
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် တာဝန်ခံ ဦးဇော်မင်းဦးနှင့်ဝန်ထမ်းများသည် (၁၆.၉.၂၀၂၅)ရက်နေ့ နံနက်(၈:၀၀)အချိန်တွင် ငပုတောမြို့နယ်၊ စမ်းချောင်းစဉ်းအိုးဘိုအုပ်စု မန်းခမုတ်ကုန်းကျေးရွာတွင် ကျေးရွာရှိစားသုံးသူပြည်သူများအား ဆီဝယ်ယူရန် အတွက် ဆီစာအုပ်များဖြန့်ဝေပေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ထို့သို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ငပုတောမြို့နယ်တာဝန်ခံမှ ဦးစွာမိတ်ဆက် စကားပြောကြားပြီး ဆီစာအုပ်ဖြန့်ဝေရာတွင် ဆီဝယ်ယူခွင့်ပြုထားသည့်ကာလအတွင်း သတ်မှတ် ပမာဏ ကိုသာဝယ်ယူရရှိရန်၊ ဝယ်ယူရရှိသည့်ဆီကို မိမိ မိသားစုစားသုံးရန်အတွက်သာ သုံးစွဲရမည် ဖြစ်ပြီး တစ်ဆင့်ပြန်လည်ရောင်းချခြင်းမပြုကြရန်၊ စာအုပ် ပျက်စီး/ပျောက်ဆုံးပါက စာအုပ်ထုတ် ပေးထား သည့်နေရာသို့သတင်းပို့တင်ပြရန်၊ ဆီဝယ်ယူခွင့်စာအုပ်အား ဝယ်ယူသည့်ဆိုင်တွင် အပ်နှံ ထားခြင်းမပြုကြရန် မိမိလက်ဝယ်တွင်သာထားရှိကြရန် ရှင်းလင်းပြောကြားပြီး မန်းခမုတ်ကုန်း ကျေးရွာတွင် စုစုပေါင်းဆီစာအုပ်(၉၁)အုပ် ဖြန့်ဝေပြီးဖြစ်ပါသည်။
(DOCA)ဧရာဝတီ