ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုဒုံမြို့နယ်၊ ကတုံးပေါ်ဆိပ်ကမ်းသို့ ဆီတင်သင်္ဘောရောက်ရှိ ဆိုက်ကပ်မှု

    (၇.၈.၂၀၂၅) ရက်နေ့တွင် ထိုင်းနိုင်ငံ၊ Phuket ဆိပ်ကမ်းမှ (၃.၈.၂၀၂၅) ရက်နေ့တွင် ထွက်ခွာလာသော Nathalin Management Co., LTD ကုမ္မဏီပိုင် M.T SIR KHIRI CHAD အမည်ရှိ စက်သုံးဆီတင်သင်္ဘောသည် စက်သုံးဆီများ တင်ဆောင်ကာ မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာရှိ ရာဇာမင်းရေနက်ဆိပ်ကမ်းသို့ ဆိုက်ကပ်လာခဲ့ကြောင်း၊ အဆိုပါ စက်သုံးဆီတင်သင်္ဘော ဆိုက်ကပ်လာခဲ့ရာ ပြည်နယ်ရေကြောင်းရဲတပ်ဖွဲ့၊ မော်လမြိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်မီးသတ်ဦးစီးဌာန၊ ပြည်နယ်အကောက်ခွန်ဦးစီးဌာန၊ ပြည်နယ်ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ရေကြောင်းပို့ဆောင်ရေး ဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာ(မွန်ပြည်နယ်)၊ မုဒုံမြို့နယ်ရဲတပ်ဖွဲ့မှူး၊ မုဒုံမြို့နယ်လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန၊ သတင်းရဲတပ်ဖွဲ့စု(မုဒုံ)၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန တို့ပါဝင်သော ပူပေါင်းအဖွဲ့မှ ဆီတင်သင်္ဘောအား စစ်ဆေးဆောင်ရွက် ခဲ့ကြကြောင်း သိရှိရပါသည်။

   ရာဇာမင်းကုမ္ပဏီမှ မွန်ပြည်နယ်အတွင်းသို့ စက်သုံးဆီတင်သွင်းမှုမှာ ၉.၆.၂၀၂၅ မှ ၇.၈.၂၀၂၅ အထိ တန်ချိန် ၁၄၉၂၂.၉၇၃ တန် တင်သွင်းခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကွမ်းဈေးနှုန်း

   မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်နေသော နိုင်ငံတစ်ခုဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် တွင်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် ကွမ်းခြံများကို မိမိတို့ယာကွက်များ၌လည်း ကောင်း၊ နေအိမ်ခြံဝင်းများ၌လည်းကောင်း မိသားစုဝင်ငွေရရှိသည့်အတွက် စိုက်ပျိုးကြကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်တွင် ဖြစ်ပေါ်နေသော ကန့်ဘလူမြို့နယ်၏ ကွမ်းရွက် ဈေးနှုန်းများမှာ အရည်အသွေးပေါ်မူတည်၍ ကွမ်းရွက်(ရှယ်)တစ်ပိဿာလျှင် (၃၀၀၀မှ၄၀၀၀)ကျပ်၊ ကွမ်းရွက်(ကြီး)တစ်ပိဿာလျှင် (၁၅၀၀)ကျပ်၊ ကွမ်းရွက်(သေး)တစ်ပိဿာလျှင် (၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကွမ်းရွက်များကို ကန့်ဘလူခရိုင်အတွင်းနှင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း ကွမ်းရွက်ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုဒုံမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက်မတည်ရန်ပုံငွေထုတ်ချေး

    မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက် မတည်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ၇.၈.၂၀၂၅ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

    ဦးစွာ မုဒုံမြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းအောင်က အမှာစကားပြော ကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆန်းမင်းထွန်းက စိုက်ပျိုးရေး လုပ်ငန်းများ ပိုမိုတိုးချဲ့လုပ်ကိုင်နိုင်စေရန်နှင့် စိုက်ပျိုးရေးကဏ္ဍမှ ကျေးလက်စီးပွားရေး တောင့်တင်းခိုင်မာလာစေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကို ထုတ်ချေးပေးရခြင်း ဖြစ်ကြောင်းနှင့် လိုက်နာရမည့် စည်းမျဥ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်အတွင်းရှိ အခြေခံသမဝါယမအသင်း(၆)သင်းမှ အသင်းသားဦးရေ (၂၆၆) ဦး၏ စိုက်ဧက (၁၃၉၃) ဧကအတွက် အရင်းအတိုးငွေ စုစုပေါင်း ၂၅၄၁၁၂၀၀၀ ကျပ်ကို တာဝန်ရှိသူများက အသင်းများထံ လက်ဝယ်အရောက် ထုတ်ပေးခဲ့ကြောင်း သိရသည်။

