Main menu

မကွေးမြို့၏ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(စတုတ္ထပတ်)နှင့် ဒီဇင်ဘာလ(ပထမပတ်)တို့တွင်ဖြစ်ပေါ်နေသော စက်သုံးဆီစျေးနှုန်းအခြေအနေ

Powered by Drupal

 မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း/ သိုလှောင်/ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားစျေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

     မကွေးမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၂၃)ဆိုင်ရှိပြီး ဆိုင်များအားလုံး စက်သုံးဆီပြတ်လပ်မှုမရှိဘဲ ပုံမှန်ဖွင့်လှစ်ရောင်းချပေးလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(စတုတ္ထပတ်)တွင် ဖြစ်ပေါ်ခဲ့သော စက်သုံးဆီစျေးနှုန်းများမှာ ဒီဇယ်(ရိုးရိုး)(၁)လီတာလျှင် ကျပ်(၂၂၄၅)၊ ဒီဇယ်(ပရီမီယံ) (၁)လီတာလျှင် ကျပ်(၂၃၄၀)၊ ဓာတ်ဆီ(92)(၁)လီတာလျှင် ကျပ်(၂၂၂၀)၊ ဓာတ်ဆီ(95)(၁)လီတာလျှင် ကျပ်(၂၃၄၅)ဖြစ်ပေါ်ခဲ့ပြီး ဒီဇင်ဘာလ(ပထမပတ်)တွင် ဒီဇယ်(ရိုးရိုး)(၁)လီတာလျှင် ကျပ်(၂၂၆၀)၊ ဒီဇယ်(ပရီမီယံ)(၁)လီတာလျှင် ကျပ်(၂၃၅၅)၊ ဓာတ်ဆီ(92)(၁)လီတာလျှင် ကျပ်(၂၅၆၀)၊ ဓာတ်ဆီ (95) (၁)လီတာလျှင် ကျပ်(၂၆၉၀)တို့ဖြစ်၍ ဒီဇယ်(ရိုးရိုး) (၁)လီတာလျှင် ကျပ်(၁၅)၊ ဒီဇယ်(ပရီမီယံ) (၁)လီတာလျှင် ကျပ်(၁၅)၊ ဓာတ်ဆီ (92) (၁)လီတာလျှင် ကျပ်(၃၄၀)၊ ဓာတ်ဆီ(95)(၁)လီတာလျှင် ကျပ်(၃၄၅) စသည်ဖြင့် စျေးနှုန်းအသီးသီးအနည်းငယ်မြင့်တက်လာကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)