စပျစ်သီးစျေးအနည်းငယ်တက်

Powered by Drupal

    မန္တလေးသစ်သီးစျေးကွက်သို့    သြဂုတ်လဒုတိယပတ်အတွင်း      ရမည်းသင်းဒေသထွက် စပျစ်သီးဝင်‌ရောက်မှုလျော့နည်းလာသည့်အတွက် စျေးအနည်းတက်သွားကြောင်း    သိရပါသည်။ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်မှ ထွက်ရှိသည့်စပျစ်သီးဝင်ရောက်မှုများပြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးမှလည်း  ဝင်ရောက်ကြောင်း သိရပါတယ်။ မန္တလေးသစ်သီးစျေးကွက်တွင်    ၂၀၂၅  ခုနှစ် သြဂုတ်လဒုတိယပတ်အတွင်း တစ်ပိဿာလျှင် စပျစ်သီးအလုံးဝိုင်း (ကြီး)  ၁၂၀၀၀  ကျပ်   နှင့် ၁၄၀၀၀ကျပ်၊ စပျစ်သီး (လုံးသေး) ၈၀၀၀ ကျပ် နှင့် ၁၀၀၀၀ ကျပ် စျေးတို့ဖြင့် ရောင်းချလျက်ရှိပြီး၊ သစ်သီးမျိုးစုံအရောင်းသွက်သည့် ဝါတွင်းကာလသစ်သီးစျေးကွက်တွင်  စပျစ်သီးမှာ စျေးအနည်း ငယ်တက်သော်လည်းအရောင်းသွက်လျက်ရှိသည့်သီးနှံတစ်မျိုးဖြစ်ကြောင်း သိရပါသည်။

DOCA(မန္တလေး)