DOCA (မွန်)

ကန့်ဘလူမြို့နယ်၌ မြေပဲလုံးဆံဈေးနှုန်းများ ဆက်လက်ကျဆင်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး မြေပဲလုံးဆံများကို မြေပဲစိုက်ပျိုးရာ၌လည်းကောင်း ၊ ဆီစက်လုပ်ငန်းရှင် အချို့မှ မြေပဲဆီကြိတ်ကာ ကုန်ချောထုတ်လုပ်၍ ပြန်လည်ရောင်းချကြောင်း၊ မြေပဲလုံးဆံကို မြေပဲယို၊ မြေပဲဆားလှော် စသည်ဖြင့်လည်း အသုံးပြုကြကြောင်း သိရသည်။

   ကန့်ဘလူမြို့နယ်တွင် အရောင်းအဝယ်ဖြစ်နေသည့် မြေပဲလုံးဆံများကို ဒေသတွင်းစိုက်ပျိုး တောင်သူများမှလည်းကောင်း၊ မန္တလေးမြို့နှင့် ရွှေဘိုမြို့တို့မှလည်းကောင်း ဝင်ရောက်လျက်ရှိကြောင်း၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း မြေပဲလုံးဆံ(၂၅)ပိဿာတစ်အိတ်လျှင် (၂၀၂၅၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပြီး ယခင်ပတ်ဈေးနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း မြေပဲလုံးဆံ(၁)တင်းလျှင် ဈေးနှုန်း(၈၇၅၀)ကျပ် ဆက်လက်ကျဆင်းနေကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ မတ်ပဲဈေးနှုန်းများမြင့်တက်၍ အရောင်းအဝယ်ဖြစ်

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ၊ ဆောင်းမတ်ပဲ(၃၈၅၄၄)ဧက စိုက်ပျိုးရိတ်သိမ်းနိုင်ခဲ့ကြောင်း၊ မတ်ပဲသီးနှံကို ကန့်ဘလူမြို့နယ် မြေထူးကျေးရွာ၊ တောက္ကရှပ်ကျေးရွာ၊ ညောင်ဇင်ကျေးရွာများတွင် အဓိကစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

   ၂၀၂၅ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲရိုးရိုးတစ်တင်းလျှင် (၈၃၀၀၀)ကျပ်၊ မတ်ပဲမျက်ကွင်းဖြူ တစ်တင်းလျှင် (၈၇၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း မတ်ပဲရိုးရိုး(၁)တင်းလျှင် (၁၀၀၀)ကျပ်နှင့် မတ်ပဲမျက်ကွင်းဖြူ တစ်တင်းလျှင် (၅၀၀)ကျပ် ဆက်လက်မြင့်တက်နေကြောင်း၊ ကန့်ဘလူမြို့နယ်အတွင်းမှ ထွက်ရှိသော မတ်ပဲသီးနှံများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များ သို့တင်ပို့ရောင်းချကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ဘိလပ်စေ့သီးနှံဈေးနှုန်း ပြန်လည်မြင့်တက်နေ

