ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့တွင် ရောင်းချနေသော မျှစ်ချို/မျှစ်ချဉ် ဈေးနှုန်း

     ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ် ရပ်ကွက်များတွင် ရှားပါးသော ရာသီ၌ ရောင်းချရန်အတွက် ဒေသအတွင်းထွက်ရှိသည့် မျှစ်များကို မျှစ်ချို/မျှစ်ချဉ်သိပ်၍ သိုလှောင်ထားကြပြီး ဈေးကွက်အတွင်းသို့  ရှားပါးသည့်ရာသီတွင် ရောင်းချလျက်ရှိကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်နေသော မျှစ်ချို/မျှစ်ချဉ် ဈေးနှုန်းမှာ မျှစ်ချို တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၀၀၀)ကျပ် နှင့် မျှစ်ချဉ် တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက် ရှိပြီး မျှစ်အသစ်ပေါ်သည့်အတွက် မျှစ်ချို ရောင်းအားကျသော်လည်း ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ မျှစ်ချို/မျှစ်ချဉ် ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)                          

ကျွန်းလှမြို့တွင် မြင့်တက်လာသော မန်ကျည်းသီးမှည့် ဈေးနှုန်း

    ကျွန်းလှမြို့ရှိ ပြည်သူများသည် မိမိတို့နေအိမ်ခြံဝင်းစည်းရိုးများနှင့် လယ်ယာမြေများပေါ်တွင် အရိပ်ရစေရန် အတွက် စိုက်ပျိုးကြသလို အလေ့ကျပေါက်‌ရောက်သည့် အပင်များလည်းရှိကြရာမှ ယခုအ‌ခါတွင် မန်ကျည်းသီးအမှည့်များကို ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်းသိရသည်။

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၊ သစ်ရာမြိုင် ဈေး၏ မန်ကျည်းသီးမှည့် ဈေးနှုန်းများမှာ မန်ကျည်းသီးမှည့်(အစေ့လွတ်) တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၂၀၀၀)ကျပ် နှင့် မန်ကျည်းသီးမှည့်(အစေ့ပါ) တစ်ပိဿာလျှင်(၄၀၀၀)ကျပ် နှင့် (၅၀) ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ‌ရောင်းချလျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်အပတ်ထက် မန်ကျီးသီး နှစ်မျိုးလုံး တစ်ပိဿာလျှင်(၂၀၀၀) ကျပ်ဈေးနှုန်းမြင့်တက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိ မတ်ပဲခြမ်းဈေး

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ မတ်ပဲ(၁၀၂၉၆)ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှ စတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် မတ်ပဲခြမ်းများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ဈေးကွက်အတွင်း ဇူလိုင်လ၊ စတုတ္ထအပတ်တွင် ရောင်းချသည့် မတ်ပဲခြမ်းဈေးနှုန်းမှာ ()ပြည်လျှင်(၇၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၁၂၀၀ဝိ/-)ကျပ် ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ မတ်ပဲခြမ်း(၁)ပြည်လျှင် (၇၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ မတ်လ၊ စတုတ္ထအပတ်မှစ၍ ယခုအပတ်ထိ ရောင်းချရသည့်ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက် အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ အကြော်ဆိုင်၊ လ္ဘက်ရည်ဆိုင်များမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၌ ရောင်းချနေသော မင်းဂွတ်သီး နှင့် ကြက်မောက်သီး ဈေးနှုန်း

