ရွှေဘိုမြို့တွင် အသင့်စားသုံးနိုင်သည့် ဖက်ထမင်းရောင်းအားကောင်းလျက်ရှိ

Powered by Drupal

           ရွှေဘိုမြို့တွင် လူသုံးကုန်ပစ္စည်းများ၊ အသား/ငါးများကို ရောင်းချလျက်ရှိရာ အသင့် စားသုံးနိုင်သည့် ဖက်ထမင်းကိုလည်း ရောင်းချလျက်ရှိပါသည်။ အချိန်ကုန်သက်သာပြီး မီးကုန်သက်သာသည့်အတွက် အသင့်စားသုံးနိုင်သည့် ဖက်ထမင်းကို ဝယ်ယူစားသောက် လျက်ရှိကြောင်း၊ လျှပ်စစ်မီးပျက်သည့်အချိန်မျိုးတွင် ဖက်ထမင်းမှာ ရောင်းအားကောင်း ကြောင်း၊ ဖက်ထမင်းဆိုသည်မှာ ရွှေဘိုပေါ်ဆန်းဆန်ဖြင့်ချက်သည့် ထမင်းကို ကြိုက်သည့် အသားမျိုးစုံထည့်ပြီး  ဟင်းအနှစ်ထည့်ကာ ရောင်းချကြောင်း၊ ဖက်ထမင်းထဲတွင် အသား ဟင်း(၁)မျိုး၊ ကုလားပဲနှပ် (သို့မဟုတ်)ပဲလှော်ကြော်၊ ရာသီပေါ်အချဉ်တစ်မျိုးမျိုးနှင့် ငရုတ်သီးစိမ်း၊ ငပိကြော်တို့ပါဝင်ကြောင်း၊ ကြက်သားဖြင့် ရောင်းချသည့် ဖက်ထမင်း (၁)ပွဲလျှင် (၅၀၀ဝိ/-)ကျပ်၊ ဝက်သားဖြင့် ရောင်းချသည့်ဖက်ထမင်း (၁)ပွဲလျှင် (၆၀၀ဝိ/-) ကျပ်၊ ဆိတ်သားဖြင့် ရောင်းချသည့် ဖက်ထမင်း(၁)ပွဲလျှင် (၇၀၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ကြက်ရိုးဖြင့် ရောင်းချသည့် ဖက်ထမင်းမှာ (၁)ပွဲလျှင် (၃၀၀ဝိ/-) ကျပ်ဖြင့် ရောင်းချကြောင်း၊ ငပိရည်နှင့် တို့စရာ (၁)ပွဲလျှင် (၁၀၀ဝိ/-)ကျပ်ဖြင့်ရောင်းချပြီး ချဉ်ရည်ကျို(၁)ပွဲလျှင် (၅၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ဖက်ထမင်းရောင်းချသည့် ထမင်းဆိုင်မှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)