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့် ဆီထွက်သီးနှံများ အပြင် ဘိလပ်စေ့သီးနှံကိုလည်း စိုက်ပျိုးကြောင်း၊ ဘိလပ်စေ့ကို ယာကွက်လွတ်များ၌ လည်း ကောင်း၊ ယာခင်းဘေး ပတ်လည်၌လည်းကောင်း၊ ကြဲပက်စနစ်နှင့် တန်းစိုက်စနစ်တို့ဖြင့် စိုက်ပျိုး ကြကြောင်း၊ ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသော ကျေးရွာ များမှ ဝင်ရောက်လျက်ရှိပြီး ဘိလပ်စေ့သည် စိုက်ပျိုးရလွယ်ကူပြီး ဈေးကောင်းရသဖြင့် စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ဘိလပ်စေ့တစ်တင်းလျှင် (၇၃၀၀၀)ကျပ်၊ ဘိလပ်စေ့ညံ့လျှင် (၆၂၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုပတ်အတွင်း ဘိလပ်စေ့ သီးနှံဈေးနှုန်းမှာ (၁)တင်းလျှင် (၅၀၀၀)ကျပ် ပြန်လည်မြင့်တက်လာကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူမြို့နယ်မှ ထွက်ရှိသော ဘိလပ်စေ့များကို  မန္တလေးမြို့ရှိပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်ပဲဈေးကွက်၌ ပဲလွန်းဖြူဈေးနှုန်းအနည်းငယ်ကျဆင်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက် သီးနှံများ အပြင် ပဲမျိုးစုံကိုလည်းစိုက်ပျိုးကြောင်း၊ ပဲလွန်းဖြူသီးနှံများကို ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေး ရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း၊  ပဲလွန်းဖြူ သီးနှံသည် စိုက်ပျိုးရလွယ်ကူပြီး ဈေးကောင်းရသဖြင့် စိုက်ပျိုးသူများအနေဖြင့် ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ဈေးနှုန်းများမှာ ပဲလွန်းဖြူတစ်တင်းလျှင် (၈၈၀၀၀)ကျပ်၊ အကွဲအနာပါတစ်တင်းလျှင် (၈၇၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ပဲလွန်းဖြူသီးနှံဈေးနှုန်းမှာ (၁)တင်းလျှင်(၂၀၀၀)ကျပ် ကျဆင်းလျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူမြို့နယ်မှ ထွက်ရှိသော ပဲလွန်းဖြူသီးနှံများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသည့်  ပဲတီစိမ်းဈေးနှုန်းကျဆင်း

    စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ပဲတီစိမ်းသီးနှံကို ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်းကျေးရွာ၊ မိုးကောင်းကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးကြောင်း၊ ဆောင်းပဲတီစိမ်း (၂၂၂၁၄) ဧကစိုက်ပျိုးရိတ်သိမ်းနိုင်ခဲ့ကြောင်း ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရ သည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင် (၇၈၀၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုး အလုံးလှတစ်တင်းလျှင် (၈၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ၊ပဲတီစိမ်းမှာ အလုံးလှပြီး အကွဲအနာကင်းလျှင် ဈေးပိုမိုရရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ပဲတီစိမ်းဈေးနှုန်း ကျဆင်းသွားကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူမြို့နယ်မှထွက်ရှိသော ပဲတီစိမ်းများကို မန္တလေးမြို့ရှိ ပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ အများဆုံး  တင်ပို့ရောင်းချကြောင်း၊ သီးနှံရောင်းဝယ် ရေးလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 ကန့်ဘလူမြို့ပဲဈေးကွက်တွင် ပဲဇီးကွက်သီးနှံဈေးနှုန်းကျဆင်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ပဲဇီးကွက်သီးနှံကို ကန့်ဘလူမြို့နယ် ဆန္ဒယားကျေးရွာ၊ ကံကြီးကုန်းကျေးရွာနှင့် အခြားသော ကျေးရွာများတွင်လည်း စိုက်ပျိုးကြောင်း သိရှိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း ပဲဇီးကွက်တစ်တင်းလျှင် (၈၉၅၀၀)ကျပ်၊ အကွဲအနာပါလျှင်(၈၉၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ပဲဇီးကွက်သီးနှံ(၁)တင်းလျှင် (၇၅၀၀)ကျပ်ဈေးနှုန်း ကျဆင်းသွားကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူမြို့နယ်မှ ထွက်ရှိသော ပဲဇီးကွက်သီးနှံများကို မန္တလေးမြို့ရှိ ပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ် အရောင်းအဝယ်ဖြစ်နေသော ပဲစဉ်းငုံဈေးနှုန်း

    မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ၊ ပဲစဉ်းငုံသီးနှံသည် ကန့်ဘလူခရိုင်၏ အဓိကစိုက်ပျိုးသီးနှံ တစ်ခုဖြစ်ကြောင်း သိရသည်။

   ကန့်ဘလူမြို့နယ်၌ ပဲစဉ်းငုံမျိုးအနေဖြင့် အစေ့အနီရောင်မျိုးနှင့် အစေ့အဖြူရောင်မျိုးဟူ၍ (၂)မျိုးရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ပဲစဉ်းငုံနီ(၁)တင်း လျှင် (၈၀၀၀၀)ကျပ်၊ ပဲစဉ်းငုံဖြူ(၁)တင်းလျှင် (၇၇၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဒေသထွက် ပဲစဉ်းငုံများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း ဒေသတွင်းသီးနှံ ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း