ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော နေကြာသီးနှံဈေးနှုန်း

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သည့် နေကြာသီးနှံကိုလည်း စိုက်ပျိုးကြောင်း၊ မိုးစိုက်နေကြာနှင့် ဆောင်းစိုက်နေကြာ ဟူ၍(၂)မျိုးရှိပြီး၊ ကန့်ဘလူမြို့နယ်တွင် ဆောင်းနေကြာကို (၂၉၃၅)ဧက စိုက်ပျိုးရိတ်သိမ်းနိုင်ခဲ့ကြောင်း ကြေးတိုင် နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။

   ကန့်ဘလူမြို့နယ်၌ နေကြာသီးနှံစိုက်ပျိုးရာတွင် မျိုးအနေဖြင့် ဆင်းရွှေကြာ-၂မျိုးကို အများ ဆုံးစိုက်ပျိုးကြောင်း၊ မြေအနေအထားနှင့် အပင်ပြုစုခြင်းအပေါ်မူတည်၍ နေကြာအထွက်နှုန်း ကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း နေကြာ(၁)တင်း လျှင် (၅၈၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ဒေသတွင်း၌ နေကြာသီးနှံကို ကုန်ချောပြု လုပ်ခြင်းမရှိပဲ ရွှေဘိုမြို့နှင့် မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ကြောင်း၊ ဒေသတွင်းပွဲရုံ လုပ်ငန်းရှင်များ ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့သီးနှံဈေးကွက်ရှိ နှမ်းနက်၊နှမ်းဖြူဈေးနှုန်း

   ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသ တစ်ခုဖြစ်ပြီး ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ မြေထူးကျေးရွာ၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ဆောင်းနှမ်းကိုအဓိက စိုက်ပျိုး ကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော နှမ်းသီးနှံများကို မန္တလေးမြို့ရှိပွဲရုံ များသို့တင်ပို့ကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း နှမ်းနက်(စမုံ)တစ်တင်းလျှင်(၂၃၅၀၀၀)ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် (၁၀၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဇူလိုင်လ နောက်ဆုံးပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း နှမ်းဖြူ(၁)တင်းလျှင် (၂၅၀၀)ကျပ် ကျဆင်းသွားကြောင်း၊ သီးနှံဈေးနှုန်း မှာအချိန်နှင့်အမျှ ပြောင်းလဲမှုရှိကြောင်း  ဒေသတွင်းသီးနှံ ရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကော့သောင်းမြို့ ပေါ်ရှိ ကြက်သွန်နီ စျေးနှုန်း/စျေးကွက်

     ကော့သောင်းမြို့တွင် မီးဖိုချောင်သုံးသီးနှံဖြစ်သည့် ကြက်သွန်နီကို နေရာအနှံ့အပြားတွင် ရောင်းချကြပါသည်။ ကော့သောင်းမြို့ဈေးကွက်အတွင်း အပတ်စဉ်ဝင်ရောက်လျက်ရှိပြီး ဒေသတွင်း လက်လီ/လက်ကားဝယ်ယူသူများ၊ မြို့နယ်များမှတစ်ဆင့် ပြန်လည်ရောင်းချသူများ ပုံမှန်ရောင်းဝယ်နေကြောင်းသိရှိရပါသည်။ ၂၀၂၅ခုနှစ် ယခင်ဇွန်လတွင် ကော့သောင်းမြို့နယ်ရှိ ကြက်သွန်နီ တစ်ပိဿာ လျှင်(၂၈၀၀ိ/-)ကျပ်ရှိပြီး၊ ယခု ဇူလိုင်လတွင် ကြက်သွန်နီ တစ်ပိဿာလျှင် (၂၆၀၀ိ/-)ကျပ်ရှိပြီး ယခင်လနှင့် စျေးနှုန်းနှိုင်းယှဉ်ပါက စျေးနှုန်း အနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသော ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ကန့်ဘလူခရိုင်အတွင်းရှိ  သီးနှံစိုက်ပျိုးသူများက ဝယ်ယူအသုံး ပြုလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ကန့်ဘလူခရိုင်၏ စိုက်ပျိုးရေးသုံးဓာတ်မြေ ဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ ပန်းဖူး(50)kgတစ်အိတ်လျှင် (၁၃၅၀၀၀)ကျပ်၊ မြှားကမ္ဘာ (50)kgတစ်အိတ်လျှင် (၁၂၀၀၀၀)ကျပ်၊ အာမို၊ ကျွဲနက်တံဆိပ်(၁၅:၁၅:၁၅) ကွန်ပေါင်းဓာတ်မြေ ဩဇာ(50)kg တစ်အိတ်လျှင်(၁၆၅၀၀၀)ကျပ်၊ ရွှေနဂါး ပုလဲသာ(50)kg တစ်အိတ်လျှင် (၁၁၀၀၀၀) ကျပ်၊ ရွှေတောနစ်(၅၀၀)စီစီ တစ်ဘူးလျှင် (၁၅၀၀၀)ကျပ်၊ မိုရယ်လ်မုန်း အမြစ်ပွား၊ အသီးတင်၊ အပင်သန် ဟော်မုန်းဆေး (၅၀၀)စီစီတစ်ဘူးလျှင်(၄၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊ ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေး ရောင်းချသည့်ဆိုင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူပဲဈေးကွက်တွင် ထောပတ်ပဲသီးနှံဈေးနှုန်း အနည်းငယ်ကျဆင်း

   စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်ကြပြီး  သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ထောပတ်ပဲသီးနှံကို စိုက်ပျိုးထားရှိကြောင်း၊ ထောပတ်ပဲသီးနှံကို ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ နတ်ပေးကျေးရွာနှင့် အခြား သောကျေးရွာများတွင် စိုက်ပျိုးကြပြီး ထောပတ်ပဲ(ဆောင်း)သီးနှံကို ယခုအချိန်တွင် ရိတ်သိမ်းပြီး ဖြစ်ကြောင်း သိရသည်။

  ၂၀၂၅ ခုနှစ်၊ ဩဂုတ်လပထမပတ်အတွင်း ထောပတ်ပဲတစ်တင်းလျှင် (၁၂၁၀၀၀)ကျပ်၊ အကွဲအနာပါ(၁)တင်းလျှင် (၁၂၀၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဇူလိုင်လ နောက်ဆုံးပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ထောပတ်ပဲသီးနှံ(၁)တင်းလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း၊ ကန့်ဘလူခရိုင်အတွင်းမှ စားသုံး၍ပိုလျှံသည့် ထောပတ်ပဲသီးနှံကို  မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသော စွန်တာနီ(ပဲနီ)ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ စွန်တာနီ(ပဲနီ)သီးနှံများကို ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာ နှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးလျက်ရှိပြီး ဆောင်းသီးနှံ စွန်တာနီ(ပဲနီ)(၁၃၉၃)ဧက စိုက်ပျိုးရိတ် သိမ်းနိုင်ခဲ့ကြောင်း ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။

   ၂၀၂၅ ခုနှစ် ဩဂုတ်လ ပထမပတ်အတွင်း စွန်တာနီ(ပဲနီ)တစ်တင်းလျှင် (၉၉၀၀၀)ကျပ်၊ အကွဲအနာပါ(၁)တင်းလျှင် (၉၈၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဇူလိုင်လ နောက်ဆုံးပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း စွန်တာနီ(ပဲနီ)(၁)တင်းလျှင် (၅၀၀) ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း၊ သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ကြက်ဆူစေ့သီးနှံဈေးနှုန်း ဆက်လက်ကျဆင်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိ ရာကြက်ဆူစေ့ကို ယာကွက်လွတ်များ၌လည်းကောင်း၊ ယာခင်းဘေးပတ်လည်၌လည်းကောင်း၊ ကြဲပက်စနစ်နှင့် တန်းစိုက်စနစ်တို့ဖြင့် စိုက်ပျိုးကြောင်း၊ ကြက်ဆူစေ့သီးနှံများသည် ကန့်ဘလူမြို့ နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများမှဝင် ရောက်လျက်ရှိ ပြီး ကြက်ဆူစေ့သည် စိုက်ပျိုးရလွယ်ကူပြီး ဈေးကောင်းရသဖြင့် စိုက်ပျိုးသူများအနေဖြင့် အပိုဝင်ငွေရရှိကာ မိသားစုအဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

