Main menu

တောင်ငူမြို့တွင် ဆန်စပါးဈေးနှုန်းတည်ငြိမ်နေ

Powered by Drupal

     တောင်ငူမြို့တွင် ယခု၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယပတ်တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၆၀၀၀၀ကျပ်ဖြင့်ဈေးနှုန်းတည်ငြိမ်နေပြီး ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် ၁၄၅၀၀၀ကျပ်၊ ဒေသပေါ်ဆန်းတစ်အိတ်လျှင် ၁၃၅၀၀၀ကျပ်၊ ဧည့်မထဆန်သစ်မှာ  တစ်အိတ်လျှင် ၆၂၀၀၀ကျပ်မှ ၆၅၀၀၀ကျပ်အထိ ဈေးနှုန်းအသီးသီးရှိပါသည်။

     စပါးအသစ်မှာ တင်း၁၀၀လျှင် ၁၇၇၅၀၀၀ကျပ်မှ ၁၇၇၀၀၀၀ကျပ်၊ ဆန်ကွဲကြီးမှာ တစ်အိတ်လျှင် ၄၆၀၀၀ကျပ်၊ ဆန်ကွဲသေးမှာ တစ်အိတ်လျှင် ၄၂၅၀၀ကျပ်၊ ဖွဲနုတစ်အိတ်လျှင် ၁၈၀၀၀ကျပ်၊ မတ်ပဲ(၃၀ပိဿာဝင်အိတ်)မှာ တစ်အိတ်လျှင် ၁၄၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းအသီးသီးရှိပါသည်။

        သို့ဖြစ်ရာ ယခုအပတ်အတွင်း ဆန်နှင့်ဆန်ထွက်ပစ္စည်း၊ စပါးနှင့်မတ်ပဲဈေးနှုန်းများမှာ ယခင်အပတ်ဈေးနှုန်းတို့နှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်းကွာဟမှုမရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)