Main menu

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်း ပြောင်းလဲမှု အခြေအနေ

Powered by Drupal

     မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းသတင်းများ အရသိရသည်။

မတ်ပဲ

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလ(တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၇၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ (တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၉၀၀၀၀ ဖြင့် အရောင်း အဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် သုံးသောင်းခန့် ပိုမိုခဲ့ပြီး တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ပဲစဉ်းငုံ

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလ(တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၈၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ(တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၁၂၅၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် ခြောက်သောင်းကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ပဲတီစိမ်း

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလ(တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၄၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ(တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၈၀၀၀ ဖြင့် အရောင်း အဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် လေးထောင် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၃၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ကုလားပဲ

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလ(တတိယ)ပတ်တွင် ကုလားပဲဖြူလုံးကြီး တစ်တင်း လျှင် ကျပ် ၆၄၅၀၀၊ 929  တစ်တင်းလျှင် ကျပ် ၆၀၇၀၀၊ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၅၉၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ(တတိယ)ပတ်တွင် ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် ကျပ် ၈၈၀၀၀၊ 929  တစ်တင်းလျှင် ကျပ် ၈၄၀၀၀၊ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၈၅၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် နှစ်သောင်းခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅၀ မှ ၇၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

စွန်တာနီ/ပြာ

        မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလ(တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၅၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ(တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၄၀၀၀ ဖြင့် အရောင်း အဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် ကိုးထောင် ပိုမိုခဲ့ပါသည်၊ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၂၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ထောပတ်ပဲ

        မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလ(တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၇၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ(တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၁၀၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ခြောက်သောင်းခန့် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

အစေ့ထုတ်ပြောင်း

       မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလ(တတိယ)ပတ်တွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၉၂၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ(တတိယ)ပတ်တွင် ပြောင်း တစ်တင်းလျှင် ကျပ် ၁၉၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် သုံးရာ ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

မြေပဲဆံသီးနှံ

         မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလ(တတိယ)ပတ်တွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ် ၅၅၀၀၊ မြေပဲဆံဖြူ တစ်ပိဿာလျှင် ကျပ် ၅၂၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ(တတိယ)ပတ်တွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ် ၆၇၀၀၊ မြေပဲဆံဖြူ တစ်ပိဿာလျှင် ကျပ် ၆၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ကာ တစ်ပိဿာလျှင် ကျပ် တစ်ထောင်ကျော်အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅၀ မှ ၇၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

နှမ်းမျိုးစုံသီးနှံ

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလ(တတိယ)ပတ်တွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၈၂၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၈၇၀၀၀၊ နှမ်းညို တစ်တင်း လျှင် ကျပ် ၇၃၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ(တတိယ)ပတ်တွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၉၅၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၁၀၆၀၀၀၊ နှမ်းညို တစ်တင်း လျှင် ကျပ် ၈၈၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် တစ်သောင်းသုံးထောင်မှ တစ်သောင်းကိုးထောင်အထိ ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၅၀ မှ ၇၀ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းများစာရင်းအရ သိရပါသည်။

DOCA (စစ်ကိုင်း)