ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

၂၇.၇.၂၀၂၅ ရက်နေ့တွင် လှိုင်မြို့နယ် သီရိမင်္ဂလာဈေးကြီးတွင် ကုန်စိမ်း၊ ပန်းနှင့် သစ်သီးများ ဝင်ရောက်မှုအခြေအနေ

  ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်  သီရိမင်္ဂလာဈေးအတွင်းသို့ နေ့စဉ်အနယ်နယ်အရပ်ရပ်မှ သစ်သီးများ၊ ပန်းနှင့် ကုန်စိမ်းများ ဝင်ရောက်လျက်ရှိရာ အောင်ပန်း၊ တောင်ကြီး၊ ကလော၊ ဟဲဟိုး၊ အင်းလေး၊ မှော်ဘီ၊ တိုက်ကြီး၊ တွံတေး၊ ကျောင်းကုန်း၊ ရွှေညောင်၊ ညောင်နှစ်ပင်၊ ခရမ်း၊ သုံးခွ၊ ဝါးနက်ချောင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့မှ ၂၇.၇.၂၀၂၅ ရက်နေ့တွင် ကုန်စိမ်းကုန်ချိန် ပိဿာချိန်ပေါင်း (၇၈၈၀၀၀) ကား (၉၉) စီးဝင်ရောက်လျက်ရှိကြောင်း၊ ပြင်ဦးလွင်၊ ကလော၊ မိုးကုတ်၊ တောင်ကြီး၊ အောင်ပန်း၊ ဘီးလင်း၊ တပ်ကုန်း၊ ရဲမွန်၊ ရေး၊ အင်းမ၊ မှော်ဘီ၊ တိုက်ကြီး၊ မန္တလေး ၊ သီပေါ၊ ကျိုက်ကော်၊ မော်လမြိုင်၊ ပုပ္ပါး၊ ကျောက်ဆည်၊ တောင်ငူ၊ တွံတေး၊ ထားဝယ်၊ ကြံခင်း၊ ခရမ်းတို့မှ သစ်သီးများ ကုန်ချိန်ပိဿာချိန်ပေါင်း (၁၄၇၀၀၀) ကား (၂၄) စီးဝင်ရောက်ပြီး  ကလော၊ ဟဲဟိုး၊ တောင်ကြီး၊ ပြင်ဦးလွင်၊ ရွှေတောင်၊ ငွေတောင်၊ လှည်းကူး၊ ကျွန်းကလေး၊ ဇီးဖြူကုန်း၊ တွံတေး၊ ကော့မှူး၊ ညောင်တုန်းတို့မှ ပန်းများ ကုန်ချိန်ပိဿာပေါင်း (၃၈၈၀၀)  ကား (၂၇) စီး ဝင်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

   ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်  သီရိမင်္ဂလာဈေးတွင် တိုင်း/ပြည်နယ်များမှ သစ်သီးများ အများဆုံးဝင်ရောက်ကြောင်း သိရှိရပြီး ဇူလိုင်လ (၂၂) ရက်နေ့ မှ ဇူလိုင်လ (၂၈) ရက်နေ့အထိ ဖြစ်ပေါ်ခဲ့သော သစ်သီးအဝင်များမှာ ပြင်ဦးလွင်မှ ပင်မှည့်သီး တစ်ပိဿာ ကျပ် ၈၀၀၀၊ ပုပ္ပါးမှ ဩဇာသီး ဂျပ်ဖာ ကျပ် ၁၉၀၀၀၊ မန္တလေးမှ သင်္ဘောသီး တစ်လုံး ကျပ် ၂၅၀၀/၅၀၀၀၊ သီပေါ မှ နာနတ်သီးတစ်လုံး ကျပ် ၁၅၀၀/၂၀၀၀/၂၅၀၀၊ ပြင်ဦးလွင်မှ နဂါးမောက်သီး ဂျပ်ဖာ ကျပ် ၁၅၀၀၀/၂၅၀၀၀/၂၈၀၀၀၊   မော်လမြိုင်မှ ကြက်မောက်သီး ၁၀ လုံး ကျပ် ၁၅၀၀/၂၀၀၀၊ ရေး မှ ဒူးရင်းသီး တစ်လုံး ကျပ် ၁၅၀၀၀/၂၀၀၀၀/၃၅၀၀၀ ၊ မော်လမြိုင် မှ ကျွဲကောသီး ကျပ် ၂၅၀၀/၆၀၀၀/၈၀၀၀၊ ရပ်စောက် မှ မင်းဂွတ်သီး ၁၀ လုံး ကျပ် ၂၀၀၀၊  အောင်ပန်းမှ လိမ္မော်သီး တစ်လုံး  ကျပ် ၆၀၀/၈၀၀၊ ဝမ်းတွင်း မှ ဖရဲသီး(ဘာဟုဘာလီ) အလုံးကြီး ကျပ် ၃၀၀၀/၅၀၀၀/၇၀၀၀၊  ပုပ္ပါးမှ မာလာကာသီး အိတ်တစ်အိတ် ၃၅၀၀၀ ကျပ်ယိုးဒယားပန်းသီး တစ်သေတ္တာ ကျပ် ၁၅၀၀၀၀၊ ရှမ်းပြည်နယ်မှ ပန်းသီး  စက္ကူပုံးတစ်ပုံး ကျပ် ၆၀၀၀၀၊ ရှမ်းပြည်နယ် မှ သရက်သီး (ရင်ကွဲ) တစ်သေတ္တာ ကျပ်  ၂၀၀၀၀/၂၅၀၀၀/၃၀၀၀၀  ရှိကြောင်း သစ်သီးဈေးနှုန်းများသည့် ဈေးနှုန်း မြင့်တက်မှုမရှိဘဲ ယခင်တစ်ပတ်နှင့် ယခုတစ်ပတ် ဈေးနှုန်းများ အနည်းငယ်သာပြောင်းလဲကြောင်း  သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကွမ်းခြံကုန်းမြို့နယ်ဈေးကွက်အတွင်းရောင်းချသောအခြေခံစားသောက်ကုန်ဈေးနှုန်းများ ”

   ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ အခြေခံစားသောက်ကုန်ဈေးနှုန်းများကို စာရင်းကောက်ယူ၍ အပတ်စဉ် တင်ပြလျက်ရှိရာ ဇူလိုင်လ(၂၈)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် စာရင်းကောက်ယူခဲ့ ကြောင်း သိရှိရသည်။

  ထိုသို့စာရင်းကောက်ယူခြင်း ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ကျန်းမာရေးမှူး-၃ ဦးထွန်းထွန်းနှင့် မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ ပူးပေါင်း၍ စည်ပင်သာယာမြို့မဈေးအတွင်း အခြေခံစားသောက်ကုန်ရောင်းချသော ဒေါ်မာမာဦး ကုန်စုံဆိုင်၊ ဦးအောင်ပု ကုန်စုံဆိုင်တို့မှ ကြက်သွန်နီဆိုဒ်စုံ တစ်ပိဿာလျှင် (၂၀၀၀မှ ၂၅၀၀)ကျပ်ထိ၊ ကြက်သွန်ဖြူရှမ်းစ တစ်ပိဿာလျှင် (၁၀၀၀၀မှ ၁၂၀၀၀)ကျပ်ထိ၊ ငရုပ်တောင့်ရှည် တစ်ပိဿာလျှင် (၁၀၀၀၀မှ ၁၁၀၀၀)ကျပ်ထိ၊ ကုလားပဲခြမ်း တစ်ပိဿာလျှင် (၆၀၀၀မှ ၆၅၀၀)ကျပ်ထိ၊ မန်းကျည်းသီး တစ်ပိဿာလျှင် (၁၂၀၀၀မှ အိုင်အိုဒင်းဆာ တစ်ထုပ် လျှင် (၈၀၀)ကျပ်ထိ၊ အာလူးတစ်ပိဿာလျှင် (၄၀၀၀မှ ၄၅၀၀)ထိ၊ သကြားတစ်ပိဿာလျှင် (၅၅၀၀မှ ၆၀၀၀)ကျပ်ထိ အသီးသီးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရသည်။

