သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၄ခုနှစ်၊ မတ်လ (၁၅)ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” (World Consumer Rights Day) ကို ကြိုဆိုသောအားဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးသင်တန်းခန်းမတွင် “လေ့လာစရာဥပဒေရေးရာအဖြာဖြာနှင့်ဥပဒေ ပြန့်ပွားရေး” သင်တန်းအား၂၀၂၄ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့များတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်း (ဒုတိယဦးစီးမှူး) သည် (၇-၃-၂၀၂၄)ရက်နေ့၊နေ့လယ် (၁၄း၀၀)နာရီအချိန်တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် ကံမမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူကာကွယ်ရေး အသိပညာပေး (Talk Show)ဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းနှင့် ကံမ မြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းသည် (၇-၃-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကံမမြို့၊ မြို့ပေါ်ရပ်ကွက်များရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းများသို့ သရက်ခရိုင်၊ အစား အသောက်နှင့်ဆေး၀ါးကွပ်ကဲရေးဦးစီးဌာန (FDA) နှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ကျန်းမာရေးဦးစီး

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၄ခုနှစ်၊ မတ်လ(၁၁)ရက်နေ့၊ နံနက် (၀၉း၀၀)နာရီအချိန်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်းရှိ ကိုစိုး+မလဲ့ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်ယွန်းမီမီထွန်း၊ ကျွန်းလှမြိ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများအပြင် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များကို ရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိရာ (၁၁-၃-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၁:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင်၊စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက ရွှေဘိုစက်မှုဇုံရှိ KT မွေးမြူရေးအစာစက်ရုံလုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