  ၂၀၂၅ ခုနှစ်၊ ဩဂုတ်လပထမပတ်အတွင်း  ကြက်ဆူစေ့တစ်တင်းလျှင် (၄၅၅၀၀)ကျပ်၊ ကြက်ဆူစေ့ညံ့လျှင်(၄၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဇူလိုင်လ နောက်ဆုံး ပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကြက်ဆူစေ့(၁)တင်းလျှင် (၁၅၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း၊ ကြက်ဆူစေ့များကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း၊ ဒေသတွင်းသီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကော့သောင်းမြို့နယ် ရှောက်သီးစျေးနှုန်း

    ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဥယျာဉ်ခြံများမှ ထွက်ရှိသော ရှောက်သီးများကို ကော့သောင်းမြို့ပေါ် စျေးများတွင် ခြံရှင်များ ကိုယ်တိုင်သော်လည်းကောင်း၊ ဖောက်သည်များသွင်း၍ ပြန်လည်ရောင်းချလျက်ရှိပြီး ရှောက်သီးသည် ဆေးဖက်ဝင်အသီးတစ်မျိူးလည်းဖြစ်ပြီး ရှောက်သီးကို ရှောက်ယိုများတွင်လည်း အရည်ကိုအသုံးပြုပြီး ရှောက်သီးသုပ် အမျိူးမျိုးစားသုံးလေ့ရှိပြီး လူတိုင်း ကြိုက်နှစ်သက်သည့် အသီးတစ်မျိူးဖြစ်သည့်အတွက် အရောင်းအဝယ်ကောင်းလျက်ရှိပြီး ရှောက်သီး တစ် လုံးလျှင် (၅၀၀ိ/-)ကျပ် နှုန်းဖြင့် စျေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကွမ်းဈေးနှုန်း

   မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်နေသော နိုင်ငံတစ်ခုဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် တွင်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် ကွမ်းခြံများကို မိမိတို့ယာကွက်များ၌လည်း ကောင်း၊ နေအိမ်ခြံဝင်းများ၌လည်းကောင်း မိသားစုဝင်ငွေရရှိသည့်အတွက် စိုက်ပျိုးကြကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်တွင် ဖြစ်ပေါ်နေသော ကန့်ဘလူမြို့နယ်၏ ကွမ်းရွက် ဈေးနှုန်းများမှာ အရည်အသွေးပေါ်မူတည်၍ ကွမ်းရွက်(ရှယ်)တစ်ပိဿာလျှင် (၃၀၀၀မှ၄၀၀၀)ကျပ်၊ ကွမ်းရွက်(ကြီး)တစ်ပိဿာလျှင် (၁၅၀၀)ကျပ်၊ ကွမ်းရွက်(သေး)တစ်ပိဿာလျှင် (၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကွမ်းရွက်များကို ကန့်ဘလူခရိုင်အတွင်းနှင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း ကွမ်းရွက်ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ပဲဈေးကွက်၌ ကုလားပဲဈေးနှုန်း အနည်းကျဆင်း

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကုလားပဲ သီးနှံကို မှော်တော်ကျေးရွာ၊ မြေထူးကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးကြောင်း၊ ဆောင်းကုလားပဲ(၆၉၁၉)ဧက စိုက်ပျိုးရိတ်သိမ်းနိုင်ခဲ့ကြောင်း ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

  ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့နယ်၌ ကုလားပဲထိုင်ဝမ်(၁)တင်း လျှင် (၇၅၀၀၀)ကျပ်၊ ကုလားပဲ(929)(၁)တင်းလျှင်(၇၈၀၀၀)ကျပ်၊ ကုလားပဲ(V2)(၁)တင်းလျှင် (၈၂၀၀၀)ကျပ်နှင့် ကုလားပဲ(V7)(၁)တင်းလျှင် (၈၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုအပတ်အတွင်း ကုလားပဲထိုင်ဝမ်(၁)တင်း လျှင်(၁၅၀၀)ကျပ်၊ (929)(၁)တင်းလျှင် (၁၀၀၀)ကျပ်၊ (V2)(၁)တင်းလျှင် (၁၅၀၀)ကျပ်နှင့် (V7)(၁) တင်းလျှင် (၁၅၀၀)ကျပ် ဆက်လက်ကျဆင်းနေကြောင်း၊ ကန့်ဘလူမြို့နယ်မှ ထွက်ရှိသည့် ကုလားပဲများကို မန္တလေးမြို့ရှိပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း ဒေသတွင်း ပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း