ကုန်သွယ်မှုသတင်းများ
ဟင်းနုနွယ်သည် စိုက်ပျိုးရန်လွယ်ကူပြီး အကြမ်းခံသောဟင်းရွက်ဖြစ်သည့်အပြင် ဗီတာမင်-အေနှင့်သံဓါတ်ကြွယ်ဝသည့် ဟင်းရွက်ဖြစ်သည်။ ဟင်းနုနွယ်အမျိုးအစားမှာ အနီရောင်နှင့်အစိမ်းရောင်ရှိပြီး အများအားဖြင့် ဟင်းနုနွယ်အစိမ်းရောင်ကိုသာ စိုက်ပျိုးလျက် ရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် မိသားစုတစ်ပိုင်တစ်နိုင် ကွမ်းရွက်ပင် စိုက်ပျိုးရာမှ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ကွမ်းရွက်ဈေးနှုန်းမြင့်တက်မှုကြောင့် ကွမ်းရွက်ပင်စိုက်ပျိုးသူများ ပိုမိုအဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။ကွမ်းရွက်ပင်သည် ပင်ပျော့အမျိုးအစားဖြစ်သည့်အတွက် သစ်ပင်ကြီးများအား အမှီပြုပေါက်ရောက်သောအပင်ဖြစ်ပြီး ထားဝယ်ခရိုင်တွင်မူ တိုင်ထောင်ကွမ်းကိုသာ စီးပွားဖြစ်စိုက်ပျိုးကြသည်။ ကွမ်းရွက်စိုက်ဘောင်များ၏ ဘေးတစ်ဖက်တစ်ချက်တွင်လည်း အခြားသီးညှပ်

ယခုအခါ ထားဝယ်မြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် ကြံသကာများကို ရန်ကုန်မြို့နှင့်မော်လမြိုင်မြို့တို့မှ ဝယ်ယူရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ မေလတွင် ရောင်းချနေသော ကြံသကာဈေးနှုန်းမှာ တစ်ပိဿာလျှင် ၆၀၀၀ကျပ် ၊ (၅၀)ကျပ်သားလျှင် ၃၃၀၀ ကျပ်နှင့်(၁၀)ကျပ်သားလျှင် ၅၀၀ကျပ်ဖြင့်ရောင်းချကြောင်း၊ ကြံသကာသည် ကြံပင်မှရရှိသည့် တန်ဖိုးမြင့်ထုတ်ကုန် တစ်ခုဖြစ် ပြီး ကြံသကာကို မုန့်ပြုလုပ်ရာတွင်လည်း အသုံးပြုကြောင်း၊ အိမ်အလည်လာသူ မိတ်ဆွေများကို တည်ခင်းဧည့်ခံရာတွင်လည်း အသုံးပြုက

ဖရုံပင်များသည် မြေအမျိုးမျိုတွင် စိုက်ပျိုးနိုင်ပြီး နုန်းမြေများတွင် ပိုမိုဖြစ်ထွန်းသည်။ ပူနွေးသော ရာသီဥတုကို ကြိုက်နှစ်သက်ပြီး အအေးဒဏ်လည်း ခံနိုင်ရည်ရှိပါသည်။ ထားဝယ်မြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများသည် မိမိတို့ လယ်ယာများနှင့် နေအိမ်များတွင် ဟင်းသီးဟင်းရွက်များ၊ သီးပင်စားပင်များ စိုက်ပျိုးလျက်ရှိရာ ဖရုံပင်များလည်း စိုက်ပျိုးထားကြသည်။

စက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ စက်သုံးဆီ လက်ကားရည်ညွှန်းစျေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဥ်ဆီရောင်းချမှု၊ ဆီဘောင်ကား ရောက်ရှိမှု အခြေအနေများကို သက်ဆိုင်ရာဌာနများမှ ကြပ်မတ်စိစစ်ဆောင်ရွက်လျက်ရှိပါသည်။
