Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
02 Oct 2024

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ လက်ရှိရာသီဥတုအခြေအနေများကြောင့် တိုင်းအတွင်းရှိ စားသုံးသူပြည်သူများ စားနပ်ရိက္ခာဖူလုံစေရေးနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုမဖြစ်ပေါ်စေရေးတို့အတွက် တိုင်းဒေသကြီးတချို့မှထွက်ရှိသည့် စားသောက်ကုန်များ၊  ရန်ကုန်တိုင်း‌ဒေသကြီးအတွင်းမှထွက်ရှိသော  ကုန်စည်များနှင့် တိုင်းပြင်ပမှ ဝင်ရောက်နေသည့် ကုန်စည်များ၏ နေ့စဉ်ဖြစ်ပေါ်နေသည့် ကုန်ဈေးနှုန်းအခြေအနေများကို ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်းသိရှိရပါသည်။

02 Oct 2024

    ၂၄.၉.၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးသည် ချောင်းဆုံမြို့နယ်၊ ကျွန်းသာယာခန်းမ၌ စားသုံးသူရေးရာဦးစီးဌာနနှင့် မွန်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း ကျင်းပသော “မွန်ပြည်နယ်အတွင်း ဆန်စပါးစျေးနှုန်းတည်ငြိမ်စေရန်အတွက် စပါးပွဲစားများ အားဒေသတွင်းစပါးဝယ်ယူခွင့်လက်မှတ်များ ပြုလုပ်ပေးနိုင်ရေးကိစ္စနှင့်ပတ်သက်၍ ချောင်းဆုံမြို့နယ်အတွင်းရှိ စပါးစိုက်တောင်သူများ၊ ကျေးရွာစပါးပွဲစားများနှင့် တွေ့ဆုံဆွေးနွေးခြင်း

02 Oct 2024

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ လက်ရှိရာသီဥတုအခြေအနေများကြောင့် တိုင်းအတွင်းစားသုံးသူပြည်သူများ စားနပ်ရိက္ခာဖူလုံစေရေးနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုမဖြစ်ပေါ်စေရေးတို့အတွက် တိုင်းဒေသကြီးတချို့မှထွက်ရှိသည့် စားသောက်ကုန်များ၊  ရန်ကုန်တိုင်း‌ဒေသကြီးအတွင်းမှထွက်ရှိသော  ကုန်စည်များနှင့် တိုင်းပြင်ပမှ ဝင်ရောက်နေသည့် ကုန်စည်များ၏ နေ့စဉ်ဖြစ်ပေါ်နေသည့် ကုန်ဈေးနှုန်းအခြေအနေများကို ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်းသိရှိရပါသည်။

02 Oct 2024

    ၂၄.၉.၂၀၂၄ ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ရေးမြို့နယ်တာဝန်ခံသည် ရေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် စားအုန်းဆီ ရောက်ရှိ၊ ရောင်းချ၊ ဖြန့်ဖြူးမှုနှင့်ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စားအုန်းဆီ လက်ကားကိုယ်စာလှယ်ဒေါ်စနိုးတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

02 Oct 2024

    စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့သည် (၂၃.၉.၂၀၂၄) ရက်နေ့တွင် မုဒုံမြို့၊ မြို့မ(၁)ရပ်ကွက် မော်သံလမ်းရှိ ဦးကြိုင် ဆန်ဆိုင်လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့ပြီး (၂၄.၉.၂၀၂၄)ရက်နေ့တွင် မုဒုံမြို့နယ်တာဝန်ခံသည် မုဒုံမြို့ စားအုန်းဆီ လက်လီရောင်းချနေသော လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့ပါသည်။

Pages