Main menu

ဘားအံမြို့ ကမ်းနားလမ်း(စနေနေ့)အခွန်လွတ်ဈေးတွင် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိ

Powered by Drupal

   ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် စားသုံးသူပြည်သူများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သည် ဈေးနှုန်းအတိုင်း ဝယ်ယူရရှိနိုင်ရေးအတွက် ရောင်းသူမှ ဝယ်သူသို့ တိုက်ရိုက် ရောင်းချခြင်းဖြင့် ကရင်ပြည်နယ်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကျဆင်းနိုင်စေရန် ကရင်ပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့်ကျဆင်းရေးကော်မတီက ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ကမ်းနားလမ်း(စနေနေ့)အခွန်လွတ်ဈေးတွင် ဒေသခံပြည်သူများ ကိုယ်တိုင်မွေးမြူ၊ စိုက်ပျိုး၊ ထုတ်လုပ်သည့် သား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ စားသုံးဆီစသည့် အခြေခံစားသောက်ကုန်များကို ကိုယ်တိုင်ရောင်းစနစ်ဖြင့် အပတ်စဉ် စနေနေ့တိုင်း ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

    အခြေခံစားသောက်ကုန်ပစ္စည်းများ ရောင်းချရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ ယခုအပတ်တွင် စားသောက်ကုန် ပစ္စည်းများဖြစ်သည့် ဝက်သား ၁ ပိဿာ (၁၂၀၀၀) ကျပ်၊ အမဲသား ၁ ပိဿာ (၁၄၀၀၀) ကျပ်၊ ဆိတ်သား ၁ ပိဿာ (၁၇၀၀၀) ကျပ်၊ ကြက်သား(အိမ်ကြက်)၁၅၀၀၀ ကျပ်၊ ကြက်သား(CP) (၁၁၀၀၀) ကျပ်၊ မွေးမြူရေးငါးကြင်း ၁ ပိဿာ (၇၀၀၀) ကျပ်၊ တီလားဗီးယား ၁ ပိဿာ (၆၀၀၀)ကျပ်၊ ငါးမဲလုံး ၁ ပိဿာ (၆၀၀၀) ကျပ်၊ ယိုးဒယား ငါးခုံးမ ၁ ပိဿာ (၆၀၀၀)ကျပ်၊ ငါးခူ ၁ ပိဿာ (၆၃၀၀) ကျပ်၊ ငါးမုတ် ၁ ပိဿာ (၅၀၀၀) ကျပ်၊ ငါတန် ၁ ပိဿာ (၄၆၀၀) ကျပ်၊ ပလာတူး ၁ပိဿာ (၆၀၀၀)ကျပ်၊ ဘဲဥ ၁ လုံး (၃၃၀)ကျပ်၊ ကြက်ဥ ၁ လုံး (၂၀၀) ကျပ်၊ ကန်စွန်းရွက်၁ စည်း (၁၀၀)ကျပ်၊ ချဉ်ပေါင်ရွက် ၁ စည်း (၁၀၀) ကျပ်၊ ဂေါ်ဖီထုပ် ၁ ထုပ် (၈၀၀) ကျပ်၊ ပန်းဂေါ်ဖီ ၁ ပွင့် (၈၀၀) ကျပ် ၊ ခရမ်းသီး ၁ ပိဿာ (၁၀၀၀)ကျပ်၊ သခွားသီး ၁ ပိဿာ (၁၀၀၀)ကျပ်၊ စားသုံးဆီ ၁ ပိဿာ(၅၆၄၀)ကျပ်၊ စသည်ဖြင့် ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

   အခွန်လွတ်ဈေးများတွင် ရောင်းချနေသော ဈေးနှုန်းများမှာ ဈေးနှုန်းချိုသာပြီး စားသုံးသူပြည်သူများအနေဖြင့်လည်း ဈေးနှုန်းသက်သာစွာဖြင့် တိုက်ရိုက်ဝယ်ယူနိုင်သောကြောင့် ရောင်းသူဝယ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)