Main menu

တနင်္သာရီတိုင်းဒေသကြီး၏ ဆီအုန်းစိုက်ပျိုးမှု၊ ထွက်ရှိမှုအခြေအနေ

Powered by Drupal

         တနင်္သာရီတိုင်းဒေသကြီးသည် ရာသီဥတုနှင့်မြေဆီလွာအနေအထားအရ မြန်မာနိုင်ငံတွင် ဆီအုန်းအများဆုံးစိုက်ပျိုးရာမြန်မာ့ဆီအိုးကြီးဟု တင်စားခြင်းခံရသည့် အဓိကဒေသကြီးတစ်ခုဖြစ်ပါ သည်။ တနင်္သာရီတိုင်း‌ဒေသကြီးအတွင်း ကော့သောင်း၊ ဘုတ်ပြင်းနှင့်မြိတ်ခရိုင်များတွင် ကုမ္ပဏီကြီး များနှင့် တစ်နိုင်တစ်ပိုင်တောင်သူများအနေဖြင့် ဧကသိန်းချီစိုက်ပျိုးထားကြကြောင်း သိရှိရပါသည်။

          ပြည်တွင်းစားသုံးဆီဖူလုံမှုရှိစေရေးအတွက် ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှုကို တွန်းအားပေး လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဆီအုန်းကုန်ကြမ်းထုတ်လုပ်သည့် စက်ရုံကြီးများသည် ပုံမှန်လည်ပတ်လျက်ရှိပါသည်။ သို့သော်လည်း စက်ရုံသုံးလောင်စာဆီစျေးနှုန်းမြင့်မားမှုနှင့် လျှပ်စစ် မီးရရှိမှုအကန့်အသတ်များကြောင့် ကုန်ထုတ်လုပ်မှုစရိတ်များတိုးလာကြောင်းသိရှိရပါသည်။

          လက်ရှိတွင် ဆီသီးခိုင် စျေးနှုန်းများမှာ ကုမ္ပဏီကြီးများနှင့် စက်ရုံများ၏အဝယ်ဒိုင်များအပေါ် မူတည်၍ တည်ငြိမ်မှုရှိသော်လည်း တောင်သူများအနေဖြင့် သယ်ယူပို့ဆောင်ရေးအခက်အခဲ၊ ဒေသ တွင်း လုံခြုံရေးအခြေအနေများကြောင့် ခြံထွက်ဆီသီးခိုင်များကို စက်ရုံများသို့အချိန်မီပို့ဆောင်ရန် ကြန့်ကြာမှုများ(ဆီသီးခိုင်သည် ခူးဆွတ်ပြီး ၂၄ နာရီအတွင်း ကြိတ်ခွဲမှသာ ဆီထွက်ရှိနှုန်းနှင့် အရည် အသွေးကောင်းမွန်မှုရှိခြင်း)၊ အလုပ်သမားရှားပါးမှု၊ လုပ်အားခမြင့်မားမှုနှင့် ပေါင်းသတ်ဆေး၊ မြေသြ ဇာ‌စျေးနှုန်းကြီးမြင့်မှုတို့ကြောင့် ခြံဟောင်းများအား မပြုပြင်နိုင်ဘဲ ပစ်ထားရသည့်ဧရိယာအချို့ရှိလာ ကြောင်း၊ ဆီအုန်းပင်သည် ရေအမြောက်အမြားလိုအပ်သည့်သီးနှံဖြစ်သဖြင့် ယခုနှစ်တွင် အချို့ဒေသ များ၌ အသီးတင်မှုလျော့နည်းခြင်းနှင့် အသီးသေးခြင်းစသည့် အားနည်းချက်များလည်းရှိပါသည်။

          တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များ၏ ၂၀၂၆-၂၀၂၇ ခုနှစ်၊ မေလကုန်အထိ ဆီအုန်းစိုက်ပျိုးမှုအနေဖြင့် ထားဝယ်ခရိုင်အနေဖြင့် စိုက်ဧက(၂၁၆၁၈)ဧက၊ အသီးခူးဧက (၁၀၁၈၅) ဧက၊ အထွက်နှုန်းအနေဖြင့် (၀.၀၇)တန်၊ မေလအထိအထွက်တန်အားဖြင့် (၇၀၂)တန်၊ မေလအတွင်း အထွက်တန်အားဖြင့် (၃၂၃)တန်၊ မြိတ်ခရိုင်အနေဖြင့် စိုက်ဧက (၆၁၀၃၈)ဧက၊ အသီးခူးဧက (၁၁၀၃၀) ဧက၊ အထွက်နှုန်းအနေဖြင့် (၀.၁၃)တန်၊ မေလအထိ အထွက်တန်အားဖြင့် (၁၄၀၆)တန်၊ မေလအတွင်း အထွက်တန်အားဖြင့် (၆၇၄)တန်၊ ကော့သောင်းခရိုင်အနေဖြင့် စိုက်ဧက (၁၈၆၇၈၇) ဧက၊ အသီးခူးဧက (၈၉၂၉၇)ဧက၊ အထွက်နှုန်းအနေဖြင့် (၀.၄၃)တန်၊ မေလအထိ အထွက်တန် အားဖြင့် (၃၈၅၁၄) တန်၊ မေလအတွင်း အထွက်တန်အားဖြင့် (၁၇၀၀၁)တန်၊ ဘုတ်ပြင်းခရိုင်အနေဖြင့် စိုက်ဧက (၁၂၆၉၅၂) ဧက၊ အသီးခူးဧက (၆၁၅၁၄)ဧက၊ အထွက်နှုန်းအနေဖြင့် (၁.၆၅)တန်၊ မေလ အထိ အထွက်တန်အားဖြင့် (၁၀၁၆၃၆) တန်၊ မေလအတွင်း အထွက်တန်အားဖြင့် (၃၇၄၁၂)တန်၊ တိုင်းချုပ်အနေဖြင့် စိုက်ဧက (၃၉၆၃၉၅)ဧက၊ အသီးခူးဧက (၁၇၂၀၂၆) ဧက၊ အထွက်နှုန်းအနေဖြင့် (၀.၈၃)တန်၊ မေလအထိ အထွက်တန်အားဖြင့် (၁၄၂၂၅၈) တန်၊ မေလအတွင်း အထွက်တန်အားဖြင့် (၅၅၄၁၀)တန်ခန့် စိုက်ပျိုးထွက်ရှိကြောင်း သိရှိရပါသည်။

တနင်္သာရီတိုင်း၏ ဆီအုန်းကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် စိုက်ပျိုးပြီးဧရိယာ ဟောင်းများတွင် အထွက်နှုန်းကောင်းမွန်စေရန် နည်းပညာစနစ်များ အသုံးပြုရန်လိုအပ်နေပါသည်။ ထို့အပြင် ဆီအုန်းဆီကြမ်းမှတစ်ဆင့် စားသုံးဆီချောအထိ ပြည်တွင်း၌ပင် အဆင့်မြင့်သန့်စင်ထုတ် လုပ်နိုင်မည့် ရင်းနှီးမြှုပ်နှံမှုများနှင့်လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာပါက ပြည်ပမှ ဆီတင်သွင်းရမှုများအား များစွာလျှော့ချပေးနိုင်မည်ဖြစ်ပါသည်။

DOCA(တနင်္သာရီ)