ကုန်သွယ်မှုသတင်းများ
ကျွန်းလှမြို့တွင် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ ရပ်ကွက်အစုံတွင် ဖွင့်လှစ်ရောင်းချကာ အသက် မွေးဝမ်းကျောင်းပြုပြီး မိမိတို့နေအိမ်များတွင် ကုန်စုံဆိုင်များ ဖွင့်လှစ်ရောင်းချသလို မြို့တွင်း ရပ်ကွက်ဈေး များအတွင်းမှာလည်း ရောင်းချလျက်ရှိပါသည်။ ထိုသို့ ရောင်းချနေသော ကုန်မျိုးစုံဆိုင်များတွင် ရေဦးမြို့ နယ် ဒေသထွက် ပေါက်ပေါက်ဆုတ်များ စတင်ရောင်း ချလျက်ရှိကြောင်း သိရှိရပါသည်။

ပြင်ဦးလွင်မြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်မှုဖြင့် လုပ်ငန်းရှင်များနှင့်ညှိနှိုင်း၍ စားသုံးသူပြည်သူများ အားသက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည် ။ ဇွန်လ(၁၃) ရက်နေ့ တွင် ပြင်ဦးလွင်မြို့၊ကျောက်တိုင်ကွင်းအတွင်း၌ အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သော ဝက်သား (၁)ပိဿာလျှင် (၂၆၀၀၀/-)ကျပ်နှု

ကျွန်းလှမြို့နယ်အတွင်း ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသား/ငါး ဈေးနှုန်း များထဲမှ ပုဇွန်ထုတ် ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။
ပုဇွန်ထုတ်များကို ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ဝယ်ယူရောင်းချကာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။ ပုဇွန်ထုတ်များသည် ဈေးကောင်းသော်လည်း ထမင်းဆိုင်များ ၊ စားသောက်ဆိုင်များနှင့် စားဖွယ်စုံ ရောင်းချသည့်ဆိုင်များမှ ဝယ်ယူအသုံးပြုလျက် ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်တွင် လိုင်ချီးသီးများ ဖြိုင်ဖြိုင်ထွက်ပေါ်လျက် ရှိရာ အများဆုံးစိုက်ပျိုးသော မြို့နယ်များမှာ နောင်ချိုမြို့နယ် နှင့် ကျောက်မဲမြို့နယ်များတွင် အများဆုံး စိုက်ပျိုးကြကြောင်း၊လိုင်ချီးပင်သည် နှစ်ရှည်သီးပင်ဖြစ်သောကြောင့် အရိပ်လည်းရ စီးပွားလည်းဖြစ် သောလိုင်ချီးပင်ကိုစိုက်ပျိုးရန်သင့်ကြောင်း၊ လိုင်ချီးကိုင်းကူးပျိုးပင် တစ်ပင်လျှင် (၁၅၀၀၀-၃၀၀၀၀) ကျပ်အထိပေးဝယ်ရကြောင်း၊ ကိုင်းကူးပျိုးပင်သက်တမ်း(၃)နှစ်တွင် အသီးများလှိုင်လှိုင်သီးကြောင်

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဟင်းသီးဟင်းရွက် အမျိုးမျိုးဖြစ်သော ရုံးပတီသီး၊ မုံလာထုတ်(ခေါ်)ဂေါ်ဖီထုတ်၊ ပန်းဂေါ်ဖီ၊ ဂေါ်ရခါးသီး၊ ခါကြက်ဥ၊ ဘိုစားပဲသီး၊ ရွှေပဲသီး၊ ပဲသီးတောင့်ရှည်၊ ကြက်ဟင်းခါးသီး၊ ကင်းမုံသီး ၊ မျှစ်စိမ်း၊ မျှစ်ပြုတ်၊ ရွှေဖရုံသီး၊ ဘူးသီး၊ ကန်ဇွန်းရွက်၊ ချဉ်ပေါင်ရွက် နှင့် ပဲလင်းမြွေသီး(ခေါ်)ဗုံလုံသီး တို့ကို ရောင်းချနေကြောင်း သိရှိရပါသည်။
