Main menu

“မိတ္ထီလာခရိုင်အတွင်း ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ Thursday Talk ပြုလုပ်’’

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဝန်ထမ်းများအသိပညာဗဟုသုတ တိုးပွားစေရေးနှင့် စွမ်းဆောင်ရည်မြင့်မားလာစေရေး ရည်ရွယ်လျက် Thursday Talk အသိပညာပေးဆွေးနွေးပွဲများ တစ်လလျှင် အနည်းဆုံးတစ်ကြိမ် ကြာသပတေးနေ့၌ ဆွေးနွေးဟောပြောကြောင်း သိရသည်။၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့၌ မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင် ထုတ်ကုန်လုံခြုံ စိတ်ချရမှုဆိုင်ရာ သိကောင်းစရာများခေါင်းစဉ်ဖြင့် ဒေါ်မြို့ရီ (ဦးစီးအရာရှိ) မှ အသိပညာပေးဆွေးနွေး ပြောခဲ့ပါသည်။ ဆွေးနွေးရာ၌ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်းသည့် အချက်များ၊ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်နှင့် ဆောင်ရွက်ရသည့်အချက်များကို အသေးစိတ်ဆွေးနွေးဟောပြောခဲ့ရာ ဆွေးနွေးပွဲသို့ မိတ္ထီလာခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)