Main menu

ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြနိုင်ရေး လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိစေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များအားတွေ့ဆုံပြီး ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၁၅.၉.၂၀၂၅)ရက်နေ့၊  နံနက်(၁၁:၀၀)နာရီအချိန်၌ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ဒေါ်ဇင်မာဦး လက်ထောက်ညွှန်ကြားရေးမှူးသည် ဆာကူရာ ဇီးယိုလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး အသိပညာပေးခဲ့ကြောင်း သိရသည်။

           ထိုသို့အသိပညာပေးရာတွင် ဒေါ်ဇင်မာဦး လက်ထောက်ညွှန်ကြားရေးမှူးက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်းသည့် အချက်အလက်များ၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) ညွှန်ကြားချက်အရ မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရန်လိုအပ်သည့် အသေးစိတ်အချက်များ၊ Online Sale မှတ်ပုံတင်ခြင်းအကြောင်းနှင့် ကုန်စည်/ ဝန်ဆောင်မှုများကို အွန်လိုင်းစနစ်အသုံးပြု၍ ရောင်းချမည်ဆိုပါက မဖြစ်မနေ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ပြီးမှသာရောင်းချရန်၊ မှတ်ပုံတင်ထားခြင်းမရှိဘဲ ရောင်းချမည်ဆိုပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် စီးပွားရေး လုပ်ငန်းရှင်၏ လိုက်နာရမည့် တာဝန်များအကြောင်းကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)