Main menu

ပြည်ကုန်စည်ဒိုင်၏ ဒီဇင်ဘာလတွင်ဖြစ်ပေါ်နေသော ပဲဈေးနှုန်းအခြေအနေ

Powered by Drupal

    ပြည်ကုန်စည်ဒိုင်တွင် ပဲသစ်များအဝင်ရှိနေပြီး ရန်ကုန်၊ မန္တလေးဝယ်လက်များနှင့် လှောင်သမားများက အဝယ်ရှိနေပါသည်။

မတ်ပဲ

     ဒီဇင်ဘာလ ပထမပတ်တွင် မတ်ပဲတစ်တင်းကို (၉၁၀၀၀-၉၁၅၀၀) ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် ပိဿာ (၂၀)ဝင်အိတ် (၁၅၀/၂၀၀) အိတ်ခန့်ရှိပါသည်။ ဒီဇင်ဘာလ ဒုတိယပတ်တွင် မတ်ပဲတစ်တင်းကို ၉၃၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် ပိဿာ၂၀ဝင်အိတ် (၁၀၀/၂၀၀) အိတ်ခန့်အဝယ်ရှိပါသည်။

ပဲတီစိမ်း

     ဒီဇင်ဘာလ ပထမပတ်တွင် ပဲတီစိမ်းတစ်တင်းကို ၅၅၀၀၀ကျပ်ဖြင့် မန္တလေးနှင့် ရန်ကုန်အဝယ်တစ်ရက်လျှင် ပိဿာ (၂၀)ဝင်အိတ် (၅၀၀/၆၀၀) အိတ်ခန့်ရှိပါသည်။ ဒီဇင်ဘာလ ဒုတိယပတ်တွင် ပဲတီစိမ်းတစ်တင်းကို ၆၂၀၀၀ကျပ်ဖြင့် မန္တလေးအဝယ်တစ်ရက်လျှင် ပိဿာ (၂၀)ဝင်အိတ် (၄၀၀/၅၀၀) အိတ်ခန့်အဝယ်ရှိပါသည်။

ပဲစင်းငုံ

      ဒီဇင်ဘာလ ပထမပတ်တွင် ပဲစင်းငုံတစ်တင်းကို ၉၃၀၀၀ကျပ်ဖြင့် ဈေးအေးနေပြီး တစ်ခါတစ်ရံမှသာ အရောင်းအဝယ်ဖြစ်ပြီး ရန်ကုန်အဝယ်ရှိလျှင် ပိဿာ (၂၀) ဝင် အိတ် (၁၅၀/၂၀၀) အိတ်ခန့်ရှိပါသည်။ ဒီဇင်ဘာလ ဒုတိယပတ်တွင် ပဲစင်းငုံတစ်တင်းကို ၉၃၀၀၀ကျပ်ဖြင့် တစ်ရက်လျှင် ပိဿာ (၂၀)ဝင်အိတ် ၂၀၀အိတ်ခန့်အဝယ်ရှိခဲ့ပါသည်။

ကုလားပဲ

       ဒီဇင်ဘာလ ပထမပတ်တွင် ကုလားပဲ ဟော်လန်တစ်တင်းကို ၉၂၀၀၀ကျပ်၊ မြကြေးမှုံတစ်တင်းကို ၉၁၀၀၀ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများနှင့် ရန်ကုန်အဝယ်တစ်ရက်လျှင် ပိဿာ (၂၀)ဝင်အိတ် (၂၅၀/၃၀၀) အိတ်ခန့်ရှိပါသည်။ ဒီဇင်ဘာလ ဒုတိယပတ်တွင် ကုလားပဲ ဟော်လန်တစ်တင်းကို ၉၂၅၀၀ကျပ်၊ မြကြေးမှုံတစ်တင်းကို ၉၁၅၀၀ကျပ်ဖြင့် ခွဲစက်သမားနှင့် ရန်ကုန်အဝယ်တစ်ရက်ကို ပိဿာ (၂၀)ဝင်အိတ် (၃၀၀/၄၀၀) အိတ်ခန့်ရှိခဲ့ပါသည်။

ပဲကြီး

      ဒီဇင်ဘာလ ပထမပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၁၃၂၀၀၀ကျပ်၊ ပဲကြီး (ကုန်းပဲ)တစ်တင်းကို ၁၃၀၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများက တစ်ရက်လျှင် ပိဿာ (၂၀)ဝင် အိတ် ဖ၉၃၀၀/၄၀၀) အိတ်ခန့်အဝယ်ရှိပါသည်။ ဒီဇင်ဘာလ ဒုတိယပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၁၃၂၀၀၀ကျပ်၊    ပဲကြီး (ကုန်းပဲ)     တစ်တင်းကို ၁၃၀၀၀၀ကျပ်ဖြင့်    မြို့တွင်း ပဲကြော်သမားနှင့် ရန်ကုန်အဝယ်တစ်ရက်လျှင် ပိဿာ (၂၀)ဝင်အိတ် (၄၀၀/၅၀၀) အိတ်ခန့်ရှိပါသည်။

စားတော်ပဲ

    ဒီဇင်ဘာလ ပထမပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို ၁၂၅၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်လျှင် ပိဿာ (၂၀)ဝင်အိတ် (၅၀/၁၀၀) အိတ်ခန့်ရှိပါသည်။ ဒီဇင်ဘာလ ဒုတိယပတ်တွင် စားတော်ပဲ (ကျွန်း) တစ်တင်းကို ၁၂၅၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်လျှင် ပိဿာ (၂၀)ဝင်အိတ် ၁၀၀အိတ်ခန့်ရှိပါသည်။

ဘိုကိတ်

      ဒီဇင်ဘာလ ပထမပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၆၃၀၀၀ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်တစ်ရက်ကို ပိဿာ (၂၀)ဝင်အိတ် (၅၀/၁၀၀) အိတ်ခန့်ရှိပါသည်။ ဒီဇင်ဘာလ ဒုတိယပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၇၂၀၀၀ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်တစ်ရက်လျှင် ပိဿာ (၂၀)ဝင်အိတ် (၁၀၀/ ၁၅၀) အိတ်ခန့်ရှိပါသည်။

       ပြည်ကုန်စည်ဒိုင်တွင် ဒီဇင်ဘာလ၌ ပဲအရောင်းအဝယ်သွက်လျက်ရှိပြီး မတ်ပဲဈေးနှုန်းမှာ ကျဆင်း၍ ကျန်ပဲများမှာ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)