Main menu

တောင်ငူမြို့တွင် ဟင်းသီးဟင်းရွက်တချို့ ဈေးနှုန်းအတက်အကျရှိ

Powered by Drupal

    တောင်ငူမြို့၊ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေး၌ ယခု၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယပတ်တွင် ငရုတ်သီးစိမ်း (မိုးထောင်သီး)မှာ တစ်ပိဿာလျှင် ၃၀၀၀ကျပ်မှ ၃၅၀၀ကျပ်၊ ငရုတ်သီးစိမ်း(ကုလားအော်သီးမှာ)  တစ်ပိဿာလျှင် ၆၀၀၀ကျပ်မှ ၆၅၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်နေပြီး ငရုပ်သီးစိမ်း (ကျောက်စိမ်း)မှာ တစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။     

     ခရမ်းသီး (အဖြူ)မှာ တစ်ပိဿာလျှင် ၁၃၀၀ကျပ်မှ ၁၆၀၀ကျပ်၊ ခရမ်းသီး(အညို)မှာ  တစ်ပိဿာလျှင်  ၁၆၀၀ကျပ်မှ ၁၈၀၀ကျပ်၊ ဒေသသခွားသီးမှာ တစ်ပိဿာလျှင် ၈၀၀ကျပ်မှ ၁၀၀၀ကျပ်၊ ရှမ်းပြည်သခွားသီးမှာ တစ်ပိဿာလျှင် ၁၀၀၀ကျပ်မှ ၁၂၀၀ကျပ်၊ ခရမ်းချဉ်သီး (ရှမ်းပြည်သီး)မှာ တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ပြီး ခရမ်းချဉ်သီး (ဒေသသီး)မှာ တစ်ပိဿာလျှင် ၃၈၀၀ကျပ်မှ ၄၀၀၀ကျပ်အထိဈေးနှုန်းဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

      ဂေါ်ဖီမှာ တစ်ပိဿာလျှင် ၈၀၀ကျပ်မှ ၁၀၀၀ကျပ်၊ နံနံပင်မှာ တစ်ဆယ်ကျပ်သားလျှင် ၅၀၀ကျပ်၊ မုံလာဥဖြူမှာ တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၂၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ပြီး မုံလာဥနီမှာ တစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၄၀၀၀ကျပ်၊ မုံလာဥဖြူမှာ တစ်ပိဿာလျှင် ၂၂၀၀ကျပ်မှ ၂၅၀၀ကျပ်၊ တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၃၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

      ကန်စွန်းရွက်မှာ တစ်စည်လျှင် ၂၀၀ကျပ်၊ ၁၀စည်းယူလျှင် ၁၈၀၀ကျပ်၊ ချဉ်ပေါင်ရွက်မှာ တစ်စည်းလျှင် ၁၀၀ကျပ်၊ ၁၀စည်းယူလျှင် ၇၀၀ကျပ်၊ ကင်မွန်းချဉ်ရွက်မှာ တစ်စည်းလျှင် ၃၀၀ကျပ်၊ ၂စည်းယူလျှင် ၅၀၀ကျပ်ရှိကြောင်း ညောင်လေးပင်ဈေးမှသိရှိရပါသည်။

DOCA(ပဲခူး)