး ၂၆၀ကျပ်၊ အလတ် ၂၈၀ကျပ်နှင့် အကြီး ၃၀၀ကျပ်ရှိခဲ့ရာမှ ယခုဒီဇင်ဘာလ လဝက်တွင် အသေး ၂၈၀ကျပ်၊ အလတ် ၃၀၀ကျပ်နှင့် အကြီး ၃၂၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပါသည်။

       ကြက်ဥ၊ ဘဲဥများမှာ အလွယ်တကူချက်ပြုတ်နိုင်သည့် ဟင်းလျာတစ်မျိုးဖြစ်သည့်အပြင် အာဟာရဓာတ်လည်းကြွယ်ဝခြင်း၊ အသားငါးများထက် ဈေးနှုန်းချိုသာခြင်းတို့ကြောင့် ရောင်းအားကောင်းလျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)