ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သဖန်းဆိပ်ဆည်အတွင်းမှ ရေချို ငါးရံ့ နှင့် ငါးရံ့ခြောက် ဈေးနှုန်း

    ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း ငါးဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ ငါးရံ့နှင့် ငါးရံ့ခြောက်ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်တွင် ကျွန်းလှမြို့နယ်အတွင်း ဖြစ်ပေါ်နေသော ငါးရံ့ ဈေးနှုန်း များအနေဖြင့် ငါးရံ့ အကြီး တစ်ပိဿာလျှင်(၃၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၆၅၀၀)ကျပ် ငါးရံ့(အသေး)တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၃၀၀၀)ကျပ် ဈေးနှုန်းဖြင့် လည်းကောင်း၊ ငါးရံ့ခြောက် ဈေးနှုန်းများအနေဖြင့် ငါးရံ့ခြောက် အကြီး လက်လီဈေး တစ်ပိဿာလျှင် (၈၅၀၀၀)ကျပ်၊ ငါးရံ့ခြောက်(၅၀)ကျပ်သားလျှင်(၄၃၀၀၀)ကျပ်၊ ငါးရံ့ခြောက်(အ‌သေး)လက်လီဈေး တစ်ပိဿာလျှင်(၆၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးရံ့သည် အခြားငါးများထက် အသားကျစ်လစ်ပြီး အရိုးနည်းသည့်အတွက် လူကြိုက်များပြီး ရောင်းအားကောင်း လျက်ရှိကြောင်း ငါးသည်ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ရောင်းအားကောင်းသော ငါးပတ် နှင့် ငါးပေါက်စ ဈေးနှုန်း

     ငါးပတ်နှင့်ငါးပေါက်စကို ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါးများကို  လက်လီ/လက္ကား ငါးအရောင်းအဝယ်ပြုလုပ်သည့် ဒိုင်များမှ ဝယ်ယူရောင်းချကာ  ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ််တွင် ကျွန်းလှမြို့၏ ငါးပတ် ဈေးနှုန်းများအနေဖြင့် ငါးပတ် ရှယ်ဆိုက်ဝင်(အကြီး) တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ် နှင့် ငါးပတ် အကောင်သေး တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ် ဈေးနှုန်းဖြစ်ပြီး ငါးပေါက်စဈေးနှုန်းများအနေဖြင့် ငါးပေါက်စ(ခေါင်းဖြတ် ချေးဖောက်ပြီး) လက်လီ တစ်ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၈၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင် (၄၀၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးဘတ်သားသည် အခြားငါးအသားများနှင့်မတူ အသားနုညံ့ပြီး အရိုးနည်းကာ အရသာရှိသည့်အတွက် ဈေးကြီးသောလည်း ရောင်းအားကောင်းလျက်ရှိကြောင်း ငါးအရောင်းအဝယ်လုပ်ကိုင်သူထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

 

ဂေါ်ရခါးသီး နှင့် ကျောက်ဖရုံသီး ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဈေးသည်များ၊ ဈေးဝယ်သူများနှင့် စည်ကားသိုက်မြိုက်လျက်ရှိပြီး မိသားစုစားဝတ်နေရေးအတွက် ကုန်စိမ်းသီးနှံ မျိုးစုံကို ရောင်းချသည့်အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုရာမှ ဂေါ်ရခါးသီးကိုလည်း မန္တလေးမြို့မှ မှာယူရောင်းချပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ဂေါ်ရခါးသီး ဈေးနှုန်းများမှာ ဂေါ်ရခါးသီး  အလုံးကြီး တစ်လုံးလျှင်(၇၀၀)ကျပ်နှင့် ဂေါ်ရခါးသီး အလုံးသေး တစ်လုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း ကျောက်ဖရုံသီး ဈေးနှုန်းအနေဖြင့် ကျောက်ဖရုံးသီး အကြီးတစ်လုံးလျှင်(၈၅၀၀၀)ကျပ်၊ ကျောက်ဖရုံသီး သေးတစ်လုံးလျှင်(၄၀၀၀)ကျပ်နှင့် ကျောက်ဖရုံသီး တစ်စိတ်လျှင်(၁၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင်အပတ်ထက် ကျောက်ဖရုံသီး ဈေးအနည်းငယ်ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတွင် ကုန်စိမ်းသီးနှံမျိုးစုံ  ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရသည်။  

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၏ ခါကြက်ဥ နှင့် မုန်ညင်းထုပ် ဈေးနှုန်း

    ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ခါကြက်ဥ(ဗမာ)မျိုးကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး သစ်ရာမြိုင်ဈေးကွက်အတွင်းသို့ လာရောက် ပို့ဆောင်ရောင်းချကြပါသည်။

     ခါကြက်ဥများကို ခါကြက်ဥ(တရုတ်)နှင့်ခါကြက်ဥ(ဗမာ)ဟူ၍ ခါ(၂)မျိုးရောင်းချလျက်ရှိရာ ယခု အချိန်တွင် ဒေသတွင်း ထွက်ရှိသည့် ခါကြက်ဥ(ဗမာ)ဥများ ရှားပါးလာသည့် အချိန်ဖြစ်၍ တရုတ် ခါကြက်ဥကိုတော့ မန္တလေးမြို့နှင့် ရှမ်းပြည်နယ်တို့မှ ဝယ်ယူရောင်းချလျက်ရှိပါသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးအပတ် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ဖြစ်ပေါ်နေသော  ခါကြက်ဥ ဈေးနှုန်းမှာ ခါကြက်ဥ(တရုတ်) တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၅၀၀၀) ကျပ် နှင့် ခါကြက်ဥ(ဗမာ)ဥ တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၃၀၀၀)ကျပ်ဈေးနှုန်းဖြင့် လည်းကောင်း မုန်ညင်းထုတ် ဈေးနှုန်းအနေဖြင့် မုန်ညင်းထုတ် တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ၅၀ကျပ် သားလျှင်(၅၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး စားသောက်ဆိုင် ထမင်းဆိုင်များနှင့် စားဖွယ်စုံ ရောင်းချသည့်ဆိုင်များမှ အသုံးများသည့်အတွက် ဈေးကြီးသော်လည်း ရောင်းအားကောင်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

ရနံ့မွှေးသော ခရေပန်း နှင့် ဇွန်ပန်း ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ ခရေပန်း၊ စကားဝါပန်း၊ မေမြို့ပန်း (အက်စတာ)၊ ကျောက်စိမ်းပန်း မြေမြို့ပန်း (ကြက်လည်ဆံ) သပြေပန်း(အောင်သပြေ)အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေ တို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်း သိရှိရပါသည်။

     ဇွန်ပန်းနှင့် ခရေပန်းတို့သည် ဘုရားပန်းကပ်လှူပူးဇော်ရာတွင် အသုံးပြုကြသလို ဈေးဆိုင်များ၊ ကားများ၊ သုံးဘီးဆိုင်ကယ်များနှင့် ဆိုက်ကားများတွင် မင်္ဂလာကျက်သရေရှိစွာ ချိတ်ဆွဲကြသည့်အတွက် ရောင်းအားကောင်းသော ပန်းများဖြစ်ပါသည်။

          ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်တွင် သစ်ရာမြိုင်‌ဈေး၌ ဖြစ်ပေါ်နေသော ခရေပန်း ဈေးနှုန်းအနေဖြင့် ခရေပန်း တစ်ကုံးလျှင်(၃၅၀)ကျပ်၊ ခရေပန်း(၃)ကုံးလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချကာ ဇွန်ပန်း ဈေးနှုန်းအနေဖြင့် ဇွန်ပန်း တစ်ကုံးလျှင်(၃၀၀)ကျပ်၊ (၂)ကုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဇွန်ပန်း နှင့် ခရေပန်းသည် ရာသီချိန် ကုန်ခါနီး၍ အနည်းငယ်ရှားပါးလာပြီး ရောင်းအားကောင်းလျက်ရှိကြောင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဘုရားပန်းမျိုးစုံ ရောင်းချနေသော ပန်းသည်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကွမ်းပင်စိုက်ပျိုး ဝင်ငွေတိုး

    စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ်၊ လယ်လှကျေးရွာတွင် ကွမ်းပင်များကို တစ်နိင်တစ်ပိုင် အနေဖြင့် စိုက်ပျိုးလျက်ရှိပါသည်။ ကွမ်းပင်စိုက်ပျိုးရာတွင် မိမိတို့ပိုင်ဆိုင်သည့် ယာမြေ ကွက်များ (သို့မဟုတ်) အိမ်ခြံဝင်းအတွင်းရှိမြေကွက်လပ်များတွင် စိုက်ပျိုးကြပြီး ကွမ်းပင်စိုက်ပျိုးသည့် အမျိုးအစားများမှာ ဧရာဝတီကွမ်း နှင့် ကွမ်းနုဝါမျိုးတို့ကို အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ကွမ်းပင် သည် စတင်စိုက်ပျိုးချိန်မှ(၃)လအကြာတွင် ကွမ်းရွက်များကိုအစမ်း စတင်ခူးဆွတ်ရပါသည်။ ယခုလို မိုးရာသီတွင် ဧရာဝတီကွမ်းပင်သည်(၁၀)ရက်လျှင်(၁)ကြိမ်ခူးဆွတ်ရပြီး ကွမ်းနုဝါ ကိုတော့ (၇)ရက်လျှင် (၁)ကြိမ် ခူးဆွတ်ရပါသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ် ကျွန်းလှမြို့၌ ဖြစ်ပေါ်လျက်ရှိသော ကွမ်းရွက် ဈေးနှုန်း အနေဖြင့် ကွမ်းဒိုင်သွင်းဈေး ကွမ်းနုဝါ တစ်ပိဿာလျှင်(၁၅၀၀)ကျပ် နှင့် ဧရာဝတီကွမ်းရွက် တစ်ပိဿာ လျှင် (၁၀၀၀)ကျပ်ဈေးနှုန်းဖြင့် သွင်းရပြီး ကွမ်းဒိုင်မှ ရောင်းချသည့် ဈေးနှုန်းများမှာ ကွမ်းနုဝါ ကွမ်းရွက် တစ်ပိဿာလျှင်(၅၀၀၀)ကျပ်နှင့် ဧရာဝတီကွမ်း တစ်ပိဿာလျှင်(၄၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချ လျက်ရှိပြီး ဆောင်းရာသီမှသာ ကွမ်းရွက်ဈေးကောင်းရရှိကြောင်း ကွမ်းပင်စိုက်ပျိုးသည့် တောင်သူထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့၏ ကြက်ဥ၊ ငုံးဥ နှင့် ဘဲဥ ဈေးနှုန်း

    ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် အသား/ငါး၊ ဥမျိုးစုံနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို ရောင်းချလျက်ရှိရာ ကြက်ဥ၊ ဘဲဥနှင့် ငုံးဥများကို မိမိတို့ဒေသထွက် ကြက်ခြံ၊ ဘဲခြံများနှင့် မန္တလေးမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိပါသည်။

    ၂၀၂၅ ခုနှစ်၊ ဇွန်လ နောက်ဆုံးပတ် ကျွန်းလှမြို့ ဈေးကွက်အတွင်း၌ ရောင်းချနေသည့် ကြက်ဥ၊ ဘဲဥ နှင့် ငုံးဥ ဈေးနှုန်းများမှာ ကြက်ဥ အကြီး(၁)လုံးလျှင်(၅၀၀)ကျပ်၊ ကြက်ဥ အသေး (၁)လုံးလျှင် (၄၀၀)ကျပ် နှင့် ဘဲဥ(၁)လုံးလျှင်(၆၅၀)ကျပ် နှင့် ငုံးဥ(၁)လုံးလျှင်(၁၀၀)ကျပ် ငုံးဥ (၁၀)လုံးလျှင် (၁၀၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကြက်ဥကို စားသောက်ဆိုင်များ၊ မုန့်ပြားသ လက်ဆိုင်များနှင့် စားဖွယ်စုံဆိုင်များနှင့် အိမ်ရှင်မများလက်စွဲဖြစ်ပြီး ကလေး လူကြီးမရွေး ကြိုက်နှစ်သက်ကြီး ခွန်အားဖြစ်စေသည့်တွက် အများဆုံးအသုံးပြုကြသည်ကို သိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ကြက်သွန်နီ/ဖြူ ဈေးနှုန်း

    ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ကြက်သွန်နီ နှင့်ကြက်သွန်ဖြူများကို မိမိတို့ဒေသထွက် အနည်းငယ်နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့နှင့်မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့တို့မှ အများဆုံး မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်တွင် ကြက်သွန်ဖြူဈေးနှုန်းအနေဖြင့် ဗမာကြက်သွန်ဖြူ အကြီးစ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ဗမာကြက်သွန်ဖြူ အလတ်စ တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ဗမာ ကြက်သွန်ဖြူ အသေးစ တစ်ပိဿာလျှင်(၆၀၀၀)ကျပ် နှင့် ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်ဈေးနှုန်းဖြင့်လည်းကောင်း ကြက်သွန်နီ ဈေးနှုန်းအနေဖြင့်  ကြက်သွန်နီ မြစ်သား အမျိုး အစား တစ်ပိဿာလျှင်(၁၆၀၀)ကျပ်နှင့် ကြက်သွန်နီ ရိုးရိုး အမျိုးအစား တစ်ပိဿာလျှင်(၁၃၀၀)ကျပ် ဈေးနှုန်း အသီးသီးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  ယခင်အပတ်ထက် ကြက်သွန်နီဈေး အနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၌ ရောင်းချနေသော ကန်ဇွန်းရွက် နှင့် ဂွေးတောက်ရွက် ဈေးနှုန်း

     ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည်သီး၊ ချဉ်ပေါင်ရွက်၊ ဆူးပုတ်ရွက်၊ ရုံးပတီသီး၊ ခရမ်းသီးနှင့်  ကန်ဇွန်းရွက်များကို စိုက်ပျိုးလျက်ရှိသည့်အနက် ကန်ဇွန်းရွက်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။  

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဖြစ်ပေါ်နေသော ကန်ဇွန်းရွက် ဈေးနှုန်းများမှာ ကန်ဇွန်းရွက် လက္ကားဈေး တစ်စီးလျှင်(၁၀၀)ကျပ်၊ ကန်ဇွန်းရွက် လက်လီ ဈေး တစ်စီးလျှင်(၁၅၀)ကျပ်ဖြင့်လည်းကောင်း၊ ဂွေးတောက်ရွက်ဈေးနှုန်းမှာ လက္ကား(၁)ပိဿာလျှင် (၂၀၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၂၅၀၀)ကျပ်ဈေးနှုန်းဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန်ဇွန်းရွက်ကို စားသောက်ဆိုင်များ၊ ထမင်းဆိုင်များနှင့် စားဖွယ်စုံဆိုင်များနှင့် အိမ်ရှင်မများက အရန်ဟင်းအဖြစ် ကြော်စားခြင်း၊ ချဉ်ရည်ကျိုခြင်း၊ ပေါင်းစားခြင်းနှင့် ပြုတ်ပြီး ငပိရည်ကျိုးဖြင့်တို့စားခြင်း စသည်တို့အသုံးပြုကြသည့်အတွက် ကန်ဇွန်းရွက်သည် ရောင်းအားကောင်းလျက်ရှိကြောင်း  သိရသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့နယ်အတွင်း ‌ရောင်းချလျက်ရှိသော အမဲသား ဈေးနှုန်း

 

    ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် အသား/ငါးနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံး ကုန်ပစ္စည်းများကို ဒေသတွင်းနှင့် အခြားဒေသများမှ ဝယ်ယူရောင်းချလျက်ရှိရာ ယခုအခါ တွင် လမ်းပန်း ဆက်သွယ်ရေး အခက်ခဲများကြောင့်  ကုန်ဈေးနှုန်းများ အနည်းငယ် မြင့်တက် လျက်ရှိရာမှ အသား/ငါး ဈေးနှုန်းများထဲမှ အမဲသားဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

     အမဲသားများကို ကျွန်းလှမြို့ ဒေသတွင်းဟင်းစလေများမှ လက်လီ/လက္ကား ရောင်းချလျက်ရှိရာ ၂၀၂၅ ခုနှစ်၊  ယခု ဇူလိုင်လ နောက်ဆုံးပတ်၏ အမဲသား ဈေးနှုန်းများ အနေဖြင့် အမဲသားရှယ် (တစ်တုံး ထဲသား) လက္ကားတစ်ပိဿာလျှင်(၂၆၀၀၀)ကျပ်၊အမဲသားရှယ်(တစ်တုံးထဲသား)လက်လီ တစ်ပိဿာလျှင် (၂၈၀၀၀)ကျပ်၊ အမဲသားရိုးရိုး(အသားပြွန်း) လက္ကား တစ်ပိဿာလျှင်(၂၂၀၀၀)ကျပ်၊ အမဲသားရိုးရိုး (အသားပြွန်း) လက်လီ တစ်ပိဿာလျှင်(၂၄၀၀၀)ကျပ်၊ အမဲပုဆိုးကြမ်း တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ အမဲသား အတို အစ တစ်ပိဿာ(၆၀၀၀)ကျပ်၊ အမဲသွေးခဲ တစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊ အမဲအူ တစ်ပိဿာလျှင် (၅၀၀၀)ကျပ် နှင့် အမဲရိုး တစ်ပိဿာ(၅၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း အမဲသားသည် ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)    

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း