သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့ ၊နံနက် (၁၀:၃၀) နာရီအချိန်တွင် ကော့သောင်းမြို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များဖြစ်သော မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အကောက်ခွန်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ကော့သောင်းမြို့နယ်ရှိ တရားမဝင်ကုန်ပစ္စည်းများဝင်ထွက်နေမှုရှိ/မရှိ ရှောင်တခင် လိုက်လံစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မြို့ပေါ်ရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များသို့ ၂၃.၉.၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် သာပေါင်းမြို့နယ်တာဝန်ခံသည် ပူးပေါင်းအဖွဲ့များဖြင့် ဓာတ်မြေဩဇာအရောင်းများသို့ သွားရောက်၍ ဓာတ်မြေဩဇာများ၏ ဈေးနှုန်း/ဈေးကွက် အခြေအနေများနှင့် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)

ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ မြို့ပေါ်ရှိ ဆေးဆိုင်များသို့ ၂၅.၉.၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မြို့နယ်တာဝန်ခံသည်၊ ပူးပေါင်းအဖွဲ့များဖြင့် မြို့ပေါ်ရှိ ဆေးဆိုင်များသို့ ဆေးဈေးနှုန်း/ ဈေးကွက်အခြေအနေများကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ဆေးဈေးနှုန်းများမှာ ဒေါ်လာဈေး အတက်အကျများကြောင့် ဆေးဈေးနှုန်းများမှာ မြင့်တက်လျက်ရှိပြီး၊ အချို့ဆေးဝါးများမှာ သယ်ယူ ပို့ဆောင်ရေးအခက်အခဲများကြောင့် ပြတ်လပ်လျက်ရှိကြောင်း သိရှိခဲ့ရပါသည်။

ငပုတောမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဆန်စက်ပိုင်ရှင်များအသင်းတို့ပူးပေါင်း၍ ကျေးရွာနေ စားသုံးသူပြည်သူများအားသတ်မှတ်ထားသည့် သင့်တင့်မျှတသောဈေးနှုန်းဖြင့် ငပုတော မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများအရောက် တစ်ပတ်လျှင် (၂) ကြိမ်နှုန်းဖြင့် အပတ်စဉ်တိုင်း ဧည့်မထဆန်နှင့် ပေါ်ဆန်းရင်ဆန်များ ရောင်းချပေးလျက်ရှိပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊ စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၂၆.၉.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးန
