သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ဟိုင်းဝေးကားဂိတ်ယာဉ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စီစဥ်မှုဖြင့် Maha Phone Let Yone ကုမ္ပဏီမှ တင်ပို့ရောင်းချသည့် တစ်ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ ၆၀ ပေပါကို ယာဥ်မောင်း ဦးမျိုးဇော်ဝင်း၊ မော်တော်ယာဥ်အမှတ် 7P-7112/ ISUZU အမျိုးအစား မော်တော်ယာဥ်တို့ဖြင့် ရောက်ရှိလာရာ တိုင်းဒေသက
(၂၄-၉-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် သာကေတမြို့နယ်၊ အမှတ်(၂) ဈေးစည်ပင်သာယာရေးရုံးခန်းမ၌ ဈေးသူ/ဈေးသားများကိုခေါ်ယူ၍ အွန်လိုင်းမှတစ်ဆင့် ဈေးဝယ်ခြင်းနှင့်စပ်လျဉ်းပြီး အသိပညာပေးဟောပြောခြင်းလပ်ငန်းများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးနှင့်ဝန်ထမ်းများသည် (၂၃-၉-၂၀၂၄) ရက်နေ့တွင် အရှေ့ဒဂုံမြို့နယ်၊ ဗိုလ်ချိန်(၃)လမ်း၊ (၃)ရပ်ကွက်ရှိ ဇာနည် စားအုန်းဆီ လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၄.၉.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီတွင် သဲကုန်းမြို့အတွင်းရှိ လက်လီ/လက်ကား ရောင်းချနေသော ဆန်ဆိုင်များသို့ သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် လက်ပံတန်းမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၂၅.၉.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့မဈေးအတွင်းရှိကုန်စုံဆိုင်များအား ကုန်အညွှန်း အမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်း ရှိ/မရှိကို စားသုံး/ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ၊ မြို့နယ် တာဝန်ခံ ဦးချစ်ကိုကိုနှင့် ဝန်ထမ်းများမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ စားသုံးသူများ တိကျ မှန်ကန်ရှင်းလင်းသော သတင်းအချက်များသိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်၊ စိတ်ကျေနပ
