Main menu

တောင်ငူမြို့ရှိ သစ်သီးဈေးကွက်

Powered by Drupal

    တောင်ငူမြို့ ၊ သစ်သီးဆိုင်များတွင် ပန်းသီးများမှာ တစ်လုံးလျှင် ၁၅၀၀ကျပ်မှ ၂၅၀၀ကျပ်အထိဖြင့် ယခင်လအတိုင်း ဈေးနှုန်းတည်ငြိမ်နေပြီး ပန်းသစ်တော်သီးမှာ တစ်လုံးလျှင် ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပါသည်။ သခွားမွှေးသီးမှာ တစ်လုံးလျှင် ၃၀၀၀ကျပ်မှ ၃၅၀၀ကျပ်အထိရှိပြီး တည်သီးမှာ တစ်လုံးလျှင် ၃၅၀၀ကျပ်ရှိပါသည်။

     လိမ္မော်သီးမှာ တစ်ပိဿာလျှင် ၅၀၀၀ကျပ်မှ ၆၀၀၀ကျပ်အထိဖြင့် ယခင်လအတိုင်း ဈေးနှုန်းတည်ငြိမ်နေပြီး ပျားလိမ္မော်သီးမှာ တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်မှ ၁၃၀၀၀ကျပ်အထိဖြင့် ယခင်လထက် ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပါသည်။

        စပျစ်သီး(အစေ့ပါ)တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်ဖြင့် ယခင်လထက် ဈေးအနည်းငယ်ကျဆင်းလာခဲ့ပြီး အစေ့လွတ်မှာ တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရပါသည်။

DOCA(ပဲခူး)