Main menu

အုတ်ဖိုမြို့နယ်ဆေးဆိုင်များတွင် ကွင်းဆင်းစစ်ဆေး

Powered by Drupal

    အုတ်ဖိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန ၊  မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၉.၆. ၂၀၂၃) ရက်နေ့ နံနက်ပိုင်းတွင် အုတ်ဖိုမြို့နယ်အတွင်း၌ ဖွင့်လှစ်ရောင်းချနေသော ဆေးဆိုင်များသို့ သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ခဲ့ပါသည်။

  ထိုသို့ ဆေးဆိုင်များသို့ ကွင်းဆင်းရာတွင် တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးမြို့၏ ညွှန်ကြားချက်အရ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ‌ဒေါက်တာစိုးသက်တင်ဦးဆောင်လျက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းရင်းဆေးဝါးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များသည် အုတ်ဖိုမြို့နယ်ရှိ ဆေးဆိုင်များတွင် စံမညီဆေးဝါးများနှင့် တရားမဝင်ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခြင်းနှင့် အင်္ဂလန်နိုင်ငံရှိ Astra Zeneca Company မှထုတ်လုပ်သော Cresfor 10 mg အမျိုးအစား တရားမဝင်ဆေးဝါး (၁၇)မျိုးအား ရောင်းချခြင်းမပြုရန် သတိပေးတားမြစ်ချက်များ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာဆောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည် ။

DOCA(ပဲခူး)