   ကျွန်းလှမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ မင်းဂွတ်သီး၊ ဒိန်ညှင်းသီး နှင့် ဖရဲသီးများကို  မန္တလေးမြို့ နှင့် လားရှိုးမြို့တို့မှ မှာယူ ရောင်းချလျက်ရှိကြောင်း သိရ သည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ မင်းဂွတ်သီး ဈေးနှုန်းများမှာ မင်းဂွတ်သီး အကြီး(၁)လုံးလျှင်(၅၀၀)ကျပ်၊ အလတ်(၁)လုံးလျှင်(၄၀၀)ကျပ် နှင့် အသေး(၁)လုံးလျှင်(၃၅၀)ကျပ်နှင့် ငွေကျပ်(၁၀၀၀)ဖိုး(၃)လုံး ဈေးနှုန်းတို့ဖြင့်လည်းကောင်း ၊ ကြက်မောက်သီး ဈေးနှုန်းမှာ ကြက်မောက်သီး အကြီး တစ်လုံးလျှင်(၄၅၀)ကျပ်၊ (၁၀)လုံးလျှင် (၄၀၀၀)ကျပ်နှင့် အသေး တစ်လုံးလျှင်(၃၅၀)ကျပ် ငွေကျပ်(၁၀၀၀)ဖိုး လျှင်(၃)လုံးတို့ဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတိုက်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဘိုပဲဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ဘိုပဲစိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှ စတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် ဘိုပဲများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ဈေးကွက်အတွင်း ဇူလိုင်လ၊ စတုတ္ထအပတ်တွင်ရောင်းချသည့် ဘိုပဲ ဈေးနှုန်းမှာ()ပြည်လျှင် (၁၃၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၂၁၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ် နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ဘိုပဲ(၁)ပြည် လျှင်(၁၃၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ အလှူမင်္ဂလာပွဲ လမ်းဆောင် ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချ သည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

“ကျောက်ဆည်မြို့နယ်တွင် ပြည်သူ့သက်သာဈေးရောင်းချခြင်းပြုလုပ်”

            ကျောက်ဆည်မြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအား ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်မှုဖြင့် လုပ်ငန်းရှင်များနှင့်ညှိနှိုင်း၍ စားသုံးသူပြည်သူများအား သက်သာဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။ ဇူလိုင်လ(၂၇) ရက်နေ့တွင် ကျောက်ဆည်မြို့၊ နည်းပညာတက္ကသိုလ်ဝန်းအတွင်း၌ အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သော  အမဲသား တစ်ပိဿာလျှင်(၂၅၀၀၀/-)ကျပ်၊ ဝတ်သား တစ်ပိဿာလျှင် (၂၆၀၀၀/-) ကျပ်၊ ဆိတ်သား (၁)ပိဿာလျှင်(၂၈၀၀၀/-)ကျပ်၊ ကြက်သား တစ်ပိဿာလျှင်(၂၀၀၀၀/-)ကျပ်၊ စားအုန်းဆီ (၁)ပိဿာလျှင် (၇၁၁၀/-)ကျပ်နှင့် ဟင်းသီးဟင်းရွက်တို့အား ရောင်းချပေးခဲ့ပြီး ပြည်သူများ သက်သာဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း သက်မှတ်ထားသော နေရာများတွင် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဘားအံမြို့ဒေသထွက်ပိန်းဥဈေးနှုန်းအခြေအနေ

ကရင်ပြည်နယ် ၊ ဘားအံမြို့ရေပေါ်ဈေးတွင် ခရမ်းချဉ်သီးများ ဈေးအနည်းငယ်ကျနေကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ မိုးတွင်ကာလဘားအံမြို့ရေပေါ်ဈေး၌ ဩဂုတ်လပထမပတ်နှင့် ဒုတိယပတ်အတွင်း ခရမ်းချဉ်သီးအလုံးအကြီး/အသေးပေါ်မူတည်၍ ဖြစ်ပေါ်သည့်ဈေးနှုန်းများမှာ ဩဂုတ်လပထမပတ်တွင် ခရမ်းချဉ်သီး လက်ကားဈေးနှုန်း ဆယ်ပိဿာလျှင် (၂၇၀၀)ကျပ်နှင့် လက်လီဈေးနှုန်း ခရမ်းချဉ်သီးအလုံးကြီး တစ်ပိဿာလျှင် (၃၅၀၀)ကျပ်နှင့်ခရမ်းချဉ်သီးအလုံးသေး တစ်ပိဿာလျှင် (၃၀၀၀)ကျပ်တို့ဖြင့်ရောင်းချပြီး၊ ဩဂုတ်လဒုတိယပတ်တွင် ခရမ်းချဉ်သီး လက်ကားဈေးနှုန်း ဆယ်ပိဿာလျှင် (၂၃၀၀)ကျပ်နှင့် လက်လီဈေးနှုန်း ခရမ်းချဉ်သီးအလုံးကြီး တစ်ပိဿာလျှင် (၂၈၀၀)ကျပ်နှင့်ခရမ်းချဉ်သီးအလုံးသေး တစ်ပိဿာလျှင် (၂၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

ကရင်ပြည်နယ်ဒေသတွင် ဖြစ်ပေါ်နေသော ဩဂုတ်လပထမပတ်နှင့်ဒုတိယပတ် ဈေးနှုန်း နှိုင်းယှဉ်ခြင်းအားဖြင့် ကရင်ပြည်နယ်အတွင်း ခရမ်းချဉ်သီးဈေးနှုန်း အနည်းငယ်ကျနေသည်ကိုတွေ့ ရှိပြီး ယခုလို ခရမ်းချဉ်သီးဈေးနှုန်းကျရခြင်းမှာ အခြားဒေသမှခရမ်းချဉ်သီးများ ပေါပေါဝင်ရောက် လာခြင်းဖြစ်ကြောင်း သိရသည်။

DOCA(ကရင်)

ဘားအံမြို့ဒေသထွက်ပိန်းဥဈေးနှုန်းအခြေအနေ

  ရာသီစာဖြစ်သည့်  ကရင်ပြည်နယ်ဒေသထွက် ပိန်းဥကို ဘားအံမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဘားအံမြို့ပေါ်ဈေးများသို့ လာရောက်ရောင်းချကြပါသည်။ ဒေသခံတောင်သူများသည် ပိန်းဥကို အပိုဝင်ငွေရရှိရန်အတွက် မိမိတို့၏ အိမ်ခြံဝန်းအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ် လည်းစိုက်ပျိုးကြသည်။

  ပိန်းဥကို ငါးမီးကင်၊ ပုဇွန်ခြောက်၊ ဒန့်သလွန်ရွက်တို့ဖြင့် ဟင်းချိုချက်၍လည်းကောင်း၊ ငါးခြောက် ဖြင့်အချဉ်ဟင်းရည်အဖြစ်လည်းကောင်း၊ အမဲသား၊ ဝက်သားနှစ်လည်း ဟင်းအဖြစ်လည်းကောင်း၊ ပြုတ်၍ ဆီဆားတို့ဖြစ်လည်းတို့စားပါက ထမင်းမြိန်စေသည်။ ပိန်းဥထဲတွင် ပရိုတင်းဓာတ်၊ သံဓာတ်၊ ကြေးဓာတ်တို့ ပြည့်ဝစွာပါဝင်သည်။

  ၂၀၂၅ ခုနှစ်၊ မိုးရာသီ ဇူလိုင်လနောက်ဆုံးပတ် ပိန်းဥဈေးနှုန်းမှာ အရွယ်အစားအလိုက် ပိန်းဥ တစ်ပိဿာလျှင် (၉၀၀၀၊၁၀၀၀၀)ကျပ်နှင့် အသင့်စားပိန်းဥဈေးနှုန်းမှာ တစ်ဆယ်သားလျှင် (၁၅၀၀)ကျပ် နှုန်းတို့ဖြစ်ပြီး၊ ဩဂုတ်လ ဒုတိယပတ်၏ ပိန်းဥဈေးနှုန်းမှာ အရွယ်အစားအလိုက် ပိန်းဥ တစ်ပိဿာလျှင် (၅၀၀၀၊၇၀၀၀)ကျပ်နှင့် အသင့်စားပိန်းဥဈေးနှုန်းမှာ တစ်ဆယ်သားလျှင် (၁၀၀၀)ကျပ်နှုန်းတို့ဖြစ် ရောင်းချ လျက်ရှိကြောင်း၊ ယခင်လနှင့်ယခုလ ဈေးနှုန်းနှိုင်းယှဉ်ခြင်းအားဖြင့် ယခုလ ပိန်းဥဈေးနှုန်း အနည်းငယ် ကျနေကြောင်း၊ ယခုလို ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ဈေးများတွင် ပိန်းဥဈေးနှုန်းကျရခြင်းမှာ ဒေသတွင်း ပိန်းဥလှိုင်လှိုင်ထွက်ရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။