 ယခင်တစ်ပတ်နှင့် ယခုတစ်ပတ် ဈေးနှုန်းနှိုင်းယှဉ်ရာတွင် အာလူးဈေးနှုန်း အနည်းငယ် မြင့်တက်လာသည်မှလွဲ၍ ကျန်အခြေခံစားသောက်ကုန် ဈေးနှုန်းမှာ ကွာခြားမှုမရှိကြောင်း တွေ့ရှိ ရပြီး အာလူးဈေးနှုန်း မြှင့်တက်ရခြင်းမှာ မိုးတွင်ကာလဖြစ်၍ ပစ္စည်းများမှာ မိုးစိုများသဖြင့် ပျက်စီးမှုရှိ၍ အနည်းငယ်ဈေးမြင့်ရခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ သုံးခွမြို့နယ်၏ဈေးကွက်အတွင်းရောင်းချနေသောအခြေခံစားကုန်အသား/ငါးဈေးနှုန်းများ ”

   ဇူလိုင်လကုန်ပိုင်းတွင် သုံးခွမြို့နယ်၌ အခြေခံစားကုန်များဖြစ်သော အသား/ငါးဈေးနှုန်း များမှာ ဗမာကြက် တစ်ပိဿာလျှင် (၂၈၀၀၀-၃၀၀၀၀)ကျပ်၊ အသားတိုး CP ကြက် တစ်ပိဿာ လျှင် (၁၇၀၀၀)ကျပ်၊ ဝက်သား တစ်ပိဿာလျှင် (၂၈၀၀၀-၃၀၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာ လျှင် (၂၃၀၀၀-၂၅၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၃၀၀၀၀-၃၅၀၀၀)ကျပ်ဖြင့် ဈေးနှုန်း အသီးသီးဖြစ်ပေါ်လျက်ရှိပြီး အသားဈေးနှုန်းများမှာ ယခင်အပတ်ဈေးနှုန်းအတိုင်း ပြောင်းလဲမှု မရှိသေကြောင်း သိရသည်။

အလားတူ ငါးဈေးနှုန်းများမှာ ငါးကြင်းဖြူ တစ်ပိဿာလျှင် အရွယ်အစားပေါ်မူတည်၍ (၁၈၀၀၀-၂၀၀၀၀)ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၁၄၀၀၀-၁၅၀၀၀)ကျပ်၊ ငါးတန် တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်နှင့် ပင်လယ်ငါး တစ်ပိဿာလျှင် ငါးအရွယ်စုံအလိုက် (၁၃၀၀၀မှ ၁၈၀၀၀)ကျပ်တို့ဖြင့် သုံးခွမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း အရောင်းအဝယ်ဖြစ်လျှက် ရှိကြောင်း သိရသည်။

ဈေးကွက်အတွင်း ရောင်းချနေသော အသား/ငါး ဈေးနှုန်းများ အနေဖြင့် ပစ္စည်းရရှိမှု အနည်း/အများပေါ်မူတည်၍ ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း အသားကုန်ကြမ်းများမှာ ဒေသ အတွင်းမှ ရရှိပြီး ငါးများကိုမူ ရန်ကုန်ရွှေပိတောက်ငါးဈေးမှ နေ့စဉ်ဝယ်ယူ၍ ရောင်းချခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

  အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဇူလိုင်လ(၂၃)ရက်နေ့မှ ဇူလိုင် လ (၂၈)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါသည်။ ထိုသို့ဝင်ရောက် ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်(ပိဿာ)ကျပ် 20၀၀ မှ 30၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် 8၀၀ မှ 15၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် 20၀၀ မှ 25၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် 40၀၀ မှ 45၀၀ အတွင်း၊ မုန့်လာဉနီ(ပိဿာ) ကျပ် 100၀၀ မှ 200၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် 15၀၀ မှ 20၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် 35၀၀ မှ 40၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် 300၀ မှ 40၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် 11၀၀ မှ 160၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ)ကျပ် 50၀၀ မှ 70၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် 100၀၀ မှ 110၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် 30၀၀ မှ 50၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် 30၀ မှ 50၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် 10၀ မှ 20၀ အတွင်း၊ ခရမ်းသီး  (ရှည်) (ပိဿာ)ကျပ် 25၀၀ မှ 30၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် 5၀ မှ 20၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် 40၀၀ မှ 45၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် 15၀၀ မှ 60၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါသည်။ တညင်းကုန်းလက်ကားဈေးကြီး အတွင်းသို့ ယခုရက် သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း (1423450)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (34105) ကျော်၊ ဗူးသီးအလုံးပေါင်း (18275)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(100725)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (99145)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (40800)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (13390) ကျော်၊ ဖရဲသီးလုံးပေါင်း(36120)ကျော် အသီးသီးကုန်အဝင်ရှိကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

