ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ နံနံပင်ဈေးနှုန်း/ဈေးကွက်

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်တွင် အထင်ရှားဆုံးဟင်းခတ်အမွှေးအကြိုင်များထဲမှာ နံနံပင်ဖြစ်ပြီး အစေ့များကို ဟင်းခတ်မဆာလာတွင် အသုံးပြုကြပါသည်။ မြန်မာဟင်းများတွင် သာမက မုန့်ဟင်းခါးအသုပ်စုံတို့တွင်လည်း တွဲဖက်စားသုံးကြပါသည်။ ဆောင်းရာသီတွင် အထွက် များပြီး ကျန်ရာသီများတွင် အထွက်နည်းသောကြောင့် ဈေးကြီးပေးကာ ဝယ်ယူကြရပါသည်။

   ယခု၂၀၂၅ခုနှစ် ဇူလိုင်လနောက်ဆုံးပတ်များတွင် မြိတ်မြို့ပေါ်ရှိ စည်ပင်သာယာဈေးကြီး နှင့်စမ်းချောင်းကုန်စိမ်းဈေးများတွင် နံနံပင်တစ်စီးလျှင် (၉၀၀)ကျပ်ရှိပြီး တစ်ပိဿာလျှင်(၅၀၀၀) ကျပ်ခန့် ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ငပိဈေးနှုန်း

      တနင်္သာရီတိုင်းဒေသကြီးရှိ မြိတ်ခရိုင်ကျွန်းစုမြို့နယ်တွင် အများဆုံးလုပ်ကိုင်လျက်ရှိပါသည်။တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်များတွင် ငပိကိုလည်း အများအပြားလုပ်ကိုင်ကြပါသည်။ ငပိကို ‌ဒေသထွက် ပုစွန်၊ဂွေး၊ငါး စသည့်တို့မှာ အဓိကရရှိပြီး ရေထွက်ကုန်ပစ္စည်း တစ်မျိုးလည်း ဖြစ်ပါသည်။ ဟင်းချက်ရာတွင် ဟင်းမျိုးခတ်အဖြစ် ထည့်သုံးကြပါသည်။ အပြင် တို့စရာ ငပိထောင်းအဖြစ်လည်း သုံးစွဲကြပါသည်။ မြိတ်ဒေသထွက်ငပိသည် မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်သို့ တင်ပို့လျက်ရှိပြီး လူကြိုက်များသောကြောင့် ဈေးကောင်းရရှိကြောင်းလည်း သိရှိရပါသည်။ ငပိအမျိုးအစား အမျိုးမျိုးနှင့် အရည်အသွေးပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားမှုများလည်းရှိကြောင်း သိရှိရပါသည်။ မြိတ်ဒေသထွက်ငပိကို ထားဝယ်မြို့က ပိုမိုဝယ်ယူကြကြောင်းလည်း သိရှိရပါသည်။

    ၂၀၂၅ခုနှစ် ဇူလိုင်လနောက်ဆုံးပတ်တွင် မြိတ်မြို့ပေါ်ရှိ ငပိတစ်ပိဿာလျှင် (၈၀၀၀)ကျပ် နှင့် (၉၀၀၀)ကျပ်ရှိပြီး ယခင်ပတ်များတွင်လည်း ဈေးနှုန်းမပြောင်းလဲကြောင်းလည်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့ပေါ်ရှိ ဖရဲသီးဈေးနှုန်း

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်နှင့် မြို့နယ်များတွင် သစ်သီးမျိုးစုံဖြစ်သည့် ပန်းသီး၊ ဇီးသီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ နာနတ်သီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွေးသီး၊ ဖရဲသီးပန်းသစ်တော်၊ လိုင်ချီးသီး၊ စိမ်းစားဥနှင့် အစရှိသည့်သီးနှံများကို မြိတ်မြို့ဈေးကြီးများနှင့် လမ်းဘေးသစ်သီးဆိုင်များတွင် ရောင်းချနေကြောင်း သိရှိရပါသည်။

     ၂၀၂၅ခုနှစ် ဇူလိုင်လနောက်ဆုံးပတ်တွင် မြိတ်မြို့ပေါ်ရှိ ဖရဲသီးဈေးနှုန်းမှာ ကြီးတစ်လုံးလျှင် (၇၀၀၀)ကျပ်နှင့် အငယ်တစ်လုံးလျှင် (၅၀၀၀)ကျပ်ရှိကြောင်း သစ်သီးရောင်းချနေသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဟင်းနုနွယ်ရွက်စျေးနှုန်းစျေးကွက်

   ဟင်းနုနွယ်ရွက်သည်  ဗီတာမင် A များစွာပါဝင်ပြီး အာနိသင်ကြွယ်၀တဲ့ ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေကြောင့် အရွယ်တင်နုပျိုစေပြီး ဟင်းနုနွယ်ရွက် အရွက်ကိုသာမက အရိုးကိုလည်းစားသုံး နိုင်သောကြောင့် ကြော်စားနိုင်သလို၊ ချက်ပြုတ်ရာတွင်လည်း သုံးစွဲလျက်ရှိပါသည်။ အရိုးရဲ့အရသာ က အရွက်ထက်ပိုပြီး နူးညံ့၍ ပုဇွန်၊ ပုဇွန်ခြောက်တို့နှင့် နှစ်သက်ရာအသားတစ်မျိုးမျိုးဖြင့်လည်း ရောချက်စားကြသည်။ ကျေးရွာများတွင် ဟင်းနုနွယ်ကို ငပိစိမ်းစားနည်းဖြင့် ကြော်ချက်စားကြပြီး မြန်မာနိုင်ငံမှာတော့ များသောအားဖြင့် ဟင်းနုနွယ်ရွက်ကို ကြော်စားလေ့ရှိကြပါတယ်။

     စျေးကွက်တွင် အခြားဟင်းသီးဟင်ရွက်များဖြင့်မတူဘဲ အနည်းငယ်ရှားပါးလျက်ရှိပြီး ဟင်းနုနွယ်ရွက် တစ်စည်းလျှင် ၈၀၀ကျပ်ခန့်စျေးရရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ပဲပင်ပေါက်အကြောင်း သိကောင်းစရာ

    ပဲပင်ပေါက်ကို နေရာဒေသမရွေးသာမက မိမိတို့အိမ်တွင်း၌ပင် အပင်ဖောက်ကာစိုက်ပျိုးရ လွယ်ကူသောအစားအသောက်တစ်မျိုးပင်ဖြစ်သည့်အလျောက် ပြန်လည်ရောင်းချသူများအတွက်လည်း အလွန်စီးပွားရေးတွက်ချေကိုက်သော အပင်တစ်မျိုးဖြစ်သည်။ပဲတီစိမ်းတစ်ပြည်လျှင်(၈၀၀၀)  ကျပ်၊နို့ဆီဗူးတစ်ဘူးလျှင်(၈၀၀)ကျပ်၊နို့ဆီတစ်ဘူးအား ပဲပင်ဖောက်လျှင် ၁ပိဿာနှင့် ၅၀ ကျပ်သား ရသည်။

   ပဲပင်ပေါက်သည် အာဟာရဓာတ်ကြွယ်ဝသလို လိုအပ်သည့်ဗီတာမင်နှင့်သတ္တုဓာတ်များ ကြွယ်၀စွာပါဝင်နေသောကြောင့် ခန္ဓာကိုယ်ကျန်းမာစေနိုင်ပါသည်။ဗီတာမင်စီ ပါဝင်သောကြောင့် ကိုယ်ခံအားကောင်းစေပြီး ရောဂါပိုးများကူးခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။

          သို့သော် ပဲပင်ပေါက်၌ Salmonella(သို့)Ecali ကဲ့သို့သော ဘက်တီးရီးယားပိုးမွှားများ ပါဝင်နိုင်သည့်အတွက် အစိမ်းစားခြင်းထက်ကျက်အောင်ချက်၍ စားသုံးသင့်ပါသည်။ ပဲပင်ပေါက်စားတော့မည်လျှင် ဝမ်းပျက်ဝမ်းလျောဖြစ်စေနိုင်သောကြောင့် မဲနေသောနေရာများနှင့် ပုပ်နေသော နေရာများကို ဖယ်စား၍ စားသုံးသင့်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

စွန်ပလွန်သီး၏ စျေးနှုန်းစျေးကွက်

   စွန်ပလွန်သီးဟာ အရှေ့အလယ်ပိုင်းနိုင်ငံတွေရဲ့ အဓိကအစားအစာ တစ်မျိုးအဖြစ် နှစ်ပေါင်း များစွာ စားသုံးခဲ့ကြပါတယ်။ စွန်ပလွန်ပင်သည် အုန်းပင်၊ထန်းပင်မျိုးတို့ အမျိုးအစားတွင် ပါဝင်၍ ရာသီဥတု ပူပြင်းခြောက်သွေ့သောဒေသများတွင်ပေါက်ရောက်ပြီး အပန်းဖြေရန် အရိပ်ကောင်းပေးသည့် အပင်ဖြစ်သည်။စွန်ပလွန်ပင်သည် လှပတင့်တယ်သော သစ်ပင်မျိုးဖြစ်၍ အချို့နိုင်ငံများတွင် စွန်ပလွန်ပင်များကို အလှအပသက်သက်ဖြင့် စိုက်ပျိုးထားကြသည်။

     လူကြိုက်များပြီး ဒေသဈေးကွက်နှင့်နိုင်ငံတကာဈေးကွက်တို့တွင် ရောင်းချနိုင်သောကြောင့် စီးပွားဖြစ်စိုက်ပျိုးသူတို့အတွက် အကျိုးကျေးဇူးများစွာရရှိနိုင်သောအပင်ဖြစ်ပါသည် ယခုအခါတွင် စွန်ပလွန်သီးအမျိုးအစား အများအပြားရှိလာရာမှ အရောင်အသွေးနှင့် အရသာများလည်း ကွာခြားလျက်ရှိလာပါသည်။ လတ်ဆတ်သော စွန်ပလွန်သီးများကို ပြည်တွင်းတွင် ရောင်းချကြသလို အစားအသောက်ပြုပြင်ရောင်းချသည့်ကုမ္ပဏီများသို့ရောင်းချပြီး ကုန်တိုက်နှင့် စျေးများသို့ တင်ပို့ ရောင်းချကြသည်။ စွန်ပလွန်သီး(10kg) တစ်ပုံးလျှင်(၈၀၀၀၀) ကျပ်မှ(၁၀၀၀၀၀)ကျပ်အထိ ဈေးရှိကြောင်းနှင့် ထိုင်း၊မလေးရှားစသည့် နိုင်ငံများမှတဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။ ၎င်းတွင် ထူးခြားသောအရသာနှင့် ကျန်းမာရေး အကျိုးကျေးဇူးကြောင့် စွန်ပလွန်သီးကို နိုင်ငံအနှံ့အပြားတွင် စားသုံးကြကြောင်း လေ့လာသိရှိရပါသည်။

DOCA(တနင်္သာရီ)

ကန့်ဘလူခရိုင်၏ စက်သုံးဆီဈေးနှုန်း အပတ်စဉ်ပြောင်းလဲမှုအခြေအနေ

   မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သောကြာနေ့တိုင်း တစ်ပတ်တစ်ခါ စက်သုံးဆီဈေးနှုန်းများ ပြောင်းလဲလျှက်ရှိရာ ယခုတစ်ပတ် (၁.၈.၂၀၂၅)ရက်နေ့တွင် ဒီဇယ်၊ ဓါတ်ဆီ(ရိုးရိုး) (အဆင့်မြင့်)တို့၏ ဈေးနှုန်းပြောင်းလဲမှုမှာ 92 Octance ဓါတ်ဆီဈေးနှုန်း တစ်လီတာမှာ ၃၀၃၅ ကျပ်၊ 95 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၃၀၉၀ ကျပ်၊ ဒီဇယ်ရိုးရိုး ဈေးနှုန်းတစ်လီတာမှာ ၂၈၆၅ ကျပ်၊ ဒီဇယ်(အဆင့်မြင့်)ဈေးနှုန်း တစ်လီတာ မှာ ၃၅၁၀ ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။

  ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်း ဆိုင်များတွင် 92 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၃၃၂၅ ကျပ်၊ 95 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၃၂၈၇ကျပ်၊ ဒီဇယ်ရိုးရိုး ဈေးနှုန်းတစ်လီတာမှာ ၃၀၄၀ကျပ်၊ ဒီဇယ် (အဆင့်မြင့်)ဈေးနှုန်း တစ်လီတာမှာ ၃၇၆၅ကျပ်ဖြင့် ရောင်းချလျှက်ရှိရာ  ယခင်အပတ်ဈေးနှုန်း များနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း စက်သုံးဆီဈေးနှုန်းများ92 Octance ဓါတ်ဆီ၊ 95 Octance ဓါတ်ဆီဈေးကျ၍ ဒီဇယ်ရိုးရိုးနှင့် ဒီဇယ်(အဆင့်မြင့်)ဈေးနှုန်း အနည်းငယ်မြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့သစ်သီးဈေးကွက်ရှိ မင်းကွတ်သီးနှင့်ကြက်မောက်သီးဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့သစ်သီးဈေးကွက်သို့ ဩဂုတ်လ ပထမပတ်အတွင်း မင်းကွတ်သီးနှင့် ကြက်မောက်သီးများ ဝင်ရောက်မှု လျော့နည်းလာကြောင်း၊ မင်းကွတ်သီးများသည် မော်လမြိုင်ဒေသထွက်နှင့် မန္တလေးတိုင်းဒေသကြီးမှလည်း ဝင်ရောက် ကြောင်းသိရှိရသည်။ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့သစ်သီးဈေးကွက် တွင်မင်းကွတ်သီး အကြီး()လုံးလျှင် (၅၀၀)ကျပ်၊ အသေး()လုံး(၄၀၀)ကျပ် တို့ဖြင့်ရောင်းချ ကြောင်း၊ ဩဂုတ်လ ပထမပတ်အတွင်း ကြက်မောက်သီး အသေး()လုံးလျှင် (၃၀၀)ကျပ်၊ အကြီး ()လုံးလျှင် (၅၀၀)ကျပ်နှင့် (၁၀)လုံးလျှင် (၄၈၀၀)ကျပ် တို့ဖြင့်ရောင်းချလျက်ရှိပြီး ယခုပတ်အတွင်း မင်းကွတ်သီးနှင့် ကြက်မောက်သီးများ အရောင်းသွက်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင်ရောင်းချနေသည့် ကြက်ကင်၊ငါးကင်နှင့်အကင်စုံဈေးနှုန်းများ

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဟင်းသီးဟင်းရွက်များ၊ အသား၊ ငါးမျိုးစုံ ရောင်းချလျက်ရှိရာ တစ်နိုင်တစ်ပိုင် အသေးစားစီးပွားရေး လုပ်ငန်းအနေဖြင့် ကြက်ကင်၊ ငါးကင်နှင့် အခြားအကင်မျိုးစုံ စသည်ဖြင့် ရောင်းချနေကြောင်း၊ ကြက်သားနှင့် ငါးတို့ကို ကန့်ဘလူ မြို့မဈေးမှ ဝယ်ယူရကြောင်းသိရှိရသည်။

  ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့တွင် ရောင်းချနေသော အကင်ဈေး နှုန်းများမှာ အရွယ်အစားနှင့် အမျိုးအစားပေါ်မူတည်၍ ကွာခြားမှုရှိကြောင်း ငါးကင်အသေး တစ်ကောင်လျှင်(၃၅၀၀မှ ၅၀၀၀)ကျပ်၊ အကြီးတစ်ကောင်လျှင် (၈၀၀၀မှ ၁၂၀၀၀)ကျပ်၊ ကြက်ပေါင် (၁)ကင်လျှင် (၅၀၀၀)ကျပ်၊ ကြက်တောင်ပံကင်(၁)ချောင်းလျှင် (၁၅၀၀)ကျပ်၊ ကြက်သဲမြစ်(၃) ချောင်း (၁၀၀၀)ကျပ်၊ ကြက်ခြေထောက်(၃)ချောင်း (၂၀၀၀)ကျပ်၊ ရုံးပတီသီး(၁)ကင် (၇၀၀)ကျပ် နှင့် အသားတုကင်(၈)ချောင်း (၁၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ အခြားသော အကင်မျိုးစုံလည်း ရောင်းချကြောင်း၊ နေ့စဉ်ဝယ်ယူစားသုံးသူ များသည့်အတွက် မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက် ရှိကြောင်း၊ အကင်အမျိုးမျိုးရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ဒေသထွက် သနပ်ခါးတုံးဈေးနှုန်း

  စစ်ကိုင်းတိုင်းဒေသကြီးသည် မြန်မာအမျိုးသမီးများ ကြိုက်နှစ်သက်စွာ အသုံးပြုနေကြသည့် သနပ်ခါးပင်များ စိုက်ပျိုးထွက်ရှိရာ ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။ မြန်မာ့သနပ်ခါးသည် ကဗျာ၊ သီချင်းများ စပ်ဆိုရသည်အထိ ထင်းရှားပြီး၊ ရှေးယခင်ကပင် သနပ်ခါးကို နန်းတွင်းအလှကုန်အဖြစ် အသုံးပြုခဲ့ကြောင်း၊ မြန်မာ့ရိုးရာ အလှတရားတွင် သနပ်ခါးသည် အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်ပြီး အမျိုးသမီးများသည် မျက်နှာတွင် သနပ်ခါးဖြင့် အလှဆင်လေ့ရှိကြောင်း သိရှိရပါသည်။

      မြန်မာနိုင်ငံတွင် သနပ်ခါးသည် သဘာဝအလှကုန်ပစ္စည်းအဖြစ် ဈေးကွက်တွင် အရေးပါပြီး နိုင်ငံတကာတွင်လည်း စိတ်ဝင်စားမှုများလာကြောင်း၊ သနပ်ခါးသည် ကျန်းမာရေးနှင့် အလှအပတို့ အတွက် တန်ဖိုးမဖြတ်နိုင်သော သဘာဝလက်ဆောင်တစ်ခုဖြစ်ပြီး၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချ နေသော သနပ်ခါးတုံးများသည် ကန့်ဘလူခရိုင်အတွင်းမှ ထွက်ရှိသလို၊ ရွှေဘိုမြို့ရှိ လက်လီ၊လက္ကား သနပ်ခါးတုံး အရောင်းဆိုင်များမှလည်း ဝယ်ယူရောင်းချကြောင်း၊ ဩဂုတ်လ ပထမပတ်အတွင်း မြန်မာ့ရိုးရာသနပ်ခါး(၁)တုံးလျှင် (၅၀၀၀မှ ၆၀၀၀)ကျပ်၊ အသေး(၁)တုံးလျှင် (၂၀၀၀)ကျပ်နှင့် (၃) တုံးလျှင် (၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိရာ အရွယ်အစားနှင့် အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းများကွာခြားကြောင်း လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း