Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
02 Oct 2024

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ လက်ရှိရာသီဥတုအခြေအနေများကြောင့် တိုင်းအတွင်း စားသုံးသူပြည်သူများ စားနပ်ရိက္ခာဖူလုံစေရေး ကုန်ဈေးနှုန်းကြီးမြင့်မှုမဖြစ်ပေါ်စေရေးတို့အတွက် တိုင်းဒေသကြီးတချို့မှထွက်ရှိသည့် စားသောက်ကုန်များ၊  ရန်ကုန်တိုင်း‌ဒေသကြီးအတွင်းမှထွက်ရှိသော  ကုန်စည်များနှင့် တိုင်းပြင်ပမှဝင်ရောက်နေသည့် ကုန်စည်များ၏ နေ့စဉ်ဖြစ်ပေါ်နေသည့် ကုန်ဈေးနှုန်းအခြေအနေများကို ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်းသိရှိရပါသည်။

02 Oct 2024

       အထက်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးလှစိုးနှင့် ဝန်ထမ်းများသည် ဒဂုံမြို့သစ်ခရိုင်၊ အရှေ့ဒဂုံမြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့်ပူးပေါင်းပြီး မြို့နယ်အတွင်း ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းအသိပညာပေးမှုများဆောင်ရွက်လျက်ရာ (၂၂-၉-၂၀၂၄) ရက်နေ့တွင်  အရှေ့ဒဂုံမြို့နယ်၊ (၇)ရပ်ကွက်ရှိ အမေမြဆန်နှင့်ကုန်မျိုးစုံရောင်းဝယ်ရေးအရောင်းဆိုင်အား  သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများဆောင်ရွက်ခဲ့ကြောင်းသိရ

02 Oct 2024

       အထက်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးလှစိုးနှင့် ဝန်ထမ်းများသည် ဒဂုံမြို့သစ်ခရိုင်၊ မြောက်ဒဂုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊  မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှတာဝန်ရှိသူများနှင့်ပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းအသိပညာပေးမှုများဆောင်ရွက်လျက်ရာ (၂၀-၉-၂၀၂၄) ရက်နေ့တွင် မြောက်ဒဂုံမြို့နယ်၊ (၃၅) ရပ်ကွက်အတွင်းရှိ ဆန်အရောင်းဆိုင်(၃)ဆိုင်တို့အ

02 Oct 2024

   မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်တာဝန်ခံသည် စားသုံးသူများ လုံခြုံ စိတ်ချရမှုရှိစေရန်၊ ဆေးဈေးနှုန်းများ ဆေးဝါးများ ပြတ်လပ်မှုမရှိစေရန်အတွက် ရည်ရွယ်၍ (၂၃.၉.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့များနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

02 Oct 2024

    မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့၊ မြို့နယ်တာဝန်ခံသည် စားသုံးသူအခွင့်အရေးများသိရှိပြီး ကုန်စည်နှင့်ဝန်ဆောင်မှုများ ရွေးချယ်ဝယ်ယူတက်စေရန် ရည်ရွယ်၍ (၂၄.၉.၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ဝက်ချုပ်ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

Pages