အင်းစိန်ဈေးရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်အတွင်းရှိ အင်းစိန်ဈေးအတွင်း အခြေခံ စားသောက်ကုန်ဈေးနှုန်းများဖြစ်သော ဆန်ကြမ်း/ဆန်ချော အမျိုးအစားများအလိုက် ဇူလိုင်လ နောက်ဆုံးပတ်တွင် ဧည့်မထတစ်ပြည်လျှင် ကျပ် ၃၃၀၀ မှ ၃၄၀၀၊ ငစိန်တစ်ပြည်လျှင် ကျပ် ၃၀၀၀ မှ ၃၂၀၀၊ ဇီယာတစ်ပြည်လျှင် ကျပ် ၃၆၀၀ မှ ၃၇၀၀၊ ပေါ်ကျွဲတစ်ပြည်လျှင် ကျပ် ၄၇၀၀ မှ ၄၈၀၀၊ ပေါ်ဆန်းတစ်ပြည်လျှင် ကျပ် ၅၅၀၀ မှ ၅၇၀၀၊ ရွှေဘိုပေါ်ဆန်းမွှေးတစ်ပြည်လျှင် ကျပ် ၆၅၀၀ မှ ၆၇၀၀ တို့ဖြစ်ပြီး စားဖိုဆောင်စားသောက်ကုန်များတွင် စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၆၅၃၀၊ ပဲဆီတစ်ပိဿာလျှင် ကျပ် ၂၀,၀၀၀၊ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ် ၂၅၀၀၊ ကြက်သွန်ဖြူ (ကြူကုတ်)တစ်ပိဿာလျှင် ကျပ် ၁၄,၀၀၀၊  အာလူးတစ်ပိဿာလျှင် ကျပ် ၆,၀၀၀၊ မန်ကျည်းသီး မှည့်တစ်ပိဿာလျှင် ကျပ် ၁၃,၀၀၀၊ ချင်းတစ်ပိဿာလျှင် ကျပ် ၈,၀၀၀၊ ငရုပ်သီးခြောက်(အရှည်) တစ်ပိဿာလျှင် ကျပ် ၁၂,၀၀၀၊ အသား/ငါးဈေးနှုန်းများမှာလည်း မွေးမြူရေးကြက်တစ်ပိဿာ ကျပ် ၂၀,၀၀၀၊ မြန်မာကြက်တစ်ပိဿာကျပ် ၃၈,၀၀၀၊ ဝက်သားတစ်ပိဿာကျပ် ၃၅,၀၀၀၊ ဆိတ်သား တစ်ပိဿာလျှင် ကျပ် ၅၀,၀၀၀၊ ဘဲသားတစ်ပိဿာလျှင် ကျပ် ၃၀,၀၀၀၊ အမဲသား တစ်ပိဿာလျှင် ကျပ် ၃၂,၀၀၀၊ ငါးကြင်းတစ်ပိဿာကျပ် ၂၅,၀၀၀၊ ငါးမြစ်ချင်းတစ်ပိဿာလျှင်ကျပ် ၁၈,၀၀၀၊ ပုစွန်ထုပ်(ကြီး)တစ်ပိဿာကျပ် ၅၀,၀၀၀၊ ပုစွန်ကြော့တစ်ပိဿာကျပ် ၃၀,၀၀၀၊ ကြက်ဥတစ်လုံးလျှင် ကျပ် ၃၇၀၊ ဘဲဥတစ်လုံးလျှင် ကျပ် ၅၅၀ တို့ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဟင်းသီးဟင်း ရွက်များကို တညင်းကုန်းလက်ကားကြီးနှင့်သီရိမင်္ဂလာဈေးတို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

စားအုန်းဆီမှ ရည်ညွှန်းဈေးကျပ် ၆၁၃၀ အပေါ် အခြေခံရောင်းချရ၍ ဈေးနှုန်းအနည်းငယ် တက်ကာ အခြေခံစားကုန်နှင့်အသားငါးတို့မှာ ဆိတ်သား၊ အမဲသားနှင့်ငါးကြင်းဈေးနှုန်းအနည်း ငယ်တက်လျက်ရှိရာ ဇူလိုင်လ (၂၈)ရက်အတွက် ဈေးကွက်စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

   ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၃၀.၇.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၂၃၂၀ အိတ်နှင့် ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၁၈၅၂ နှင့် ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၂၀၃၇ နှင့် ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၀၆၂ နှင့် ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၅၉၄ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ပဲခူး(အနောက်) မှ ရှယ်စ ၂၂၅၄ အိတ်၊ ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၀၁၄၊ ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၁၅၂၀၊  ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၉၄၅၊ ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၃၂၀ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ဧရာဝတီတိုင်းမှ ရှယ်စ ၂၄၈၀၊ ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၁၉၃၅၊ ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၁၆၈၄၊ ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၂၃၀၊ ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊  ဆန်ကွဲအိတ်ရေ ၄၂၅၈နှင့် ဈေးနှုန်းမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ် တို့ဝင်ရောက်ကြောင်း သိရှိရပါသည်။

    ၃၀.၇.၂၀၂၅ ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆန်အိတ်ရေပေါင်း(၃၄၅၀၅) အိတ်ဝင် ရောက်ခဲ့ပြီး ယခင်နေ့ထက် ဆန်ဝင်ရောက်မှုနည်းကာ  ဆန်ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အညာဒေသထွက် မန်ကျည်းချဉ်အကြောင်း

     မန်ကျည်းချဥ်သည် မြန်မာနိုင်ငံအထက်ပိုင်း အညာဒေသတွင် သဘာဝအတိုင်း ပေါက်ရောက်သည့် မန်ကျည်းသီးမှထုတ်လုပ်သော စားသောက်ကုန်တစ်မျိုးဖြစ်ပါသည်။ အညာဒေသများဖြစ်သော စစ်ကိုင်း၊ မကွေးဘက်တို့တွင် သဘာဝ အတိုင်းရသော မန်ကျည်းသီးများကို ရေစင်စင်ဆေးကြော၍ အစေ့ထုတ်ကာ အခြောက်လှန်းပြီး ဆားနှင့်ရောစပ်ကာ ပြုလုပ်ထားပါသည်။ အချို့ကတော့ အရသာ ပိုမိုကောင်းမွန်အောင် ငါးပိရည်၊ ငရုတ်သီး၊ သကြားအနည်းငယ်ထည့်ပြီး ပြုလုပ်ကြပါသည်။

   မန်ကျည်းချဉ်၏အရသာသည် အချဉ်ပြင်းပြီး မွှေးကြိုင်သောအရသာရှိကာ ဗီတာမင်စီ၊ ကယ်ဆီယမ်၊ သံဓာတ်နှင့် အမျှင်ဓာတ်များစွာကြွယ်ဝပါသည်။မန်ကျည်းချဉ်ကို သုတ်စား၍သော်လည်းကောင်း၊ အခြားဟင်းလျာများနှင့်တွဲဖက်၍သော်လည်းကောင်း စားသုံးနိုင်ပါသည်။ မန်ကျည်းချဉ်သည် အညာဒေသ၏ ရိုးရာအစားအစာတစ်ခုဖြစ်ပြီး အညာဒေသအပြင် အမြို့မြို့အနယ်နယ်သို့ တင်ပို့ရောင်းချသည်သာမက အွန်လိုင်းဈေးကွက်တွင်လည်း ရောင်းချလျက်ရှိပါသည်။ မန်ကျည်းချဉ် တစ်ဘူးကို ၃၅၀၀ ကျပ်မှ ၄၅၀၀ ကျပ်အထိ ရောင်းချလျက်ရှိကြောင်းလည်းသိရပါသည်။

DOCA(ပဲခူး)

မြန်မာ့ရိုးရာမုန့် သာကူကျိုအကြောင်း

      သာကူသည် မြန်မာလူမျိုးအများစု ကြိုက်နှစ်သက်သည့် ရိုးရာမုန့်တစ်မျိုးဖြစ်ပြီး သာကူတွင် အဖြူ နှင့် အနီ ဟူ၍ နှစ်မျိုးရှိပါသည်။ သာကူအဖြူပြုလုပ်ရာတွင် သာကူစေ့ ၅၀ ကျပ်သားလျှင် သကြားတစ်ပိဿာ ရောစပ်၍ ပြုလုပ်ရပြီး သာကူအနီပြုလုပ်ရာတွင် သာကူစေ့ ၅၀ ကျပ်သားလျှင် ထန်းလျက် တစ်ပိဿာ ရောစပ်၍ ပြုလုပ်ရပါသည်။

