Main menu

ပြည်ခရမ်းဖြူသီးဈေးကွက်

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ခရမ်းဖြူသီး (ခ)ခရမ်းမီးအုန်းသီးများကို စီးပွားဖြစ်စိုက်ပျိုးသောကြောင့် ခရမ်းသီးအများအပြားထွက်ရှိသော ဒေသများဖြစ်ပါသည်။ ထွက်ရှိလာသောခရမ်းဖြူသီးများကို ဒေသတွင်းရောင်းချသည့်အပြင် ရန်ကုန်သို့လည်းတင်ပို့ရောင်းချကြောင်းသိရပါသည်။

        ယခုအချိန်သည် ရာသီစာသီးနှံတစ်မျိုးဖြစ်သည့် ခရမ်းဖြူသီး(ခ)ခရမ်းမီးအုန်းသီးကို ချက်၍စားသုံးသည့်အပြင် နှပ်စား၊ မီးဖုတ်ပြီးလည်း သုတ်စားကြပါသည်။ ရာသီစာဖြစ်သောကြောင့် အရောင်းသွက်လျက်ရှိပါသည်။ ခရမ်းဖြူသီး (ခ)ခရမ်းမီးအုန်းသီးအကြီးတစ်လုံးလျှင် (၁၀၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၇၀၀)ကျပ်နှင့် အသေးတစ်လုံးလျှင် (၄၀၀)ကျပ်ဖြင့် ရောင်းချကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)