Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
19 Jun 2025

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တွင်  ရာသီဥတုမျှတပြီး ရေထွက်ပစ္စည်း ပေါများပြီး ဟင်းသီးဟင်းရွက်များလည်း‌ပေါများသော မြို့နယ်ဖြစ်ပါသည်။ ယခုအခါ တောင်သူများသည် ဒေသတွင်းလိုအပ်သော ဟင်းသီးဟင်းရွက်များကို မြို့နယ်အတွင်းရှိ အနီးနားပတ်ဝန်းကျင် ကျေးရွာများတွင် စိုက်ပျိုးလာကြပါသည်။ နွေရာသီတွင် မြေအောက်ရေများစုပ်ယူပြီး စိုက်ပျိုးကြ သော်လည်း ဒေသတွင်း ဖြစ်ထွန်းနေသော  ဂေါ်ဖီပွင့်၊ ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်း၊ ပဲတောင့်ရှည်၊  တို့ ကို စိုက်ပျိုးရောင်းချနေကြောင်း သိရပါသည်။ ယခုရက်သတ

19 Jun 2025

       ထားဝယ်တွင် ဗုံလုံသီး (ပဲလင်းမြွေသီး)များ စတင်ပေါ်ထွက်လာပြီ ဖြစ်ပါသည်။ ဗုံလုံသီးသည် သခွား၊ ဗူး၊ ဖရုံတို့လို အနွယ်ပင်ဖြစ်၍ မိုးရာသီတွင်ထွက်ပေါ်လေ့ရှိပြီး ယခုအခါ ရေလောင်း၍ စိုက်ပျိုးကြသည်။ ထားဝယ်မြို့အနီးဝိုက်ရှိ ခြံများတွင် စိုက်ပျိုးကြပြီး နီးစပ်ရာ ဈေးများသို့ လာရောက်ရောင်းချကြပါသည်။ ထိုအသီးသည် အပေါ်ယံအလွှာကို ဓားနှင့်ခြစ်ပြီး အရွယ်တော်အတုံးလေးများတုံး၍ အလယ်အူတိုင်ကိုထုတ်ပြီး ကြက်သား (သို့) ပုစွန်ခြောက်ကို ထောင်းပြီး အစာသွပ်ချက်စားလျှင် အလွန်ကောင်းသည့် ဟင်းလျာတစ်မျိုး

19 Jun 2025

            သနပ်ခါးပန်းဟုဆိုရာဝယ် မျက်နှာမှာလိမ်းသော သနပ်ခါးတုံးပင်မှ ပွင့်သောပန်း မဟုတ်ပေ။ သနပ်ခါးပန်းပင်သည် ယင်းမာပင်၊ တမာပင်မျိုးရင်းတွင် ပါဝင်သည့် သနပ်ခါးပန်းသည် ရနံ့သင်းသင်းနှင့် မွှေးသောပန်းအမျိုးအစားဖြစ်ပါသည်။ လူတစ်ယောက် သနပ်ခါးပန်း ပန်ထားလျှင် အခြားသူအားလုံး မွှေးပါသည်။ သနပ်ခါးပန်းကို အမျိုးသမီးများ နှစ်သက်မြတ်နိုးစွာ ပန်ဆင်တတ် ကြသလို အပင်ပေါ်မှာ ပွင့်နေလျှင်လည်း အလွန်လှပါသည်။ ယခုလို မိုးရာသီတွင် သနပ်ခါးပန်းများ လှိုင်လှိုင်ပွင့်တတ်ပြီး သနပ်ခါးပန်းခိုင်ကလေးများကို ခ

19 Jun 2025

    ကန်စွန်းရွက်သည် လူအများစားသုံးကြပြီး အဆိပ်အတောက်များကိုပြေပျောက်နိုင်စွမ်းရှိသော ဆေးဖက်ဝင်အပင်တစ်မျိုး လည်းဖြစ်ပါသည်။ ကန်စွန်းရွက်ပင်သည် ရေကြိုက်ပြီး ရေရရှိသော ကန်၊ ချောင်းများတွင် သဘာဝအလျှာက် ပေါက်ရောက်ကြပြီး စိုက်ပျိုးပင်များလည်းရှိပါသည်။ ယခု မိုးဦးကျကာလများတွင်  ကန်စွန်းရွက်များသည်  ကောင်းစွာဖြစ်ထွန်း ပေါက်ရောက်လာကြပြီး   အလေ့ကျပေါက်

19 Jun 2025

       တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်၊ ရောင်းမော်‌ကျေးရွာရှိ ဒေသခံအများစု၏ အိမ်ခြံမြေများနှင့်  ဥယျာဥ်ခြံများတွင် နာနတ်ပင်များအား စိုက်ပျိုးထားရှိကြပြီး အဆိုပါရောင်းမော်ဒေသမှ ထွက်ရှိသည့် နာနတ်သီးများမှာ ထားဝယ်ဒေသတွင် အလွန်အရသာ‌ချို၍ ကောင်းမွန်သောကြောင့် ရောင်းမော်ရွာအား နာနတ်သီးရွာဟုပင် တင်စားခေါ်ဝေါ်ကြပါသည်။ ရောင်းမော်ရွာမှ ထွက်ရှိသည့် နာနတ်သီးများအား အနီးနားရှိ မြိတ်-ရန်ကုန် ပြည်ထောင်စုကားလမ်းမကြီးဘေးတွင်တည်ရှိသည့် ရှင်မုတ္တီးရွာ‌ စျေးဆိုင်တန်းများတွင် ရောင်းချသကဲ့သို့ ထာ

Pages