     သာကူစေ့ကို သကြား(သို့မဟုတ်)ထန်းလျက်ဖြင့် ကျိုပြီးပါက အုန်းသီးနှင့်နို့စိမ်းများ ရောစပ်၍ စားကြပါသည်။ အချို့က ကန်စွန်းဥ၊ အာလူးစသည်တို့ကို သာကူကျိုထဲ ထည့်၍လည်း စားကြပါသည်။ တောင်ငူမြို့တွင် သာကူကျိုကို ဈေးတွင် အထိုင်ရောင်းသူများရှိသကဲ့သို့ လူစည်ကားရာ နေရာများ၊ ရပ်ကွက်များသို့ လှည့်လည်ရောင်းချသူများလည်း ရှိပါသည်။

      သာကူကျို ဇွန်းကြီး နှစ်ဇွန်းပါ တစ်ပွဲလျှင် ၁၅၀၀ ကျပ်ဖြင့် ရောင်းချကြောင်း၊ နွေရာသီ ကာလတွင် ရွှေရင်အေးနှင့် မုန့်လက်ဆောင်းများ ရောင်းချပြီး မိုးရာသီတွင် သာကူကျို ရောင်းချရာ လူကြိုက်များ၍ ရောင်းရကြောင်း သာကူကျိုရောင်းချသူတစ်ဦးထံမှ သိရပါသည်။

DOCA(ပဲခူး)

မိုးရာသီစာအဖြစ်ရောင်းချလျက်ရှိသော နွားနို့ထမင်း

    ယခုဇူလိုင်လ မိုးများဖြိုင်ဖြိုင်ရွာသွန်းချိန်တွင် ပူပူနွေးနွေးနဲ့စားလို့ကောင်းလှသော နွားနို့ ထမင်းကို ဈေးများတွင်လည်းကောင်း၊ ရပ်ကွက်များထဲသို့လည်းကောင်း လှည့်လည်ရောင်းချလျက် ရှိပါသည်။ နွားနို့ထမင်းသည် အာဟာရပြည့်ဝပြီး အရသာရှိလှသော အစားအစာတစ်မျိုးဖြစ်ပါသည်။ မြန်မာလူမျိုးများအတွက် နွားနို့ ထမင်းသည် အချိုပွဲအနေဖြင့်စားသုံးကြသော အစားအသောက်ဖြစ်၍ အိန္ဒိယလူမျိုးများအတွက်လည်း အထူး ကြိုက်နှစ်သက်ပြီး အမြဲလိုလိုစားသုံးလေ့ရှိသော ရိုးရာအစား အသောက်တစ်ခုဖြစ်ပါသည်။

     နို့ထမင်းကို နွားနို့၊ နို့မှုန့်၊ အုန်းနို့ ကြိုက်နှစ်သက်ရာအသုံးပြုပြီး ချက်ပြုတ်နိုင်ပါသည်။ ဆန်၊ နွားနို့၊ ဆားနှင့်ရေတို့သာလိုအပ်ပြီး လွယ်ကူစွာချက်ပြုတ်နိုင်သောကြောင့် အချိန်ကုန်သက်သာစေနိုင် ပါသည်။ နွားနို့ တွင် ပရိုတင်းဓာတ်၊ ကယ်ဆီယမ်ဓာတ်၊ ဗီတာမင်ဓာတ်များ ကြွယ်ဝစွာပါဝင်သော ကြောင့် နွားနို့နှင့်ထမင်း ရောစပ်ပြီး ချက်ပြုတ်လိုက်သောအခါတွင် ခန္ဓာကိုယ်အတွက် ခွန်အားတိုးစေပြီး နွေးထွေးစေပါသည်။ နွားနို့ထမင်းသည် အိမ်တွင်လည်း လွယ်ကူစွာချက် ပြုတ်စား သောက်နိုင်သည့်အပြင် စီးပွားရေးအရရောင်းချရန် လွယ်ကူသောအစားအစာလည်းဖြစ်ပါသည်။ တောင်ငူမြို့နယ်တွင်းရှိ ဈေးများတွင် နို့ထမင်းတစ်ပွဲလျှင် ၁၅၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း