DOCA(ကရင်)

“ပြင်ဦးလွင်မြို့နယ်တွင် ပြည်သူ့သက်သာဈေးရောင်းချခြင်းပြုလုပ်“ပြင်ဦးလွင်မြို့နယ်တွင် ပြည်သူ့သက်သာဈေးရောင်းချခြင်းပြုလုပ်”

     ပြင်ဦးလွင်မြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအား ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့် ကူသရေးဦးစီးဌာနတို့ ပူးပေါင်းစီစဉ်မှုဖြင့် လုပ်ငန်းရှင်များနှင့် ညှိနှိုင်း၍ စားသုံးသူပြည်သူများအား သက်သာဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။ ဇူလိုင်လ(၂၅) ရက်နေ့တွင် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁) ကျောက်တိုင်ကွင်းအတွင်း၌ အခြေခံ စားသောက်ကုန်ပစ္စည်းများဖြစ်သော  အမဲသား (၁)ပိဿာလျှင်(၂၅၀၀၀/-)ကျပ်ဖြင့် (၃၀)ပိဿာ၊ ဝက်သား (၁)ပိဿာလျှင်(၂၆၀၀၀/-) ကျပ်ဖြင့် (၃၀)ပိဿာ၊ ဆိတ်သား (၁)ပိဿာလျှင်(၂၈၀၀၀/-) ကျပ်ဖြင့် (၁၅)ပိဿာ၊ စားအုန်းဆီ (၁)ပိဿာလျှင် (၇၂၀၀/-) ကျပ်ဖြင့် (၅၀၀)ပိဿာ၊ ကြက်ဥတစ်လုံး လျှင်(၃၅၀/-)ကျပ်ဖြင့် (၃၀၀၀)လုံး နှင့် ဆန်(၁)ပြည်လျှင် (၃၀၀၀/-)ကျပ်ဖြင့် (၃၆၀)ပြည်တို့အား ပြည်သူများအား သက်သာဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ချဉ်ပေါင် ဈေးကွက်

            သာစည်မြို့နယ်တွင် လယ်ယာထွက်ကုန်ဟင်းသီးဟင်းရွက်မျိုးစုံစိုက်ပျိုးကြရာ  ချဉ်ပေါင်ရွက်ကိုလည်း  သာစည်မြို့နယ်တဝိုက်ရှိ ကျေးရွာများ၌ တချို့ဥယျာဉ်ခြံမြေများတွင် တနိုင်တပိုင် စိုက်ပျိုးကြပြီး၊ ယခုအခါ စီးပွားဖြစ်စိုက်ပျိုးလာကြောင်း စိုက်ပျိုးတောင်သူများမှ ချဉ်ပေါင်ပင်မှ  ချဉ်ပေါင်ရွက်ကိုသာမက ချဉ်ပေါင်သီးများရောင်းချရသဖြင့် အကျိုးအမြတ်များရကြောင်း၊ ယခုဇူလိုင်လတတိယပတ်တွင် ချဉ်ပေါင်ရွက်ကိုဈေးကွက်အတွင်း (၂၅)ကျပ်သား လျှင် (၃၀၀)ကျပ်၊(၅၀)ကျပ်သားလျှင်(၆၀၀)ကျပ်၊(၁)ပိဿာလျှင်(၁၀၀၀)ကျပ်နှုန်းဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ချဉ်ပေါင်သီးများမှာလည်း တစ်ပုံလျှင်(၂၀၀-၃၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရပါသည်။ ချဉ်ပေါင်ရွက်ကိုဟင်းလျာအဖြစ် ရာသီမရွေးစားသုံးနိုင် သော်လည်း ချဉ်ပေါင်သီးမှာ အသီးသီးချိန်တွင်သာ စားသုံးနိုင်သဖြင့် ရာသီစာသီးနှံတစ်မျိုး ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း