Main menu

ပြည်ကုန်စည်ဒိုင်၌ဖြစ်ပေါ်နေသော ဗုံလုံသီး (ခ) ပဲလင်းမြွေသီးဈေးကွက်

Powered by Drupal

    မြန်မာအမည် ပဲလင်းမြွေသီး (ခေါ်) ဗုံလုံသီးဟုခေါ်ထွင်ပြီး အင်္ဂလိပ်လို SNAKE ဟုခေါ်ဝေါ်ပါသည်။ ပူနွေးသောရာသီဥတုရှိသော အရပ်ဒေသများတွင် စိုက်ပျိုးမြေဖြစ်ထွန်းပြီး အအေးဓာတ်ရှိသော ဒေသများတွင် ပဲလင်းမြွေသီးပင်များမှာ ရှင်သန်ရန်ခက်ခဲပါသည်။

     ပဲလင်းမြွေစိုက်ပျိုးရာတွင် ရင့်မှည်လာသော ပဲလင်းမြွေသီးအစေ့များကို တိုက်ရိုက်အစေ့ချနည်းဖြင့် စိုက်ပျိုးနိုင်ပါသည်။ အပင်များအားစိုက်ပျိုးပြီး (၁၀)ရက်ခန့်အကြာတွင် အပင်များ စတင်ထွက်ပေါ်လာပါသည်။ အပင်ငယ်များနွယ်တက်ရန် ဝါးခြမ်းများဖြင့် စင်တင်ပေးရပါသည်။ ပဲလင်းမြွေသီး၏အရှည်သည် ဖြောင့်တန်းလျှင် (၅)ပေအထိရှည်လျားပါသည်။ ပဲလင်းမြွေကို မိုးဦးကာလဖြစ်သော မေလနှင့်ဇွန်လများတွင်စိုက်ပျိုးပြီး ဆောင်းတွင်းကာလဖြစ်သော အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးကြပါသည်။

     ပဲလင်းမြွေပင်သည် တစ်နှစ်ပတ်လုံးအသီးသီးသည့်အပင်ဖြစ်ကာ အကြီးမြန်သောနွယ်ပင်တစ်မျိုးဖြစ်ပါသည်။ တစ်နှစ်ပတ်လုံးအသီးသီးသည့်အတွက် စိုက်ပျိုးပြီး ရောင်းချရာတွင် ဝင်ငွေကောင်းမွန်နိုင်ပါသည်။ ယခုအချိန်သည် ဆောင်းတွင်းကာလဖြစ်သည့်အတွက် ဈေးကွက်အတွင်း၌ ပဲလင်းမြွေသီးတစ်တောင့်လျှင် (၃၀၀)ကျပ်ဖြင့်ရောင်းချကြောင်းသိရပါသည်။

DOCA(ပဲခူး)