
နွားနို့ကို မြိတ်မြို့တွင် ဒေသတွင်းသောက်သုံးရန် အဓိကထုတ်လုပ်ပြီး စီးပွားဖြစ်တင်ပို့နိုင်ရန် ကြိုစားလျက်ရှိကြပါသည်။ မြို့တွင်း နွားမွေးမြူမှုနည်းပါးပြီး ကျေးရွာများတွင်သာ အဓိကထား မွေးမြူလျက်ရှိကြပါသည်။ ၎င်းမှ ထွက်ရှိလာသော နွားနို့များကို စျေးနှင့် လက်ဖက်ရည်ဆိုင်များတွင် ရောင်းချလျက်ရှိကြပါသည်။ ကျန်းမာရေးအရ သောက်သုံးရန် သော်လည်းကောင်း အားဖြည့်ရန်သော်လည်းကောင်း သောက်သုံးကြပါသည်။
မြိတ်မြို့တွင် နွားနို့တစ်လီတာဘူးတစ်ဘူးလျှင် (၅၅၀၀)ကျပ်နှင့် အသင့်သောက် တစ်လီတာဘူးတစ်ဘူးလျှင် ၇၀၀၀ကျပ်ဖြစ်နေကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)